Skip to content

ပါရာ နှစ်ဆယ့်လေး (Juz Twenty Four)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ နှစ်ဆယ့်‌လေး

 ပါရာနှစ်ဆယ့်လေးနှင့် ပါရာနှစ်ဆယ့်ငါးတွင် အာယာဟ် သတင်းစကားများ နှင့် ထိုအမိန့်သတင်းစကားများကို လက်ခံသူတို့၏ အရည်အသွေးများအကြောင်းကို ဖော်ပြထားသည့် မက္ကာန်စူရာဟ်များဖြစ်ကြသော ဟာ မီးမ် စူရာဟ်များ ပါဝင်နေပါတယ်။ ထိုစူရာဟ်များနှင့် ပတ်သက်၍ အိဗ်နု မအ်စ်အူဒ် (رضي الله عنه) မှ ဤသို့ ဆင့်ပြန်ခဲ့ပါတယ် “ဟာ မီးမ်စူရာဟ်များသည် ကျမ်းမြတ်ကုရ်အာန်၏ လှပသည့် ဥယျာဉ်တော်များ ဖြစ်ကြပါသည်”။
(Tafsir al-Qurtubi, 15:253)

 စူရာဟ် ဖူစီလတ် (ရှင်းလင်းစွာအသေးစိတ်ဖော်ပြထားသောမူသည့်ကဏ္ဍ) (စူရာဟ် ဟာမီးမ်-စဂျ်ဒဟ်) တွင် မက္ကာန်ခေတ်အတွင်း သီးသန့်ဖြစ်စဉ်များကြောင့် ဝဟီကျလာခဲ့သည့် အာယာဟ်များစွာ ပါဝင်နေပါတယ်။

 “ထို့ပြင် အသင်တို့သည် အသင်တို့၏ နားများ၊ အသင်တို့၏ မျက်စိများနှင့် အသင်တို့၏ အသားအရေများသည် အသင်တို့နှင့် ဆန့်ကျင်၍ သက်သေခံကြမည်ကို စိုးရိမ်ပြီး သက်သေမခံနိုင်အောင် ဖုံးကွယ်(တားဆီး) မထားနိုင်ကြပေ။ ထို့ထက်သာမက အသင်တို့သည် အသင်တို့ ပြုလုပ်ခဲ့သည်များထဲမှ များစွာကို အလ္လာဟ်အရှင်မြတ် သိတော်မမူပေဟု ထင်မှတ်ခဲ့ကြသေးသည်။”

 “ထို့ပြင် ဤသည် အသင်တို့က အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်ပတ်သက်၍ ထင်မြင်ခဲ့ကြသော ထိုထင်မြင်ချက်ကပင် အသင်တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ပျက်စီးဆုံရှုံးသူများပင် ဖြစ်ခဲ့ကြသည်။”
(ကျမ်းမြတ်ကုရ်အာန် ၄၁:၂၂-၂၃)

 အထက်ပါအာယဟ်များသည် အလ္လာဟ်(سبحانه وتعالى) မှ သူတို့ကိုကြားသိနိုင်စွမ်း ရှိ၊ မရှိ စူးစမ်းချင်ခဲ့ကြသော အီမာန်သက်ဝင်ယုံကြည်ခြင်းမရှိသောသူများကြောင့် ဝဟီကျလာခဲ့ခြင်းဖြစ်ပါတယ်။ ထိုသူများသည် လျို့ဝှက်စွာတွေ့ဆုံခဲ့ကြပြီး မက္ကာဟ်တွင် ဒါဝဟ်ပြုလုပ်မှု အပြီးသတ်သွားရန် သူတို့၏အကြံအစည်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။လျို့ဝှက်စွာဖြင့် မက္ကာန်ခေါင်းဆောင်များသည် မကောင်းမှုပြုလုပ်ရန် ကတိပြုခဲ့ကြပြီး ပိုမိုဆိုးရွားသည့်လုပ်ရပ်များကို အစီအစဉ်ချမှတ်ခဲ့ကြပါတယ်။ ထိုအာယဟ်များသည် အလ္လာဟ်(سبحانه وتعالى) ထံတော်တွင် မည်သည့်အရာကို ဖုံးကွယ်ထားနိုင်ခြင်းမရှိကြောင်းကို ထိုသူတို့အား သတိပေးရန် ဝဟီကျလာခဲ့ခြင်းဖြစ်ပါတယ်။ ကိယာမဟ်နေ့တွင် ကျွန်မတို့၏ ခြေလက်များသည် ကျွန်မတို့ကို ဆန့်ကျင်၍ သို့မဟုတ် ကျွန်မတို့ဘက်မှနေ၍ သက်သေခံထွက်ပေးကြပါလိမ့်မည်။ အလ္လာဟ်(سبحانه وتعالى) သည် အလုံးစုံသိမြင်တော်မူသောအရှင်၊ အလုံးစုံကြားသိတော်မူသောအရှင် ဖြစ်တော်မူပြီး အရာအားလုံးကိုသိနိုင်စွမ်းရှိတော်မူပြီး မည်သည့်အရာကမှ အလ္လာဟ်(سبحانه وتعالى) အလိုတော်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

 “အမှန်စင်စစ် အကြင်သူတို့သည် “ကျွန်ုပ်တို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူသည်”ဟု ပြောဆိုခဲ့ကြ၍ (ထိုယုံကြည်ချက်ပေါ်၌ပင်) စွဲမြဲစွာ ရပ်တည်ခဲ့ကြသည်။ ကောင်းကင်တမန်များသည် ထိုသူများထံသို့ ဆင်းသက်လာပြီး ဤသို့ပြောဆိုကြမည်- “အသင်တို့သည်မစိုးရိမ်ကြပါနှင့်၊ မပူဆွေးကြပါနှင့်၊ ထို့ပြင် အသင်တို့သည် အသင်တို့ကတိပေးခြင်းခံခဲ့ကြရသော ဂျန္နသ်သုခဘုံ ရရှိသည့်အတွက် ဝမ်းမြောက်ပျော်ရွှင်ကြပါ။”
(ကျမ်းမြတ်ကုရ်အာန် ၄၁:၃၀)

 အထက်ပါအာယာဟ်သည် ကျမ်းမြတ်ကုရ်အာန်ရွတ်ဆိုခြင်းကို နှောင့်ယှက်တားဆီးရန် ကူရေ့ရှ်တို့အသုံးပြုခဲ့ကြသည့် သီချင်းများနှင့် ပုံပြင်များကို တုံ့ပြန်ရန် ဝဟီကျလာခဲ့ခြင်း ဖြစ်ပါတယ်။ ထိုအာယာဟ်သည် ကာဖိရ်တို့၏ အပြုအမှုများကို အဗူဗကရ်(رضي الله عنه) ၏ ဂုဏ်သိက္ခာရှိသည့် အပြုအမှုများဖြင့် တုံ့ပြန်ခဲ့မှုများကြောင့် လူအများ အစ္စလာမ်သာသနာသို့ ကူးပြောင်းလာခဲ့ကြသည့်အတွက် အဗူဗကရ်(رضي الله عنه) အား ချီးမြှင့်သည့်အနေဖြင့် ကျလာခဲ့တာလည်း ဖြစ်ပါတယ်။

 ကူရေ့ရှ်တို့တွေက အစ္စလာမ်သာသနာ၏ တန်ဖိုးကို မမြင်ခဲ့ကြပေမဲ့ အဗူဗက္ကရ်(رضي الله عنه) က တော့ မြင်ခဲ့ပါတယ်။ အီမာန်သက်ဝင်ယုံကြည်ချင်းအတွက် တကယ့်ကောင်းချီးဆုလာဘ်များသည် အာခေရဟ်တွင် ခံစားရမည်ဖြစ်ကြောင်းကို အဗူဗကရ်(رضي الله عنه) က သိခဲ့ပါတယ်။ ထို့အပြင် ကျွန်မတို့တွေကိုလည်း ကောင်းမွန်တဲ့အဆုံးသတ်က ဘာလဲဆိုတာကို အနည်းငယ် သိမြင်စေခဲ့ပါတယ်။ စစ်မှန်သည့် အီမာန်သက်ဝင်ယုံကြည်သူတို့သည် သေဆုံးချိန်တွင် ကောင်းကန်တမန်များမှ နှစ်သိမ့်မှုနှင့်အတူ သတင်းကောင်းများဖြင့် လာရောက်နှုတ်ဆက်ကြမှာဖြစ်သည့်အတွက် ကြောက်ရွံ့မှု သို့မဟုတ် ဝမ်းနည်းပူဆွေးမှုနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။

 “ထို့ပြင် အကြင်သူထက် စကားအရာတွင် ပိုကောင်းသည့်သူ မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သည့်အပြင် ကောင်းမြတ်သည့်လုပ်ရပ်ကို ပြုလုပ်သည်။ ထို့ပြင် အမှန်စင်စစ်ကျွန်ုပ်သည် အမိန့် နာခံသူ မွတ်စ်လင်မ်တစ်ဦးဖြစ်သည်ဟု ပြောဆိုသည်။”

 “ထို့ပြင် ကောင်းမှုနှင့် မကောင်းမှုသည် မတူကြပေ။ အသင်သည် (မကောင်းမှုကို) အကောင်း(ဆုံးနည်းလမ်း)နှင့် တုံ့ပြန် တွန်းလှန်လိုက်ပါ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်နှင့်ကြားတွင် ရန်ငြိုးရှိခဲ့လျှင်ပင် ထိုသူသည် မိတ်ရင်း ဆွေရင်းကဲ့သို့ဖြစ်သွားလိမ့်မည်။”
(ကျမ်းမြတ်ကုရ်အာန် ၄၁:၃၃-၃၄)

 အထက်ပါအာယာဟ်သည် တမန်တော်မြတ်(ﷺ) ၏ ဒါဝဟ်ပြုလုပ်နည်းနှင့် ထိုနည်းလမ်းများ၏ ရလဒ်ကို ကျွန်မတို့အား အနည်းငယ် သိမြင်စေပါတယ်။ တမန်တော်မြတ်(ﷺ) သည် ကိုယ်တော်မြတ်၏ ရန်သူများနှင့် ပြောဆိုဆက်ဆံရာတွင် အမြဲ သနားကြင်နာစွာနှင့် ယဉ်ကျေးစွာပြုမှုလေ့ရှိပါတယ်။ ရလဒ်အနေဖြင့် နောက်ဆုံးတွင် ထိုရန်သူအများစုက နူးညံ့ပျော့ပြောင်းလာကြကာ တမန်တော်မြတ်(ﷺ) ၏ ဟောပြောချက်များကို စိတ်ရင်းဖြင့် နားထောင်ခဲ့ကြပြီး အစ္စလာမ်သာသနာသို့ ကူးပြောင်းလာခဲ့ကြပါတယ်။

 အုမရ် အိဗ်နု အလ်-ခတ္တာဗ်(رضي الله عنه)၊ အမ်ရ် အိဗ်နု အလ်-အက်စ်(رضي الله عنه)၊ ခါလစ်ဒ် အိဗ်နု ဝါလစ်ဒ် (رضي الله عنه)၊ စူဟေးလ် အိဗ်နု အမ်ရ် (رضي الله عنه) နှင့် အဗူစု(ဖ်)ယာန် (رضي الله عنه) တို့အားလုံးသည် အစပိုင်းတွင် အစ္စလာမ်သာသနာ၏ ရန်သူများဖြစ်ခဲ့ကြပြီး နောက်ပိုင်းတွင် အစ္စလာမ်သနာအတွက် အခိုင်မာဆုံးသော ခုခံကာကွယ်ပေးကြသူများဖြစ်ကြသည့် ဥပမာကောင်းများ ဖြစ်ကြပါတယ်။ အထက်ပါအာယာဟ်သည် ကျွန်မတို့အား မည်သူတစ်ဦးတစ်ယောက်ကိုမျှ အပယ်ခံစာရင်းတွင် မထည့်ဖို့ သင်ကြားပေးထားပါတယ်။ အလ္လာဟ်(سبحانه وتعالى) သည် မည်သူတို့အား အနာဂတ်တွင် လမ်းညွှန်ချက်ပေးဖို့ စီမံထားသည်ကို ကျွန်မတို့ မသိနိုင်သည့်အတွက်ကြောင့်ပင် ဖြစ်ပါတယ်။ အစ္စလာမ်တစ်ဦးဖြစ်သည့် ကျွန်မတို့အတွက် တာဝန်ကတော့ လူတိုင်းကို ဉာဏ်အမြော်အမြင်ရှိရှိ အစ္စလာမ်သာသနာသို့ ဖိတ်ခေါ်ရန်နှင့် အလ္လာဟ်(سبحانه وتعالى) ထံ စိတ်ရင်းဖြင့် ပြန်လည်ဝန်ချတောင်းပန်ခြင်း (သွောင်ဗာဟ်ပြုလုပ်ခြင်း)အားဖြင့် ကိုယ်ပြုလုပ်မိသည့်အမှားများအတွက် ပြန်လည်အဖတ်ဆယ်နိုင်ရန် အမြဲတမ်းမျှော်လင့်ချက်၊ ခွန်အားပေးသင့်ပါတယ်။ 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ နှစ်ဆယ့်သုံး (Juz Twenty Three) ပါရာ နှစ်ဆယ့်ငါး (Juz Twenty Five)

Leave a Reply

Your email address will not be published. Required fields are marked *