Skip to content

အပိုင်း (၁၆) နိယာဟ်က အရာရာပါပဲ

— လုပ်ဆောင်ချက်များ၏နောက်ကွယ်မှ နိယာဟ် (ရည်ရွယ်ချက်) များအားဖြင့် လုပ်ဆောင်ချက်ကို အကဲဖြတ်ပါသည်။ 🎯

الأمور بمقاصدها Al-umūru bi-maqāṣidihā


ဒါက ဘယ်ကနေဖြစ်ပေါ်လာတာလဲ ❓

ဒီ ကိုင်ဒါဟ်ကတော့ အလ်-ဗူခါဟ်ရီ နှင့် အလ်-မွတ်စ်လင်မ် ကျမ်းတွေထဲမှာ ပါဝင်တဲ့ ကျော်ကြားတဲ့ ဟဒီးဆ်တော်တစ်ခု ကနေ တိုက်ရိုက်ဆင်းသက်လာတာပဲဖြစ်ပါတယ်။ 📖

“ကောင်းမှုကုသိုလ်တိုင်းကို ပြုလုပ်သူရဲ့ နိယာဟ်ဖြင့်သာ အကဲဖြတ်မှာဖြစ်ပြီး

လူတိုင်းက ကိုယ့်နိယာဟ်ရှိသည့်အတိုင်း ပြန်လည်ရရှိမှာပဲဖြစ်တယ်”

ဒီဟဒီးဆ်တော်မှာ ပညာရှင်ကြီးများက သေးငယ်ပေမဲ့ ချင့်ချိန်ပြီးဆင်ခြင်ထားတဲ့ ညှိနှိုင်းချက်တစ်ခု ပြုထားခဲ့ပါတယ်။ 🧠

ဟဒီးဆ်တော်ထဲမှာ အမလ် (ကောင်းမှုကုသိုလ်) ကို သုံးထားပြီး

ကိုင်ဒါဟ်ထဲမှာတော့ အူမာရ် (အကြောင်းအရာများ) ကို အသုံးပြုထားပါတယ်။

လုပ်ဆောင်ချက်တွေ၊ စကားလုံးအရဖွင့်ဟပြောဆိုချက်တွေပါ ပါဝင်နေတဲ့ ပိုပြီးကျယ်ပြန့်တဲ့ အသုံးအနှုန်းအနေဖြင့် အကြောင်းအရာများကို အသုံးပြုထားတာ ပဲ ဖြစ်ပါတယ်။ 🌍

ဒီလိုပြောင်းလိုက်တာက ရည်ရွယ်ချက်နှင့် ပြောင်းထားတာဖြစ်ပါတယ်

ဒီလိုမျိုး အကြောင်းအရာကို

ပြုလုပ်သူရဲ့ နိယာဟ်ဖြင့်သာ အကဲဖြတ်မှာဖြစ်ပြီး လူတိုင်းက ကိုယ့်နိယာဟ်ရှိသည့်အတိုင်း ပြန်လည်ရရှိမှာပဲဖြစ်တယ် လို့ ပြောင်းလဲလိုက်ခြင်းအားဖြင့်

ဒီသဘောတရားကို

  • အရောင်းအဝယ်တွေ 💰
  • ကျမ်းကျိန်တာတွေ ✋
  • ဟောပြောတာတွေ 🎤

အပါအဝင် ခဝပ်ကိုးကွယ်ခြင်းကို ပြုမှုနေတဲ့ ကိုယ်ထိလက်ရောက်အပြုအမှုများသာမက ပိုကျယ်ပြန့်စွာ ဖုံးလွှမ်းလိုက်နိုင်ပါတယ်။


အီမာန် အလ်-ရှာဖီအ်၊ အီမာန် အဟာမဒ် နှင့် အခြားသော ပညာရှင်ကြီးတွေက

ဒီဟဒီးဆ်တော်သည် အစ္စလာမ့် အသိပညာအားလုံး၏ သုံးပုံတစ်ပုံကို ကိုယ်စားပြုနေပါတယ် လို့ ယူဆသုံးသပ်ခဲ့ကြပါတယ်။ 📚

အလ်-စုယူသီ ကလည်း

နိယာဟ်သည် ဖိက်ဟ်၏ ကဏ္ဍပေါင်း ၇၀ မကတွင် ပါဝင်နေပါတယ် လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

အီမာန် အလ်-ဗူခါဟ်ရီ ကိုယ်တိုင်ကလည်း

ဒီဟဒီးဆ်တော်သည် အရာအားလုံးကို အတူတကွဖြစ်အောင် ချုပ်ကိုင်ထားတဲ့ အသေးစိတ်ကျတဲ့ အချက်ပြမှုတစ်ခု ဖြစ်တဲ့အတွက် သူ့ရဲ့ ဟဒီးဆ်တော်ပေါင်းချုပ်တစ်ခုလုံးကို လည်း ဒီအချက်ဖြင့်သာ ဖွင့်ဟထားခဲ့ပါတယ်။


ဒီကိုင်ဒါဟ်က လက်တွေ့မှာ ဘယ်လိုအသုံးဝင်မှာလဲ ❓

ဒီ ကိုင်ဒါဟ် မှာ အဓိက လားရာ ၂ ခု ရှိပါတယ်။

၁️။ ပထမအချက်

ကောင်းတဲ့နိယာဟ်သည် တားမြစ်ချက်ကို ခွင့်ပြုချက်တစ်ခုအနေဖြင့် မပြောင်းလဲနိုင်ပါ။

လှူဒါန်းဖို့အတွက်ဆိုပြီး ခိုးယူခြင်း ကလည်း

ခိုးဝှက်ခြင်းပဲ ဖြစ်ပါတယ်။ 🚫


၂️။ ဒုတိယအချက်

မကောင်းတဲ့နိယာဟ်သည် အပြင်ပန်းအရမှန်ကန်တယ်လို့ထင်ရမဲ့ လုပ်ရပ်တစ်ခုကိုလည်း ပယ်ဖျက်နိုင်ပါတယ်။

လူတစ်ယောက်သည် အလ္လာဟ်() အတွက်ကြောင့်ဆိုတာထက်

လူတွေအမြင်မှာ ရဲရင့်တယ်လို့ အထင်ခံချင်တဲ့စိတ် ကြောင့် စစ်ဝင်တိုက်လျှင်

ကောင်းချီးကုသိုလ်ရနိုင်တာကို

ဖျက်စီးပြစ်နေတဲ့ နိယာဟ် ကြောင့်

ပြင်ပကနေပဲ ဂျီဟဒ်လုပ်ဆောင်နေတာ ဖြစ်သွားမှာပါ။

ပြင်ပလုပ်‌ဆောင်ချက်ဆိုတာက လူတွေကို မြင်သာစေတာ ဖြစ်ပေမဲ့ 👀

အတွင်းနိယာဟ်ကတော့ အလ္လာဟ်() ထံတော်မှာ စာရင်းဝင်သွားမှာပဲ ဖြစ်ပါတယ်။


ဥပမာတွေနှင့် ပိုမြင်သာအောင် ကြည့်ကြရအောင် 👇

ခဝပ်ကိုးကွယ်ခြင်း 🕌

လူတစ်ယောက်က ဗလီထဲမှာထိုင်နေတယ်

ဒီလိုထိုင်နေတယ်ဆိုတဲ့ အပြုအမှုတစ်ခုက

အဓိပ္ပာယ် ၂ ခု ထွက်နိုင်ပါတယ်။

  • ခရီးသွားနေရင်း ခဏတစ်ဖြုတ်ဝင်အနားယူနေတာ ဖြစ်နိုင်သလို
  • အစ်သီကဖ် ဝင်နေတာ လည်း ဖြစ်နိုင်ပါတယ်

အလားတူပါပဲ

ဂူစူလ် (ရေချိုးခြင်း) 🚿 လုပ်ခြင်းက

  • အရမ်းပူနေတဲ့ နေ့တစ်နေ့မှာ အေးမြသွားအောင် လုပ်တာမျိုး ဖြစ်နိုင်သလို
  • ဂျနဗာဟ် ပြီးချိန်မှာ မဖြစ်မနေလုပ်ဆောင်ရတဲ့ သန့်စင်ခြင်း ကို ပြုလုပ်နေတာလည်း ဖြစ်နိုင်ပါတယ်

ဖြစ်ရပ် ၂ ခုလုံးမှာ

လက်တွေ့လုပ်ဆောင်ခြင်းက ဆင်တူပါတယ်။

ကွဲပြားနေတဲ့အချက်ရယ်

သူတို့ရဲ့ တရားဝင်အခြေအနေနှင့် ကောင်းကျိုးကုသိုလ်ကို ဆုံးဖြတ်ပေးနိုင်တာရယ် ကတော့

👉 နိယာဟ်ပဲ ဖြစ်ပါတယ်။

နိယာဟ်သာမရှိနေဘူးဆိုရင်

ခဝပ်ကိုးကွယ်မှုပြုတဲ့အပြုအမှုတွေကို အလ္လာဟ့်() အတွက်လုပ်တယ်လို့ ထည့်တွက်မှာ မဟုတ်ပါဘူး။


အရောင်းအဝယ်များ 💰

လူတစ်ယောက်က နောက်ထပ်တစ်ယောက်ကို ပိုက်ဆံပေးပြီး

“ဒါကိုယူလိုက်”

လို့ ပြောလိုက်တယ်။

ဒါက

  • လက်ဆောင်အနေနဲ့ပေးတာလား 🎁
  • ချေးလိုက်တာလား
  • ယုံကြည်လို့ ခဏပေးထားတာလား

စကားလုံးတစ်ခုတည်းနှင့်

ဘာဆိုတာ ကျွန်မတို့ မပြောနိုင်ပါဘူး။

ဥပဒေစီရင်ချက် အရ

ပေးလိုက်တဲ့ငွေက

  • ပြန်ပေးကိုပေးရမှာလား
  • ထိန်းသိမ်းထားပေးရုံပဲလား
  • သုံးလိုက်ရမှာလား

ဒါတွေအားလုံးက

ပေးလိုက်တဲ့သူရဲ့ နိယာဟ်ပေါ်မှာသာ လုံးလုံးလျားလျား မူတည်နေပါတယ်။

ဒါကြောင့် ဒီကိုင်ဒါဟ်အောက်မှာ ထပ်ခွဲထားတဲ့အသေးတစ်ခုက —

“အရောင်းအဝယ်တွေ၊ စာချုပ်စာတမ်းတွေထဲမှာ အရေးကြီးထည့်စဉ်းစားရမဲ့အချက်ကတော့ နိယာဟ်နှင့် အဓိပ္ပာယ်သာဖြစ်ပြီး စကားလုံးတွေ၊ ဖောင်‌တွေ မဟုတ်ပါဘူး”

ဒီသဘောတရားက

  • ဟနဖီ
  • မာလီကီ
  • ဟန်ဗာလီ

မဟ်ဇဘ်တွေမှာ လက်ခံထားပါတယ်

စာချုပ်တစ်ခုရဲ့ စကားလုံးတွေက ပို့ဆောင်ပေးတဲ့အရာဖြစ်ပြီး ✉️

နိယာဟ်ကတော့ ဥပဒေအရ အရောက်သွားရမဲ့ အရာပဲဖြစ်ပါတယ်။

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၁၄) အစ်ဂျ်သီဟဒ် နှင့် တက္ကလိဒ် – ဘယ်သူက ဆုံးဖြတ်မှာလဲ၊ ဘယ်သူက လိုက်နာမှာလဲ? အအပိုင်း (၁၅) အလ် ကဝါအဒ် အလ်-ဖိကိယာဟ် အကြောင်းမိတ်ဆက်

Leave a Reply

Your email address will not be published. Required fields are marked *