အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ တစ်ဆယ့်ငါး
ပါရာ ဆယ့်ငါးထဲမှ စူရာဟ် အလ်-အစ္စရာ (ခ) ဗနီအစ္စရာအီလ် (အစ္စရာအီလ်မျိုးနွယ်များကဏ္ဍ) နှင့် စူရာဟ် အလ်ကဟ်ဖ် (လိုဏ်ဂူကဏ္ဍ) နှစ်ပုဒ်သည် ထိုစူရာဟ်တို့တွင် ပါဝင်နေသည့် အာယဟ်များမှ အချို့ကို ဝဟီချပေးရခြင်း အကြောင်းအရင်းများကို မျှဝေထားပါတယ်။ ကူရေ့ရှ်တို့က တမန်တော်မြတ်(ﷺ) သည် တမန်တော်အတုအယောင်တစ်ပါးသာဖြစ်တယ်လို့ သက်သေပြချင်ခဲ့ကြတဲ့အတွက် မဒီနာဟ်ရှိ Rabbis တို့အား တမန်တော်အစစ်အမှန်တစ်ပါးတည်းသာလျင် အဖြေကိုသိနိုင်မည့် မေးခွန်းမျိုးကို တောင်းဆိုခဲ့ကြပါတယ်။
“Abdullah ibn Abbas (رضي الله عنه) ထံမှ ဆင့်ပြန်ချက်ကို Imam al-Tabari မှ တင်ပြခဲ့ပါတယ်။
တမန်တော်မြတ်(ﷺ) သည် တမန်တော်တစ်ပါးအဖြစ် လွှမ်းမိုးနိုင်စွမ်းမြင့်မားလာတာကို စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ကြတဲ့ မက္ကာဟ်မှ ကူရေ့ရှ်တို့သည် သူတို့လူမျိုးထဲမှ Nadr ibn Harith နှင့် Uqbah ibn Abi Mu’ayt တို့နှစ်ဦးကို မဒီနာဟ်ရှိ ဂျူးလူမျိုးပညာရှိတို့ထံသို့ စေလွှတ်ခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့ အဓိကပန်းတိုင်ကတော့ သောင်ရာသ် (Torah) နှင့် အင်ဂျီးလ် (Injil) ကျမ်းတို့ထဲမှာ ဂျူးလူမျိုးပညာရှိတို့ သင်ယူလေ့လာထားခဲ့ဖူးတဲ့ တမန်တော်အကြောင်းနှင့် ပတ်သက်ပြီး ဘာတွေပြောထားလဲဆိုတာကို ရှာဖွေခိုင်းတာပဲ ဖြစ်ပါတယ်။ ဂျူးလူမျိုးပညာရှိတို့က ထိုသူနှစ်ဦးကို ပြောခဲ့ပါတယ် “ကိုယ်တော်နှင့် တွေ့တဲ့အခါ မေးခွန်း ၃ ခု မေးလိုက်ပါ။ အကယ်၍သာ ကိုယ်တော်က မေးခွန်း ၃ ခု လုံးကို မှန်ကန်စွာဖြေဆိုနိုင်ခဲ့မယ်ဆိုရင် တမန်တော်တစ်ပါးဖြစ်သလို အလ္လာဟ်(سبحانه وتعالى)၏ တမန်တစ်ပါးဖြစ်တယ်ဆိုတာကို အသင်တို့ သိသင့်ကြသလို အကယ်၍ ကိုယ်တော်ကသာ မဖြေဆိုနိုင်ခဲ့ဘူးလျင် ကိုယ်တော်သည် အယောင်ဆောင်သူတစ်ဦးသာဖြစ်ပြီး တမန်တော်တစ်ပါးမဟုတ်ဘူးဆိုတာကို အသင်တို့သိသင့်ပါတယ်။ ပထမဆုံးအနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူတို့မြို့ကိုစွန့်ခွာသွားခဲ့ကြတဲ့ လူငယ်တွေအကြောင်းနှင့် သူတို့ဘာတွေဖြစ်ပျက်ခဲ့ကြတယ်ဆိုတာကို မေးကြည့်ပါ၊ ဒီအကြောင်းအရာက အရမ်းကိုတမူထူးခြားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်တယ်။
ဒုတိယအနေနဲ့ ကမ္ဘာမြေကြီး၏ အရှေ့နှင့်အနောက်ကိုဖြတ်ပြီး ခရီးသွားလာမှုပြုခဲ့တဲ့ လူအကြောင်းနှင့် ထိုသူဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို မေးကြည့်ပါ။ တတိယအနေနဲ့ ရူးဟ် (Ruh = စိတ်ဝိညာဉ် <Soul, Spirit>) ဆိုတာဘာအတွက်လဲဆိုတာကို မေးကြည့်ပါ”
ကူရေ့ရှ်ကိုယ်စားလှယ်နှစ်ဦးလည်း မက္ကာဟ်သို့ပြန်လာခဲ့ကြပြီး တိကျတဲ့ အစီအစဉ်တစ်ခုနှင့်အတူ သူတို့ပြန်လာခဲ့ကြကြောင်းနှင့် ဂျူးလူမျိုးပညာရှိတို့နှင့် တွေ့ဆုံခဲ့ရသည့်အကြောင်းစုံတို့ကို သူတို့ရဲ့ မျိုးနွယ်အကြီးအကဲတို့ထံ အသိပေးအကြောင်းကြားခဲ့ကြပါတယ်။ ထို့နောက်မှာတော့ ထိုကိုယ်စားလှယ်နှစ်ဦးက မေးခွန်းတွေအား တမန်တော်မြတ်(ﷺ) ထံသို့ ယူဆောင်လာခဲ့ကြပါတယ်။ တမန်တော်မြတ်(ﷺ) က ထိုမေးခွန်းတွေကို ကြားတဲ့အခါမှာ မနက်ဖြန်ကျရင် အဖြေပြန်ပေးပါမယ်လို့ မိန့်ဆိုခဲ့တယ်။
သို့သော် ထိုအချိန်မှာ တမန်တော်မြတ်(ﷺ) က အင်ရှာအလ္လာဟ် ဟု ရွတ်ဆိုဖို့ မေ့လျော့ခဲ့ပါတယ်။ ထိုကိုယ်စားလှယ်နှစ်ဦးလည်း သူတို့နေရာသို့ပြန်သွားခဲ့ကြပြီး တမန်တော်မြတ်(ﷺ) သည် ဝဟီကျလာခြင်းမှတစ်ဆင့် ထိုမေးခွန်းတွေအားလုံးကို ဖြေဆိုနိုင်မည်ဆိုသည့် မျှော်လင့်ချက်နှင့်အတူ ဖန်ဆင်းရှင်၏ ဝဟီကို စောင့်ဆိုင်းနေခဲ့ပါတယ်။
သို့သော်လည်း နောက်တစ်နေ့မှာ ဝဟီကျမလာခဲ့ပါဘူး။ ဒီလိုနဲ့ တကယ်တမ်းမှာ အချိန်က ၁၅ ရက်တိုင် ကြာမြင့်လာခဲ့ပြီ၊ ကိစ္စတွေက ဒီအတိုင်းပဲ ဆက်ရှိနေပြီး မည်သည့်ဝဟီမျှ ကျမလာခဲ့ပါဘူး။ မက္ကာရှိကူရေ့ရှ်တို့က တမန်တော်မြတ်(ﷺ) အား မခံချိမခံသာဖြစ်အောင် စတင်ပြုလုပ်လာကြတဲ့အတွက် တမန်တော်မြတ်(ﷺ) အား သိသိသာသာကို နာကျင်ခံစားစေခဲ့ကြတယ်။
၁၅ ရက်လွန်မြောက်ပြီးနောက်မှာ ကောင်းကန်တမန် ဂျိဗ်ရီးလ် (عليه السلام) စူရာဟ် အလ်-ကဟ်ဖ်နှင့်အတူ ဆင်းသက်လာခဲ့ပါတယ်။ (ထိုနေရာ၌ ဝဟီကျခြင်းခေတ္တရပ်တန့်သွားခြင်းသည် အနာဂတ်တွင်ပြုလုပ်မည့်ကိစ္စတစ်ခုကို ကတိပြုသည့်အခါတွင် အင်ရှာအလ္လာဟ် ဟု မပြောမိသည့်အတွက်ကြောင့် ဖြစ်ရကြောင်းကိုလည်း ရှင်းပြထားခဲ့ပါတယ်)
စူရာဟ်ကဟ်ဖ်သည် လိုဏ်ဂူထဲမှာခိုအောင်းသူများ (People of the Cave) ဟု သိကြသည့် လူငယ်များ၏ ဇာတ်ကြောင်းဖြစ်စဉ်နှင့် အရှေ့အရပ်မှ အနောက်အရပ်သို့ ခရီးသွားလာခဲ့သည့် ဇွလ်ကရ်နိုင်န် (Dhul-Qaynayn) နှင့်သက်ဆိုင်နေသည့်ဖြစ်စဉ်အကြောင်း ဆင့်ပြန်ထားခြင်း ဖြစ်ပါတယ်။
ထို့အပြင် စူရာဟ်ကဟ်ဖ်ထဲတွင် Ruh အကြောင်းမေးထားသည့် မေးခွန်းအတွက် အတိုချုံးအဖြေတစ်ခုလည်း ပါဝင်နေခဲ့ပါတယ်။ ထိုမေးခွန်းကို စူရာဟ် ဗနီအစ္စရာအီလ်၏ အဆုံးသတ် (အာယာဟ် ၁၇:၈၅) တွင် သီးသန့်ဖြေဆိုထားပြီး ဒါက ဘာကြောင့်စူရာဟ်ကဟ်ဖ် သည် စူရာဟ် ဗနီအစ္စရာအီလ်၏ နောက်တွင် စဉ်ထားခဲ့ခြင်း အကြောင်းအရင်းလည်း ဖြစ်ပါတယ်။”
(Al-Tabari; al-Suyuti.)
စူရာဟ် အလ်-အစ္စရာ၏ အဖွင့်အာယဟ်များတွင် မတူညီသည့် ဝဟီဆင့်ပြန်ခြင်းအကြောင်းအရင်းများ ရှိနေပါတယ်။
ထိုအာယဟ်များကို တမန်တော်မြတ်(ﷺ)၏ အံ့ဖွယ်ညခရီးစဉ်အပြီး မကြာမီတွင် ချပေးခဲ့ခြင်းဖြစ်ပါတယ်။ ထိုညခရီးစဉ်သည် တမန်တော်ဖြစ်စဉ်အတွက် သက်သေပြချက်တစ်ခုဖြစ်ခဲ့သလို အီမာန်သက်ဝင်ယုံကြည်တို့၏ ရိုးဖြောင့်မှုအတွက် သက်သေခံချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ထိုအဖြစ်အပျက်တွင် Abu Bakr(رضي الله عنه) သည် တုံ့ဆိုင်းခြင်းလုံးဝမရှိဘဲ အမှန်တရားကို ချက်ချင်းသက်သေခံပေးခဲ့သည့်အတွက်ကြောင့် သူ၏ ရာထူးဖြစ်သည့် al-Siddiq ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
စူရာဟ်ကဟ်ဖ်နှင့် စူရာဟ် အလ်-အစ္စရာ နှစ်ပုဒ်စလုံးကို မက္ကာန်ခေတ်၏ အစောပိုင်းနှင့် အလယ်ပိုင်းအချိန်အတွင်း မက္ကာမြို့တွင် ချပေးခဲ့တာဖြစ်ပြီး ထိုစူရာဟ်နှစ်ပုဒ်လုံးထဲတွင်သာသနာအပေါ်သက်ဝင်ယုံကြည်မှုအကြောင်း အဓိကထားဖော်ပြထားပါတယ်။ စူရာဟ် အလ်-အစ္စရာ သည် အစ္စလာမ်၏ အခြေခံ ကိုယ့်ကျင့်တရားအုတ်မြစ် အချို့ အကြောင်းကို ရှင်းလင်းဖော်ပြထားပြီး စူရာဟ်ကဟ်ဖ်တွင် လူသားတို့ရင်ဆိုင်ရမည့် ဘဝ၏ စမ်းသပ်မှုမျိုးစုံကို ရှင်းလင်းဖော်ပြထားပါတယ်။ ထိုစူရာဟ်နှစ်ပုဒ်မှ သက်ဝင်ယုံကြည်မှုဆိုင်ရာပညာရပ် (Theology) တွင် အခြေခံကျသည့် သင်ခန်းစာများစွာ ဆင်းသက်လာခဲ့ပါတယ်။ စူရာဟ် ကဟ်ဖ် သည် ဒဂျာလ် (Dajjal=Antichrist) ၏ ပြုစားခြင်းမှ အကာအကွယ်တစ်ခုအနေဖြင့် အထူးစင်ကြယ်သည့်အကျင့်သီလ၊ သူတော်ကောင်းတရား တစ်ရပ်အနေဖြင့် ရှိနေပါတယ်။
”Abu Darda မှ ဆင့်ပြန်ခဲ့ပါတယ်။
တမန်တော်မြတ်(ﷺ) မှ မိန့်ကြားခဲ့ဖူးပါတယ် “အကယ်၍ မည်သူမဆို စူရာဟ် အလ်-ကဟ်ဖ်၏ ပထမဆုံး အာယဟ် ဆယ်ခုအား နှလုံးသားထဲစွဲမြဲနေအောင် သင်ယူလေ့လာထားမည်ဆိုပါက Dajjal ထံမှ ကာကွယ်ပေးခြင်း ခံရလိမ့်မည်”။”
(Sahih Muslim, no. 809)
