المشقة تجلب التيسير Al-mashaqqatu tajlibu al-taysīr
— အခက်အခဲများရင်ဆိုင်နေရခြင်းက လျော့ပေါ့သက်ညှာမှုကို ဖြစ်ပေါ်စေသည်။
📚 ဒီကိုင်ဒါဟ်က ဘယ်ကနေဖြစ်ပေါ်လာတာလဲ။
ယခုကိုင်ဒါဟ်သည် ရှရီအအ်ကို ဖိနှိပ်ညှဉ်းပန်းဖို့အတွက် ဖွဲ့စည်းခဲ့ခြင်းမဟုတ် ဆိုတဲ့ သဘောတရားတစ်ခုကို ရှင်းလင်းစွာ ဖော်ပြပေးနေတဲ့ ကျမ်းမြတ်ကုရ်အာန်ထဲက အာယာဟ်များစွာမှ ဖြစ်ပေါ်လာပါတယ်။
📖 “အရှင်မြတ်သည် အသင်တို့အတွက် လွယ်ကူမှုကိုသာ လိုလားတော်မူသည်။ အသင်တို့အတွက် ခက်ခဲမှုကို လိုလားတော်မမူပေ။”
(စူရာဟ် အလ်-ဗကရာ အာယာဟ် ၂း၁၈၅)
📖 “အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမျှ သူတတ်နိုင်သည်ထက်ပိုပြီး တာဝန်ပေးတော်မမူပေ။”
(စူရာဟ် အလ်-ဗကရာ အာယာဟ် ၂း၂၈၆)
📖 “ထို့ပြင် အရှင်မြတ်သည် အသင်တို့အပေါ်တွင် ဒီန်သာသနာတော်၌ မည်သည့်ကျပ်တည်းခဲယဉ်းမှုကိုမှ ပြုလုပ်တော်မမူခဲ့ပေ။”
(စူရာဟ် အလ်-ဟဂျ် ၂၂း၇၈)
ဒီအကြောင်းအရာနှင့် ပတ်သက်ပြီး တမန်တော်မြတ် (ﷺ) မှလည်း ဟဒီးဆ်တော်ထဲမှာ ယခုလို မိန့်ကြားခဲ့ပါတယ်။
🕌 “အလ္လာဟ်() သည် ကိုယ်တော်အား ခက်ခဲကြမ်းတမ်းမှု သို့မဟုတ် အန္တရာယ်ဖြစ်ဖို့အတွက် စေလွှတ်ခဲ့ခြင်းမဟုတ်၊ သင်ကြားပေးရန်နှင့် လွယ်ကူမှုပြုရန်စေလွှတ်ခဲ့ခြင်းသာ ဖြစ်သည်” (အလ်-မွတ်စ်လင်မ်)
🕌 “ကိစ္စတိုင်းကို လွယ်ကူစေရန်အတွက်သာဖြစ်၍ ကိစ္စများကို ခက်ခဲစေဖို့အတွက် မဟုတ်ပါ” (အလ်-ဗူခါဟ်ရီ)
ယခု Al-Qāʿidah Al-Thālithah သည် al-Qadi Husayn al-Marrudhi (d. 462 AH) မှ မြစ်ဖျားခံလာခြင်းဖြစ်သော်လည်း Al-Qāʿidah Al-Thālithah ၏ နောက်ခံ ဥပဒေရေးရာအတွေးအခေါ်ကို ဒီထက်မတိုင်ခင် အစောကတည်းက အသုံးပြုနေခဲ့ပြီးဖြစ်ပါတယ်။
👳♂️ အီမာန် အလ်-ရှာဖီအ် မှလည်း ထိုတူညီတဲ့သဘောတရားကို သူ၏ကိုယ်ပိုင်စကားဖြင့် ဖော်ပြခဲ့ဖူးပါတယ် —
💬 “အကြောင်းအရာတစ်ခုက ခက်ခဲလာပြီဆိုရင် နည်းလမ်းတစ်ခုကို မကြာခင်မှာရှာကိုရှာတွေ့တော့မှာ”
ဒီစကားစုကို မတူညီတဲ့ အကြောင်းအရာတွေအတွက် အနည်းဆုံး သီးခြား ဥပဒေရေးရာစီရင်ချက် ၃ ခု မှာ အသုံးပြုခဲ့ပါတယ်။
⚖️ ကွဲပြားခြင်း
ယခုကိုင်ဒါဟ်က ခက်ခဲမှုတိုင်းသည် အလျော့ပေးချက်တစ်ခု ဖြစ်လာစေတယ်လို့ ဆိုလိုထားတာ မဟုတ်ပါဘူး။
📚 ဥပဒေရေးရာပညာရှင်ကြီးများက ခက်ခဲမှုအမျိုးအစား ၂ မျိုး ကြားမှာ သေချာ ခွဲခြားထားပါတယ်။
1️⃣ သမားရိုးကျ ခက်ခဲမှု
2️⃣ ပုံမှန်မဟုတ်တဲ့ ခက်ခဲမှု
သမားရိုးကျ ခက်ခဲမှု ဆိုတာက ပုံမှန် ခဝပ်ကိုးကွယ်မှုပြုတာ တွေနှင့် သိပ်ခွဲလို့မရပါဘူး။
ဥပမာ —
🌅 ဖဂျရ်နမားဇ်ဝတ်ပြုဖို့အတွက် အရုဏ်တက်ချိန်မတိုင်ခင် ထရတာ
☀️ ရှည်လျားတဲ့ နွေရက်တွေမှာ ရိုဇာထားရတာ
🕋 ဟဂျ်သွားတဲ့အခါ အားစိုက်ထုတ်ရတာ
ဒါတွေက ဥပဒေပိုင်းမှာ သက်ရောက်မှုမရှိပါဘူး။
ခဝပ်ကိုးကွယ်ခြင်းရဲ့ သဘာဝ ပဲဖြစ်ပါတယ်။
ဒါရဲ့ တခြားတစ်ဖက် ပုံမှန်မဟုတ်တဲ့ ခက်ခဲမှု ဆိုတာက ယခုကိုင်ဒါဟ်ရဲ့ အဓိက ဆိုလိုရင်း ဖြစ်ပါတယ်။
လူတစ်ယောက် ခံနိုင်ရည်ထက်ပိုတဲ့ အခြေအနေမျိုး ကို ဖြစ်ပေါ်စေတဲ့ ရိုးရှင်းတဲ့ ခက်ခဲမှုဖြစ်ပါတယ်။
ဒီလိုခက်ခဲမှုကသာလျှင် ဥပဒေရေးရာအရ သက်ညှာခွင့် (ရူကသျှ်) တစ်ခု ရစေတာဖြစ်ပါတယ်။
🕌 ဥပမာလေးတွေနှင့် ကြည့်ကြရအောင်နော်
ခဝပ်ကိုးကွယ်ခြင်း
✈️ ခရီးသွားခြင်း က ထင်ရှားတဲ့ case တစ်ခုဖြစ်ပါတယ်။
ခရီးသွားတစ်ဦးက —
- နမားဇ် လေး ရကတ်အ် → ၂ ရကတ်အ် သို့ လျော့လိုက်လို့ရသလို
• ဇိုဟိုရ်နမားဇ်နှင့် အဆွရ် ကို ပေါင်းလိုက်တာ
• မဂရစ်ဗ်နမားဇ်ကို အိရှာဟ် နှင့် ပေါင်းဖတ်လိုက်တာ
• ရိုဇာကို ဖျက်လိုက်တာ
ဒီလို လျော့ပေါ့ချက်များ အားလုံးက ခရီးသွားခြင်းက ပုံမှန်မဟုတ်တဲ့ ခက်ခဲမှု တစ်ခုဖြစ်နေလို့ပါပဲ။
🤒 ဖျားနာခြင်း ပေါ်မှာလည်း တူညီတဲ့ သဘောတရား သက်ရောက်ပါတယ်။
- မတ်တပ်မရပ်နိုင်တဲ့ လူတစ်ယောက်က ထိုင်ပြီး နမားဇ်ဖတ်လို့ရသလို
• ရေရှာဖို့ခက်နေတဲ့နေရာကို ရောက်နေတဲ့သူက ရေနှင့် ဝူဒူလုပ်ခြင်းအစား သယမ်မွမ် လုပ်လို့ရပါတယ်။
📌 အဖြစ်အပျက် ၂ ခုလုံးမှာ
တာဝန်ဝတ္တရားကို မဖယ်လိုက်ဘဲ အလိုက်သင့် ပြောင်းလဲထားတာ ဖြစ်ပါတယ်။
ရှရီအအ်သည် လူတစ်ယောက် အမှန်တကယ်လုပ်ဆောင်နိုင်စွမ်းရှိတဲ့ အတိုင်းအတာ အတွင်းသာ လမ်းဖွင့်ပေးထားတာဖြစ်ပါတယ်။
💰 အရောင်းအဝယ်များ
တူညီတဲ့သဘောတရားတွေက အရောင်းအဝယ်တွေ၊ စာချုပ်စာတမ်းတွေ မှာလည်း သက်ရောက်ပါတယ်။
📜 အစ္စလာမ့်စာချုပ်ဥပဒေရဲ့ စံစည်းမျဉ်းထဲမှာ
စာချုပ်ချုပ်တဲ့အကြောင်းအရာကို အသေးစိတ်တိတိကျကျ ဖော်ပြပေးဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ ဥပဒေပညာရှင်ကြီးများက စိုက်ပျိုးမွေးမြူရေးမြေရဲ့ ငွေပဒေသာပင်စိုက်ထူခြင်း (ဝက်ဖ်) ရန်ပုံငွေလုပ်တဲ့အခါ —
ဒီစည်းမျဉ်းကို အတိအကျ ကျင့်သုံးမယ်ဆိုရင်
ဆက်စပ်နေတဲ့ ရပိုင်ခွင့်တိုင်းကို ထည့်သွင်းဖော်ပြဖို့လိုအပ် တဲ့အတွက်
ဒီလို အတိအကျရပိုင်ခွင့်တွေအကုန်လိုက်ရှာပြီး ဖော်ပြဖို့ဆိုတာ က
မူရင်း လှူဒါန်းဖို့ရည်ရွယ်ချက်ကိုပါ ပျောက်စေနိုင်သည်အထိ
ရှည်လျားတဲ့လုပ်ဆောင်ချက်များနှင့်
ဝကဖ်အတွက်ကို ထိရောက်စွာလုပ်ဆောင်နိုင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။
📌 ဒီကိုင်ဒါဟ်အောက်မှာ
ဒီအကြောင်းအရာအတွက် လျော့ပေါ့ချက်တစ်ခု ခွင့်ပြုထားပါတယ်။
ရှည်လျားထွေပြားတဲ့ တိကျတဲ့ ရပိုင်ခွင့်တွေ တွဲပြီးမဖော်ပြထားရင်တောင်
ဝကဖ်က တရားဝင်ဖြစ်ပါတယ်။
ဒီလိုမျိုး အခြေအနေတွေမှာ —
စံသတ်မှတ်ချက်အတိုင်း ခက်ခဲစွာလိုက်လံလုပ်ဆောင်နေခြင်း က
လွယ်ကူမဲ့နည်းလမ်းတွေကို ပိတ်ပြစ်လိုက်ပါတယ်။
ဒီလို လျော့ပေါ့လိုက်တာ က
ကိုင်ဒါဟ်ကို စိတ်ခံစားချက်အလိုက် လွယ်လွယ်လုပ်ဆောင်တာမဟုတ်ဘဲ
တိကျမျှတတဲ့ နည်းလမ်းတစ်ခုအနေဖြင့် အသုံးပြုတာပဲ ဖြစ်ပါတယ်။ ✨
