Skip to content

အပိုင်း (၁၀) ဘယ်သူ့မှာတာဝန်ရှိလဲ

အစ္စလာမ့်ဥပဒေရဲ့ ဥပဒေရေးရာစွမ်းဆောင်နိုင်မှု (Legal Capacity) အား နားလည်ခြင်း 📚

ရိုးရှင်းတယ်ဆိုပေမဲ့ သေချာစဉ်းစားကြည့်ရင် နက်နဲတဲ့ မေးခွန်းတစ်ခုရှိပါတယ်။

လူသားတစ်ယောက်က ဘယ်အချိန်မှာစပြီး တာဝန်ဝတ္တရားအပြည့်ထမ်းဆောင်ရမှာလဲ 🤔

အစ္စလာမ့်ဥပဒေရေးရာဆုံးဖြတ်ချက်မှာ တိကျတဲ့အဖြေရှိပါတယ်။ အဖြေက အဟ်လီယာဟ် (أهلية) လို့ခေါ်တဲ့ ဥပဒေရေးရာစွမ်းဆောင်နိုင်မှု သဘောတရားတစ်ခုအပေါ်မှာ ဗဟိုပြုထားပါတယ် ⚖️။

ဥပဒေရေးရာစွမ်းဆောင်နိုင်မှုဆိုတာက —

ဘယ်သူ့မှာ ဝတ္တရားတွေရှိနေတယ်၊

ဘယ်သူက စာချုပ်ချုပ်ဆိုနိုင်တယ် 📄✍️၊

ဘယ်သူက သူ့ရဲ့ လုပ်ဆောင်ချက်တွေအတွက် တာဝန်ခံမှုရှိနေလဲ —

အစရှိတာတွေကို ဆုံးဖြတ်ပေးနိုင်တဲ့ ပုံစံသတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။


အဟ်လီယာဟ်မှာ ပုံစံ ၂ ခုရှိပါတယ်

အဟ်လီယာဟ် အလ်ဝူဂျဗ် (أهلية الوجوب)

ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားတွေကို ဖော်ဆောင်နိုင်တဲ့ စွမ်းဆောင်နိုင်မှုဖြစ်ပါတယ်။

ဒီပုံစံက လူသားဖြစ်တည်မှုရဲ့ အကျင့်သီလကောင်းအနေဖြင့် ရိုးရှင်းစွာပဲ လူသားအားလုံးနှင့် သက်ဆိုင်နေပါတယ် 👶👵။ မမွေးလာသေးတဲ့ ကလေးလေးတစ်ယောက်မှာတောင် အဟ်လီယာဟ် အလ်ဝူဂျဗ် ရှိပါတယ်။

ကွယ်လွန်ပြီးတဲ့ အာရ်ဝါတစ်ဦးမှာလည်း အကန့်အသတ်အနေဖြင့် ဥပဒေရေးရာစွမ်းဆောင်နိုင်မှု ဆက်လက်တည်ရှိနေမှာပါ 🕊️။ ဥပမာအနေနဲ့ဆိုရင် သူရဖို့ကျန်နေသေးတဲ့အကြွေးတွေအကုန်လုံးကို သူ့အမွေဆက်ခံနိုင်ခွင့်ရှိသူတွေက ပြန်လည်ရယူခွင့်ရှိတာမျိုးပေါ့ 💰။

ဒီစွမ်းဆောင်နိုင်မှုက လူသားတစ်ဦးတည်ရှိနေသလောက် ဆက်လက်တည်ရှိနေမှာဖြစ်ပြီးတော့ ဖယ်ရှားပြစ်လိုက်လို့ မရနိုင်ပါဘူး။


အဟ်လီယာဟ် အလ်-အဒါအ် (أهلية الأداء)

အမှန်တကယ်တာဝန်ထမ်းဆောင်နိုင်ပြီး ရယူပိုင်ခွင့်ကို လုပ်ဆောင်နိုင်တဲ့ ဥပဒေရေးရာစွမ်းဆောင်နိုင်မှုဖြစ်ပါတယ်။ ဒီပုံစံက နည်းနည်းကွဲပြားပါတယ်။

ဒါကို လုပ်ဆောင်နိုင်ဖို့အတွက် အချက် ၂ ချက်လိုပါတယ် —

🧠 အကလ် (عقل) လို့ခေါ်တဲ့ စိတ်နှင့် ဉာဏ်ပညာဖွံ့ဖြိုးမှု

🧭 ရုသျှ်ဒ် (رشد) လို့ခေါ်တဲ့ အမှုကိစ္စတွေကို တရားမျှတမှုရှိစွာ၊ ရင့်ကျက်မှုရှိစွာနှင့် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း

ဒါပေမဲ့လည်း လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ပိုင်းဆိုင်ရာက ဘယ်အချိန်မှာ အပြည့်အဝဖွံ့ဖြိုးနေပြီလဲဆိုတာကို တိုက်ရိုက်တိုင်းတာနိုင်ဖို့ ခက်တဲ့အတွက် ဗါလူဂ် (بلوغ) လို့ခေါ်တဲ့ အပျိုဖော်ဝင်ခြင်း/အရွယ်ရောက်ခြင်းကို ပြင်ပမှနေ တိုင်းတာမှုတစ်ခုအဖြစ်နဲ့ အစ္စလာမ့်ဥပဒေမှာ အသုံးပြုပါတယ် 📏။

လူတစ်ယောက်က ပျိုဖော်ဝင်လာပြီး သမာသမတ်ရှိရှိနဲ့ ဆုံးဖြတ်နိုင်စွမ်းကို ပြနေပြီဆိုရင် ဥပဒေရေးရာစွမ်းဆောင်နိုင်မှုကို (ဘယ်သူ့အကူအညီမှမပါဘဲ) အပြည့်အဝလုပ်ဆောင်နိုင်ပြီဖြစ်ပါတယ် ✅။


တာဝန်ယူမှုက ဖွင့်/ပိတ်စနစ် မဟုတ်ပါဘူး ⚖️

ဒီပုံစံသတ်မှတ်ချက်က အရေးကြီးတဲ့အချက်ကိုလည်း ပြနေပါတယ်။

အစ္စလာမ့်ဥပဒေက တာဝန်ယူမှုကို ဖွင့်/ပိတ်စနစ်တစ်ခုလိုမျိုး လုံးဝမရှိဘူး၊ လုံးဝရှိတယ်ဆိုပြီး မယူဆထားပါဘူး။ အဆင့်တွေ ထပ်ရှိပါတယ် 📊။

ကလေးငယ်လေးတစ်ဦး 👶 က အမွေဆက်ခံနိုင်ခွင့်၊ လက်ဆောင်ရယူနိုင်ခွင့် 🎁 နှင့် မိဘသက်ဆိုင်မှု အစရှိတဲ့ ရပိုင်ခွင့်တွေကို အပြည့်အဝရယူနိုင်စွမ်းရှိတယ်ဆိုပေမဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်စွမ်းတော့ မရှိသေးပါဘူး။

နမားဇ် ၅ ကြိမ် ဝတ်ပြုခြင်း 🕌 ဆိုတာက ကလေးငယ်လေးအတွက် မဖြစ်မနေလုပ်ရတဲ့ ဝတ္တရားတစ်ခုလည်းမဟုတ်သလို၊ ရာဇဝတ်မှုနှင့် ပြစ်ဒဏ်ချခံနိုင်တာမျိုးလည်း မရှိသလို၊ စာချုပ်စာတမ်းတွေ ချုပ်ဆိုနိုင်စွမ်းလည်း မရှိသေးပါဘူး 📄။

ကလေးငယ်လေး ကြီးပြင်လာပြီး ခွဲခြားသိမြင်နိုင်စွမ်းတစ်ချို့ ဖွံ့ဖြိုးလာပြီဆိုရင် တစ်ပိုင်းတစ်ဝ လုပ်နိုင်စွမ်းတွေ ထွက်လာပါပြီ။

ဒီအချက်ကို ဟနဖီ မဇ်ဟဘ်မှ ပညာရှင်တို့က သေချာဆင်ခြင် အသိအမှတ်ပြုပြီး ခွဲခြားသိမြင်နိုင်ပြီး အရွယ်မရောက်‌သေးသူ (ဆွဘီယ် မူမိုင်ယစ်ဇ် صبي مميز) တစ်ဦးသည် အပြည့်အဝ အရွယ်မရောက်သေးခင်မှာတောင် မိမိအတွက်သာ အကျိုးဖြစ်ထွန်းစေနိုင်မည့် ဥပဒေရေးရာ ဆောင်ရွက်ချက်များ (ဥပမာ လက်ဆောင်ပဏာကို လက်ခံရယူတာမျိုး 🎁) ကို လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း အမှတ်အသားပြုထားပါတယ်။


အခြေအနေပေါ်မူတည်ပြီး စွမ်းဆောင်နိုင်မှုက ကွာနိုင်ပါတယ်

စွမ်းဆောင်နိုင်မှုဆိုတာက အရွယ်ရောက်ပြီးသူတွေမှာတောင် အခြေအနေပေါ်လိုက်ပြီး သက်ရောက်မှုကွာနိုင်ပါတယ်။

🧠 ဂျွန်နွန် (جنون) စိတ်ပေါ့သွပ်မှုရှိတဲ့သူတွေမှာ ဝတ္တရားကို အပြည့်အဝလုပ်ဆောင်နိုင်စွမ်းကို ဆိုင်းငံ့ပေးထားပါတယ်။

😴 အိပ်မောကျနေသူ၊

😵 သတိလစ်မေ့မြောနေသူ၊

⚠️ အစ်ကရာဟ် (إكراه) လို့ခေါ်တဲ့ အတင်းအကြပ်ဖိအားပေးခံနေရသူ —

သူတို့ရဲ့ စွမ်းဆောင်နိုင်မှုက ကွာဟနေနိုင်ပါတယ်။

မူးယစ်သောက်စားခြင်း 🍷 ကလည်း ပိုပြီးသိသာတဲ့ case တစ်ခုဖြစ်ပါတယ်။ ဟနဖီမဇ်ဟမ်မှ ပညာရှင်ကြီးတွေရဲ့ အဆိုအရ တားမြစ်ချက်ကိုဖောက်ပြီး မူးယစ်နေသူတစ်ဦးသည် ဥပဒေရေးရာတာဝန်ယူမှုမှ လွတ်မြောက်ခြင်းမရှိဘဲ ဆက်လက်တာဝန်ခံရမည်ဟု ထိန်းသိမ်းထားခဲ့ကြပါတယ် ⚖️။

မူးယစ်နေမှုကိုသာ ချွင်းခြက်တစ်ခုအနေဖြင့် ခွင့်ပြုလိုက်မည်ဆိုပါက ရည်ရွယ်ချက်ရှိရှိနဲ့ တာဝန်ယူမှုကို ရှောင်တိမ်းဖို့ လမ်းစဖွင့်ပေးလိုက်သလို ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ် 🚫။


ဒါက ဘာကြောင့် အရေးကြီးလဲ ❓

ဒီအချက်တွေက ကျွန်မတို့လို သာမန်မွတ်စ်လင်မ်တွေအတွက် အရေးကြီးပါတယ်။

သက်ညှာခွင့်လွှတ်ခြင်းသည် စနစ်တစ်ခုအပေါ်မှာ အခြေခံထားခြင်းဖြစ်သည်ကို ရှင်းပြပေးနေလို့ပဲ ဖြစ်ပါတယ် 🤍။

ကလေးငယ်လေးတစ်ယောက်က နမားဇ်တွေလွတ်နေတယ်ဆိုရင် မဖြစ်မနေလုပ်ရမယ်ဆိုတာက သူ့အတွက် မသက်ရောက်နေသေးတဲ့အတွက် အပြစ်မထိုက်ပါဘူး 🕌။

လူတစ်ယောက်က အတင်းအကြပ်ဖိအားကြောင့် လုပ်လိုက်မိတဲ့လုပ်ရပ်တွေက လွတ်လပ်စွာတွေးခေါ်ပြီး လုပ်လိုက်တဲ့လူတစ်ဦးထက်စာရင် သက်ရောက်မှုက ကွာဟနိုင်ပါတယ် ⚖️။

တစ်စုံတစ်ယောက်က သေနိုင်တဲ့ရောဂါတစ်ခုခုခံစားနေရပြီဆိုရင် သူ့ရဲ့ ပိုင်ဆိုင်မှုထဲက သုံးပုံတစ်ပုံထပ်ပိုပြီး လှူဒါန်းမှုကို ကန့်သတ်ထားပါတယ် 💰။ ဒါက ထိုသူ၏ အမွေခံများရဲ့ ရပိုင်ခွင့်ကို ကာကွယ်ပေးထားနိုင်ဖို့ပဲဖြစ်ပါတယ် 🛡️။


အစ္စလာမ့်ဥပဒေသည် အခြေအနေအများကြီးထဲက လူသားအားလုံးအပေါ်မှာ တစ်သတ်မတ်တည်း စည်းမျဉ်ပြဠာန်းထားတာ မဟုတ်ပါဘူး။

အစ္စလာမ့်ဥပဒေစည်းမျဉ်းက လူတစ်ဦးအမှန်တကယ်စွမ်းဆောင်နိုင်စွမ်းဖြင့်သာ ထိုသူရဲ့ တာဝန်ခံနိုင်မှုကို တိုင်းတာခြင်းဖြစ်ပါတယ် ⚖️📏။

ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ဥပဒေတွေကိုရော၊ လူသားတွေကိုရော ဖန်တီးထားတဲ့ အလ္လာဟ် 🤲 ရဲ့ တရားမျှတမှုကို ထင်ရှားစွာ ပေါ်လွင်စေနိုင်မှာပဲဖြစ်ပါတယ် ✨⚖️။

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၉) အစ္စလာမ့်ဥပဒေ၏ ဘာသာစကား – အရာအားလုံးက ဟလ်လာဟ် (ပိုင်တယ်) ဒါမှမဟုတ် ဟရာမ် (မလုပ်ပိုင်ဘူး) ချည့်ပဲလား။ အပိုင်း(၁၁) စာသားဖော်ပြချက်တွေမှာမပါဝင်တဲ့အကြောင်းအရာများ – ပညာရှင်များ၏ အကူကိရိယာ/လက်စွဲဆင်ခြင်နည်းလမ်းများ

Leave a Reply

Your email address will not be published. Required fields are marked *