Skip to content

အပိုင်း (၁၉) အန္တရာယ်ကျရောက်စေနိုင်မှုကို ဖယ်ရှားသုတ်သင်ရှင်းလင်းရမည်။

الضرر يزال

Al-Ḍarar Yuzāl (Al-ḍararu yuzāl)

— အန္တရာယ်ကျရောက်စေနိုင်မှုကို ဖယ်ရှားသုတ်သင်ရှင်းလင်းရမည်။


❓ ဒီကိုင်ဒါဟ် က‌ ဘယ်ကနေဖြစ်ပေါ်လာတာလဲ။

ဒီစတုတ္ထမြောက်ကိုင်ဒါဟ် သည် အီမာန်မာလစ်ခ် (Imām Mālik) ရဲ့ မူဝတ်တာ (Al-Muwaṭṭaʾ) ထဲမှာ မှတ်တမ်းပြုစုထားခဲ့ ပြီး တခြားသောမှတ်တမ်းပေါင်းချုပ်တွေထဲမှာလည်း အတည်ပြုထားခဲ့တဲ့ တမန်တော်မြတ်ကြီး ﷺ (Rasūlullāh – Prophet Muhammad ﷺ) ရဲ့ ဟဒီးဆ်တော် (Hadith) တစ်ခုကနေ အခြေပြုလာခဲ့တာဖြစ်ပါတယ်။

🕊️ “Lā ḍarara wa lā ḍirār” (لا ضرر ولا ضرار)

မည်သို့သော အန္တရာယ် (Harm) ကိုမှ ဒဏ်ပေးခြင်း မပြုသင့်သကဲ့သို့၊ မည်သို့သော အန္တရာယ်ကိုမှ တုံ့ပြန်ခြင်း မပြုသင့်ပါ။

ဒီအကြောင်းအရာကို ကျမ်းမြတ်ကုရ်အာန် (Al-Qurʾān) ထဲက အာယာဟ် (Āyah) များစွာမှာ ခိုင်မာစွာအားဖြည့်ပေးထားပါတယ်။ 📖

📖 “ထို့နောက် အသင်တို့သည် ထိုဇနီးမိန်းမများအား နစ်နာစေလိုသည့်အနေဖြင့် ညှဉ်းပန်းနှိပ်စက်ရန် ပြန်ယူထားခြင်းမပြုကြနှင့်။”

(အလ်-ဗကာရဟ် Al-Baqarah ၂း၂၃၁)

📖 “မည်သည့်မိခင်မျှ သူ၏သားသမီးအတွက်ဖြင့် မနစ်နာစေရပေ၊ မည်သည့်ဖခင်မျှလည်း သူ၏သားသမီးအတွက်ဖြင့် မနစ်နာစေရပေ။”

(အလ်-ဗကာရဟ် Al-Baqarah ၂း၂၃၃)

📖 “အသင်တို့သည် ထို(ကွာရှင်းပြီးဖြစ်ကြသည့်)မိန်းမများအပေါ် တွင် ကျပ်တည်းစေရန်အတွက် ဒုက္ခမပေးကြနှင့်။”

(အလ်-တလက်ခ် At-Ṭalāq ၆၅း၆)

အထက်ပါ စာသားဖော်ပြချက်တွေအားလုံးမှာ အတူတကွ ဖော်ပြထားတာက

➡️ မိမိကိုယ်ကို သို့မဟုတ် တခြားသူတွေအား အန္တရာယ်ဖြစ်စေခြင်းကို ဘဝရဲ့ အဆင့်တိုင်းမှာ တားမြစ်ထားပါတယ်။


🧠 ပညာရှင်များ၏ သဘောထား

ပညာရှင်ကြီးများက ယခု စတုတ္ထမြောက်ကိုင်ဒါဟ် သည် ဖိက်ဟ် (Fiqh – Islamic Jurisprudence) အားလုံးရဲ့ တစ်ဝက်နီးပါး လောက်ကို လွှမ်းခြုံထားတယ်လို့ ယူဆထားကြပါတယ်။

အဗ္ဗနု အလ်-နဂျာရ် (Ibn al-Najjār) ဖော်ပြခဲ့တာက

ဒီကိုင်ဒါဟ်သည် မရေမတွက်နိုင်အောင် များပြားလှတဲ့ ကိစ္စရပ်တိုင်းမှာ ပါဝင်နေပါတယ်

⚖️ ဥပဒေရေးရာစီရင်ချက်တိုင်းက

1️⃣ အကျိုးစီးပွားရရှိစေရန်

2️⃣ အန္တရာယ်ကို လျော့ချရန်

ဆိုတဲ့ အချက်နှစ်ခုအနက် တစ်ခုခုအတွက် ဖြစ်ပြီး၊

ဒီကိုင်ဒါဟ်က ဒုတိယအချက်ဖြစ်တဲ့ အန္တရာယ်ကို လျော့ချခြင်း နှင့် ဆက်စပ်နေတဲ့ အခြေခံသဘောတရားဖြစ်ပါတယ်။


🎯 ရှရီအအ်၏ အဓိကရည်ရွယ်ချက်

အဇ္ဇူဒ်ဒင်း အဗ္ဗနု အဘ် အလ်-စလာမ် (ʿIzz al-Dīn Ibn ʿAbd al-Salām)

နှင့်

အလ်-ရှသီဘီ (Al-Shāṭibī)

တို့နှစ်ဦးလုံးက

ရှရီအအ် (Sharīʿah) တစ်ခုလုံး၏ အဓိကရည်ရွယ်ချက်မှာ

အကျိုးစီးပွားကို ရရှိစေခြင်း (Maslaḥah)

⚠️ အန္တရာယ်ကို လျော့ချ ဖယ်ရှားခြင်း

ဆိုတဲ့ ရည်ရွယ်ချက် ၂ ခု ပဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီကိုင်ဒါဟ်က

➡️ အန္တရာယ်ကို လျော့ချဖယ်ရှားရန် အသုံးပြုနိုင်တဲ့ ဥပဒေရေးရာ လက်စွဲကိရိယာတစ်ခု ဖြစ်ပါတယ်။


⚠️ ဘာကို အန္တရာယ် (Harm) လို့ သတ်မှတ်မှာလဲ

ဒရ်ရာရ် (Ḍarar / Darar) ကို ရင်းမြစ်တွေထဲမှာ

➡️ “မိမိကိုယ်တိုင် သို့မဟုတ် တခြားသူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေမှုကို ထိခိုက်နစ်နာစေမှု”

လို့ သတ်မှတ်ထားခဲ့ကြပါတယ်။

ဒါပေမဲ့

❗ စိတ်မသက်မသာဖြစ်ရတဲ့အရာတိုင်းကို အန္တရာယ်လို့ မဆိုလိုပါဘူး။


📌 အန္တရာယ်ကို သတ်မှတ်ရာတွင် လိုအပ်သော အချက် ၃ ခု

ရင်းမြစ်တွေထဲမှာ အန္တရာယ်ကို အခြေအနေ ၃ ခု ဖြင့် သတ်မှတ်ထားပါတယ်။

1️⃣ အမှန်တကယ်ဖြစ်ပေါ်နေရပါမယ်

ဖြစ်လာနိုင်ခြေနည်းတဲ့ မျှော်လင့်ချက်မျိုး မဖြစ်ရပါဘူး။

2️⃣ ပြင်းထန်တဲ့ အန္တရာယ်ဖြစ်ရပါမယ်

လူ့ဘဝမှာ အသေးအဖွဲအဆင်မပြေတာတွေ ရှိတတ်ပါတယ်။

3️⃣ ရန်လိုမှု သို့မဟုတ် အနိုင်ကျင့်မှုမှ ဖြစ်ရပါမယ်

ဥပဒေအရ ပြစ်ဒဏ်ပေးခြင်း မပါဝင်ပါဘူး။


⚖️ ဥပဒေရေးရာ ပြစ်ဒဏ်နှင့် အန္တရာယ်

တရားသူကြီးတစ်ဦးက အပြစ်ကျူးလွန်သူတစ်ဦးကို

ဟဒ်ဒ် (Ḥadd punishment) — အများပြည်သူရှေ့မှာ ကြိမ်ဒဏ်ပေးဖို့ အမိန့်ချမှတ်တဲ့အခါ

ဒီပြစ်ဒဏ်ကြောင့် အန္တရာယ်ဖြစ်သော်လည်း

➡️ ဒါဟာ ဥပဒေအရ ပြစ်ဒဏ် ဖြစ်တဲ့အတွက်

ဒီကိုင်ဒါဟ်နဲ့ မသက်ဆိုင်ပါဘူး။


📖 ဥပမာများ

🏡 ပုဂ္ဂိုလ်ရေးနှင့် ပိုင်ဆိုင်မှုဆိုင်ရာ ရပိုင်ခွင့်

ဆန်မြူရာဟ် (Samurah) လို့ခေါ်တဲ့ လူတစ်ယောက်မှာ

သူ့အိမ်နီးချင်းခြံထဲကို အကိုင်းအခက်တွေ ထိုးဝင်နေတဲ့ စွံပလွန်ပင် 🌴 တစ်ပင်ရှိခဲ့ပါတယ်။

အပင်ကို ထိန်းသိမ်းတဲ့အခါတိုင်း

➡️ သူက အိမ်နီးချင်းခြံထဲကို ဝင်ထွက်ရပါတယ်။

ဒီအရာက အိမ်နီးချင်းအတွက် အဆင်မပြေမှု 😓 ဖြစ်လာပါတယ်။

နောက်ဆုံးမှာ အိမ်နီးချင်းက

1️⃣ အပင်ကို ရောင်းပါ

2️⃣ နေရာပြောင်းပါ

ဆိုပြီး တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဆန်မြူရာဟ် က နှစ်ခုလုံးကို ငြင်းဆန်ခဲ့ပါတယ်

ဒီအကြောင်းကို တမန်တော်မြတ်ကြီး ﷺ ကြားသိတဲ့အခါ

➡️ နည်းလမ်း ၂ ခုထဲက တစ်ခုကို ရွေးဖို့ အကြံပြုခဲ့ပါတယ်

ဒါပေမဲ့ ဆန်မြူရာဟ်က ထပ်မံ ငြင်းဆန်ခဲ့ပါတယ်။

ထို့ကြောင့် တမန်တော်မြတ်ကြီးက

🗣️

“ဆန်မြူရာဟ်၊ အသင်သည် တခြားသူများကို စိတ်ဒုက္ခပေးနေသည့် အန္တရာယ်ပြုသူ ဖြစ်တယ်”

လို့ ကြေငြာခဲ့ပြီး

➡️ အိမ်နီးချင်းကို အပင်ကို ခုတ်ပစ်ရန် ခွင့်ပြုခဲ့ပါတယ် 🌳✂️

ဒီဆုံးဖြတ်ချက်က

✔️ အမှန်တကယ်ရှိနေတဲ့

✔️ တရားလွန်တဲ့

အန္တရာယ်ကို ဖယ်ရှားပေးခဲ့တာဖြစ်ပါတယ်။


🌾 စိုက်ပျိုးရေးဆိုင်ရာ ဥပမာ

မြေပိုင်ရှင်တစ်ဦးက မြေကို ငှါးထားခဲ့ပြီး

⏳ ငှါးရမ်းချိန် ပြည့်သွားပေမဲ့

🌾 ကောက်ရိတ်ချိန် မရောက်သေးဘူးဆိုရင်

➡️ ငှါးရမ်းချိန်ကို တူညီတဲ့စျေးနှုန်းနဲ့ တိုးနိုင်ပါတယ်

ဘာကြောင့်လဲဆိုတော့

❗ အချိန်မတိုင်ခင် ကောက်ရိတ်လိုက်မယ်ဆိုရင်

➡️ ငှါးသူအတွက် မတရားတဲ့ အန္တရာယ် ဖြစ်နိုင်လို့ပါ။


⚖️ အန္တရာယ် ၂ ခု တစ်ပြိုင်တည်းဖြစ်လာတဲ့အခါ

အန္တရာယ် ၂ ခု တစ်ပြိုင်တည်း ကြုံတွေ့ရတဲ့အခါ

📜 ဒီကိုင်ဒါဟ်မှာ အဓိကစည်းမျဉ်းတစ်ခုရှိပါတယ်။

➡️ အန္တရာယ်ကို တူညီတဲ့ အန္တရာယ်နဲ့ မဖယ်ရှားရပါ။


ဥပမာ

လူ ၂ ယောက်မှာ

💊 ဆေးတစ်မျိုးကို လိုအပ်နေတယ်ဆိုရင်

ဆေးရှိသူက

❌ မပေးဘဲ သိမ်းထားလို့ မရပါဘူး

ဒါက အန္တရာယ်ကို ပိုဆိုးစေမှာ ဖြစ်ပါတယ်။


⚖️ အန္တရာယ် မညီမျှတဲ့အခါ

အန္တရာယ် ၂ ခု မညီမျှရင်

➡️ ကြီးမားတဲ့ အန္တရာယ်ကို ရှောင်ဖို့ ပိုသေးတဲ့ အန္တရာယ်ကို ရွေးရပါတယ်။


ဥပမာ

ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး သေဆုံးသွားပေမဲ့

ဗိုက်ထဲက သန္ဓေသားက အသက်ရှိနေသေးတယ်ဆိုရင်

ဥပဒေပညာရှင်များက

➡️ ကလေးကို ကယ်နိုင်ဖို့

ကွယ်လွန်သူအမျိုးသမီးဗိုက်ကို ခွဲစိတ်ပြီး ကလေးထုတ်နိုင်တယ် လို့ ခွင့်ပြုထားပါတယ်။

ဘာကြောင့်လဲဆိုတော့

⚖️ ခွဲစိတ်မှုအန္တရာယ်

➡️ ကလေးသေသွားနိုင်တဲ့ အန္တရာယ်ထက် ပိုသေးလို့ ဖြစ်ပါတယ်။


🌍 နိဂုံး

ဒီကိုင်ဒါဟ်က

➡️ အန္တရာယ်မရှိတဲ့ ကမ္ဘာကြီးတစ်ခု ဖန်တီးဖို့ မဟုတ်ပါဘူး။

ဒါပေမဲ့

🧠 တတ်နိုင်သမျှ နည်းလမ်းများ အသုံးပြုပြီး

⚠️ အန္တရာယ်ကို လျော့ချနိုင်သမျှ လျော့ချဖို့

ဆိုတဲ့ သဘောတရားကို သင်ကြားပေးနေပါတယ်။

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၁၈) ဥပဒေက နည်းလမ်းရှာပေးလာ‌သောအခါ… အပိုင်း (၂၀) ရိုးရာဓလေ့ထုံးတမ်းများက ဥပဒေဖြစ်လာသောအခါ…

Leave a Reply

Your email address will not be published. Required fields are marked *