ငွေကြေးဆိုင်ရာ ဖိက်ဟ်၏ အခြေခံအုတ်မြစ်
📜 الْمَالُ وَالْمِلْكِيَّةُ
Al-Māl wa al-Milkiyyah
💰 ပိုင်ဆိုင်မှုနှင့် ပိုင်ရှင်
အစ္စလာမ့်ငွေကြေးဆိုင်ရာ ဥပဒေ၏ အခြေခံအုတ်မြစ် ၂ ရပ်
❗ “အတိုးမစားရ” ဆိုတာထက်ပိုတဲ့ သဘောတရား…
လူအများစုက အစ္စလာမ့်ငွေကြေးအကြောင်းနှင့် ပတ်သက်ပြီး အများဆုံးကြားရလေ့ရှိတာက
“အတိုးစားခြင်းကို တားမြစ်ထားတယ်” ဆိုတဲ့အချက်ပါ။
ဒါမှန်ပါတယ်၊ ဒါပေမဲ့ ဒါက ပိုပြီးနက်နဲတဲ့အကြောင်းအရာတွေထဲက အချက်တစ်ခုပဲ ဖြစ်ပါတယ်။
အစ္စလာမ့်ငွေကြေးဥပဒေဆိုတာက
ပိုင်ဆိုင်မှုကို ဘယ်လိုသတ်မှတ်ထားတယ်၊
ပိုင်ရှင်ဆိုတာဘယ်လိုပုံစံဖြစ်ရတယ်၊
အရောင်းအဝယ်တစ်ခု တရားဝင်ဖြစ်တယ် မဖြစ်ဘူးဆိုတာကို ဘာက သတ်မှတ်ထားတယ် အစရှိတဲ့ သတ်မှတ်ချက်တွေပါဝင်တဲ့ ပြီးပြည့်စုံတဲ့ ပုံစံစနစ်တစ်ခု ဖြစ်ပါတယ်။
ဒီအခြေခံအုတ်မြစ်တွေကို သေချာနားမလည်ထားဘူးဆိုရင်
ရီဗာ (ribā) အတိုးကို တားမြစ်ထားခြင်း က မရေမရာတဲ့ လက်တွေ့မဆန်တဲ့ ဥပဒေတစ်ခုဖြစ်နေတော့မှာပါ။
ဒီအခြေခံတွေကိုသာ သေချာနားလည်ထားမယ်ဆိုရင်တော့
ဒီသတ်မှတ်ချက်က သဘောတရားတွေနှင့် စနစ်တကျဖွဲ့စည်းထားတဲ့ ကျိုးကြောင်းညီညွတ်တဲ့ သတ်မှတ်ချက်တစ်ခု ဆိုတာကို သိမြင်လာမှာပါ။
🔑 အစ္စလာမ့်ငွေကြေးဥပဒေရဲ့ အခြေခံအသုံးအနှုန်း ၂ ခု
ငွေကြေးနှင့်ဆက်စပ်နေတဲ့ အစ္စလာမ့်ဥပဒေရဲ့ အဓိက အခြေခံအုတ်မြစ် အသုံးအနှုန်း ၂ ခုကတော့
- မလ် (māl) — ပိုင်ဆိုင်မှု
- မစ်လ်ခ် (milk) — ပိုင်ရှင်
ဖြစ်ပါတယ်။
💎 māl ဆိုတာဘာလဲ
māl ဆိုတာ ရှရီအအ်ရဲ့ တရားတော် အရ ဥပဒေဆိုင်ရာတန်ဖိုးရှိတဲ့ အရာတိုင်း ကို ရည်ညွှန်းထားတာဖြစ်ပါတယ်။
လူတစ်ယောက်က
- တရားနည်းလမ်းကျကျ ပိုင်ဆိုင်နိုင်
- အသုံးပြုနိုင်
- အလဲအလှယ် ပြုနိုင်
တဲ့ တစ်စုံတစ်ခုကို ဆိုလိုခြင်းဖြစ်ပါတယ်။
တစ်စုံတစ်ခုက māl လို့ သတ်မှတ်နိုင်ဖို့အတွက် တိကျတဲ့ အခြေအနေတွေနှင့် ကိုက်ညီမှုရှိဖို့လိုပါတယ်။
✔ လူသားတို့အတွက် အမှန်တကယ်အသုံးဝင်တဲ့အရာဖြစ်ရပါမယ်
✔ ပိုင်ဆိုင်နိုင် သို့မဟုတ် လွှဲပြောင်းပေးပို့နိုင်တဲ့ အရာဖြစ်ရပါမယ်
✔ ရှရီအအ်ကနေ အတိတလင်း ဥပဒေအရ အဖိုးမထိုက်တန်ဘူးလို့ သတ်မှတ်ထားတဲ့ အရာမဖြစ်ရပါဘူး
⚖️ ဒီသတ်မှတ်ချက်ရဲ့ နောက်ဆက်တွဲ
ဒီသတ်မှတ်ချက်က အမှန်တကယ်နောက်ဆက်တွဲများစွာရှိပါတယ်။
- လွတ်လပ်နေတဲ့လူသားတစ်ဦးကို ရောင်းချလို့မရပါဘူး
- ဒါက သီးခြားဥပဒေတစ်ခုဖြစ်နေလို့မဟုတ်ဘဲ လူသားဖြစ်နေတာက māl ရဲ့ သတ်မှတ်ချက်ထဲမဝင်လို့ပါ
အရက်သေစာသည်လည်း
လူသားတို့အတွက် ဥပဒေဆိုင်ရာတန်ဖိုးမရှိတဲ့အတွက်
တူညီစွာပဲ ရောင်းချလို့မရပါဘူး။
ဒါ့အပြင်
- ခိုးရာပါပစ္စည်း
- အရောင်းအဝယ်ထဲ တိုက်ရိုက်မပါဝင်တဲ့ Third party ရဲ့ ရပိုင်ခွင့်နှင့် ချိတ်ဆက်နေတဲ့ ပစ္စည်း
တွေကိုလည်း အလဲအလှယ်လုပ်တဲ့အခါ ကန့်သတ်ချက်တွေရှိပါတယ်။
အမှန်တကယ်မှာတော့ māl ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက် သည်
စီးပွားဖြစ်လုပ်နေတဲ့ အရောင်းအဝယ်တိုင်းမှာ အရင်ဆုံး ဆန်းစစ်ရမဲ့ အချက် တစ်ခုပဲ ဖြစ်ပါတယ်။
👤 Milk ဆိုတာ ဘာလဲ
Milk (ပိုင်ရှင်) ဆိုတာက
လူတစ်ဦးနှင့် māl လို့သတ်မှတ်ထားတဲ့ အရာတစ်ခုကြားက
ဥပဒေဆိုင်ရာဆက်စပ်မှု ဖြစ်ပါတယ်။
ဆိုလိုတာက
- māl ကို အသုံးပြုနိုင်ခွင့်
- māl ကနေ အကျိုးအမြတ် ရယူခွင့်
- māl ကို စွန့်ပစ်ဖယ်ရှားခွင့်
တို့ဖြစ်ပါတယ်။
📚 Milk ရဲ့ အမျိုးအစား ၂ ခု
အစ္စလာမ့်ဥပဒေထဲမှာ milk ကို ၂ မျိုး ထပ်ခွဲထားပါတယ်။
🔹 milk al-‘ayn — māl ကို ပိုင်ဆိုင်ခြင်း
🔹 milk al-manfa’ah — māl ကနေ အကျိုးအမြတ်ကို ခံစားခွင့်
ဒီလို ၂ ခုကွဲပြားတာက အရေးကြီးပါတယ်။
ဥပမာ 👇
သင်က ကားတစ်စီးကို ငှားစီးတယ် ဆိုပါစို့။
ဒါဆိုရင်
- သင်က milk al-manfa’ah (ကားကို သုံးပိုင်ခွင့်) ရပါတယ်
- milk al-‘ayn (ကားကို ပိုင်တာ) မဟုတ်ပါဘူး။
🚗 Ijārah (ငှားရမ်းခြင်း)
ဒီလိုကွဲပြားမှုက အစ်ဂျ်ဂျါရာဟ် (ijārah) လို့ခေါ်တဲ့
ငှားရမ်းခြင်းဥပဒေတစ်ခုလုံးကို ပုံဖော်ပေးနေပါတယ်။
ဒါကြောင့်ပဲ
ဘာကြောင့် အစ္စလာမ့် ငွေကြေးဆိုင်ရာ စာချုပ်တွေ က
သတ်မှတ်ထားတဲ့ပုံစံအတိုင်း လုပ်ဆောင်ရတာလဲဆိုတာကို ရှင်းပြပေးပါတယ်။
🧾 ပိုင်ဆိုင်ခွင့်ရရှိနိုင်တဲ့ နည်းလမ်းများ
ပိုင်ရှင်/ပိုင်ဆိုင်ခွင့်ကို ရယူနိုင်တဲ့ မြင်သာတဲ့ နည်းလမ်းတွေ ရှိပါတယ်။
📌 တရားဝင်စာချုပ်များမှတစ်ဆင့်
- ရောင်းခြင်း
- လက်ဆောင်ပေးခြင်း
- သေတမ်းစာမှ အမွေပေးခြင်း
📌 အမွေဆက်ခံခြင်း
📌 ပြန်မတောင်းရသေးတဲ့ လယ်မြေများကို ပြန်လည်ရယူခြင်း
တို့ဖြစ်ပါတယ်။
ဥပဒေသည်လည်း
ဘယ်လိုအရာတွေကိုတော့ ပိုင်ဆိုင်ခွင့် လွှဲပြောင်းလို့မရဘူးလဲ ဆိုတာကို အတိအကျ သတ်မှတ်ထားပါတယ်။
ဥပမာ
🎲 လောင်းကစား
💸 မတရားလွန်းသော အတိုးငွေ
တို့ကနေတစ်ဆင့် ပိုင်ဆိုင်ခွင့်လွှဲပြောင်းဖို့ ရည်ရွယ်တဲ့ အရောင်းအဝယ်တွေကို ဥပဒေအရ တားမြစ်ထားပါတယ်။
📑 ‘Aqd (စာချုပ်) ၏ အခန်းကဏ္ဍ
māl နှင့် milk ကို နားလည်လာပြီးနောက်
‘aqd ရဲ့ ကဏ္ဍကိုလည်း နားလည်ဖို့ လိုပါတယ်။
‘aqd ဆိုတာက
တရားဝင်နည်းလမ်းနှင့်
ပိုင်ဆိုင်မှုကို တစ်ဦးထံကနေ အခြားတစ်ဦးထံ လွှဲပြောင်းပေးတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။
စာချုပ်တစ်ခုမှာ 👇
✔ ījāb — ကမ်းလှမ်းခြင်း
✔ qabūl — လက်ခံခြင်း
✔ တရားဝင်ဖြစ်တဲ့ ပစ္စည်း သို့မဟုတ် အကြောင်းအရာ
တို့ပါဝင်ဖို့ လိုအပ်ပါတယ်။
အရေးအကြီးဆုံးကတော့
စာချုပ်ထဲမှာ
❌ ribā (အတိုး)
❌ gharar (မသေမချာမှု)
❌ အတိအလင်းတားမြစ်ထားတဲ့ လုပ်ငန်းများ
မပါဝင်ရပါဘူး။
⚖️ Māl – Milk – ‘Aqd
māl – milk – ‘aqd ၃ ခုလုံးက သီးခြားစည်းမျဉ်းတွေ မဟုတ်ပါဘူး။
ဒီ ၃ ခုလုံးက
👉 တကယ်ရှိတဲ့တန်ဖိုးအတွက်
👉 သင့်တင့်လျောက်ပတ်တဲ့ အလဲအလှယ်ဖြစ်စေဖို့
အတွက် တူညီတဲ့ သဘောတရားတစ်ခုအောက်မှာ လုပ်ဆောင်နေတဲ့ စနစ် ဖြစ်ပါတယ်။
အတိုးနှုန်းတွေ
မမြင်ရတဲ့ အန္တရာယ်တွေ
တားမြစ်ထားတဲ့ အရောင်းအဝယ်တွေ
တို့ကြောင့် မျှတမှုကို ဖျက်ဆီးနေတဲ့ အရာမှန်သမျှ ကို
အစ္စလာမ့်ဥပဒေအောက်မှာ တရားမဝင် လို့ သတ်မှတ်ပါတယ်။
🏛 ဒီ māl–milk–’aqd ပုံစံက ဘာလို့အရေးကြီးတာလဲ
ဒါက အစ္စလာမ့် ကူးသန်းရောင်းဝယ်ရေးဥပဒေ ထဲက
စီရင်ချက်တစ်ခုချင်းစီတိုင်းမှာ ရှိနေတဲ့ ဥပဒေဆိုင်ရာဒေါက်တိုင် ဖြစ်ပါတယ်။
ဥပမာ
- ribā (အတိုး) တားမြစ်ခြင်း
- murābahah ငွေကြေး
- အမွေဆက်ခံခြင်းဥပဒေ
- zakāt ပေးခြင်း
အစရှိတဲ့ အရာတွေ အားလုံးက ဒီ māl–milk–’aqd အခြေခံပုံစံပေါ်မှာ အခြေပြုထားတာ ဖြစ်ပါတယ်။
🔎 နောက်လာမယ့်အပိုင်းများ
နောက်ပိုင်းတွေမှာ
အထူးသဖြင့် အပိုင်း (၂၃) နှင့် (၂၈) မှာ
💡 ဘာကြောင့် အတိုးပေးစားခြင်းကို တိကျတဲ့ ဥပဒေဆိုင်ရာစည်းမျဉ်းများနှင့် တားမြစ်ထားတာလဲ
💡 အစ္စလာမ့်ငွေကြေးစနစ်မှာ တရားဝင်အစားထိုးနည်းလမ်းတွေ ဘာတွေရှိလဲ
ဆိုတာတွေကို ဒီတူညီတဲ့ အခြေခံသဘောတရားများကို အသုံးပြုပြီး ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
