Skip to content

အပိုင်း (၂၅) အစ္စလာမ့်ပြစ်မှုဆိုင်ရာ ဥပဒေ

ပြစ်ဒဏ်ချမှတ်ခြင်းနှင့်အတူ တရားမျှတမှုရှိခြင်း

الْعُقُوبَاتُ فِي الإِسْلاَم

Al-ʿUqūbāt fī al-Islām


📌 အကြောင်းအရာ၏ အဓိကသဘောတရား

အစ္စလာမ့်ဥပဒေမှာ ပြစ်ဒဏ်ခတ်ခြင်းသည် အသက်ကိုကာကွယ်ခြင်းအတွက် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ ပြင်းထန်စွာအပြစ်ပေးခြင်း သတ်သတ်မဟုတ်ပါ။ ⚖️

ဖိက်ဟ်၏ နားလည်မှုလွဲမှားလေ့အများဆုံးဖြစ်တတ်ကြသည့် ကဏ္ဍ ❗

အစ္စလာမ့်ပြစ်မှုဆိုင်ရာဥပဒေသည် အစ္စလာမ့်ဥပဒေသိပ္ပံပညာ၏ လူအများကြားတွင် ကျော်ကြားမှုအရှိဆုံးနှင့် သဘောပေါက်နားလည်မှုအနည်းဆုံးကဏ္ဍတစ်ခု ဖြစ်နေနိုင်ပါတယ်။

မီဒီယာတွေကနေ ဆွေးနွေးလေ့ရှိကြတဲ့အကြောင်းအရာတွေထဲမှာ ခဲနှင့်ပေါက်တာ၊ ခြေလက်ဖြတ်တာ၊ တန်ပြန်တုံ့ပြန်တာ အစရှိတဲ့ ပြစ်ဒဏ်တွေအပေါ်ကိုသာ လုံးလုံးလျားလျား အာရုံစိုက်တတ်ကြလေ့ရှိပြီး၊ ဒီပြစ်ဒဏ်တွေကို ဘယ်လိုအချိန်တွေနှင့် အပြစ်ပေးသင့်မပေးသင့်ကို ဆုံးဖြတ်ပေးတဲ့ ဥပဒေရေးရာစနစ်ကြီးတစ်ခုလုံးကိုတော့ မြင်တတ်လေ့မရှိကြပါဘူး။

ဒီနောက်ခံစနစ်ကြီးတစ်ခုလုံးကို နားလည်ထားဖို့က အရေးကြီးပါတယ် 🔍

ဘာကြောင့်လဲဆိုတော့ အစ္စလာမ့်ဥပဒေထဲမှာ ပြစ်ဒဏ်ပေးခြင်းကို စနစ်တစ်ခုလုံးရဲ့ နောက်ဆုံးအဆင့်အနေဖြင့်သာ ရေးဆွဲထားသာဖြစ်ပြီး စနစ်တစ်ခုလုံးက လူ့အသက်နဲ့ ဂုဏ်သိက္ခာကိုကာကွယ်ပေးဖို့အတွက်ပဲ ဖြစ်ပါတယ် ❤️

ဒီအချက်ကို ပညာရှင်ကြီးများက အတိအလင်းဖော်ပြထားပါတယ်။ အစ္စလာမ့်ပြစ်မှုဆိုင်ရာ ဥပဒေရဲ့ ရည်ရွယ်ချက်တွေထဲမှာ

👉 ဒဏ်ခတ်တုံ့ပြန်ခြင်း ⚖️

👉 ဟန့်တာခြင်း 🚫

👉 ပြန်လည်ထူထောင်ခြင်း 🔄

အားလုံး အတူတကွပါဝင်နေပါတယ်။


🧠 Maqāsid (مَقَاصِد) နှင့် အခြေခံရည်ရွယ်ချက်

ဥပဒေစနစ်ရဲ့ အတိုင်းအတာတစ်ခုလုံးကို အကြောင်းပြချက်တစ်ခုတည်းနှင့် ရှင်းပြလို့မရနိုင်ပါဘူး။

ဒါ့အပြင် Maqāsid (مَقَاصِد) ဖွဲ့စည်းပုံက ပိုပြီးနက်နဲတဲ့ နောက်ခံအကြောင်းကို ထပ်ဖော်ပြနေပါတယ်။

ပြစ်မှုဆိုင်ရာ ရာဇဝတ်မှုအမျိုးအစားတိုင်းသည် အဓိကမရှိမဖြစ်ကာကွယ်ဖို့လိုအပ်တဲ့ အကျိုးစီးပွား ၅ ခုဖြစ်တဲ့—

  • အသက် (nafs – نَفْس) ❤️
  • ဉာဏ်ပညာ (ʿaql – عَقْل) 🧠
  • မျိုးရိုး (nasl – نَسْل) 👨‍👩‍👧‍👦
  • စည်းစိမ်ဥစ္စာ (māl – مَال) 💰
  • သာသနာ (dīn – دِين) 🕌

ထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထပ်ပိုတဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့အတွက် ဖွဲ့စည်းတည်ဆောက်ထားတာပဲဖြစ်ပါတယ်။


⚖️ ပြစ်မှုအမျိုးအစား ၃ မျိုး

အစ္စလာမ့်ပြစ်မှုဆိုင်ရာဥပဒေသည် ပြစ်မှုများကို ဖွဲ့စည်းတည်ဆောက်ပုံအရ အမျိုးအစား ၃ မျိုးကွဲပြားစွာ ခွဲထားပါတယ်။

1️⃣ Ḥudūd (حُدُود)

  • သတ်မှတ်ထားသည့် ပြစ်မှုများအတွက် ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နဟ်တွင် အတိအကျပြဌာန်းထားသည့် ပြစ်ဒဏ်များ
  • အလွန်ခိုင်လုံခြေရှိသည့် သက်သေအထောက်အထား
  • သံသယ (shubhah – شُبْهَة) သည် ပြစ်ဒဏ်ကို ဆိုင်းငံ့နိုင်ပါသည် ⚠️

2️⃣ Qiṣāṣ (قِصَاص)

  • ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှု သို့မဟုတ် လူသတ်မှုအတွက် တူညီသည့် လက်တုံ့ပြန်ဒဏ်ခတ်မှု

ပြစ်မှုကျူးလွန်ခြင်းခံရသည်၏ မိသားစုမှ—

  • ခွင့်လွှတ်ချမ်းသာဖြစ်စေ 🤝
  • diyah (دِيَة) (blood money) 💰
  • တန်ပြန်ဒဏ် ⚖️

ပြုလုပ်နိုင်သည်။


3️⃣ Taʿzīr (تَعْزِير)

  • Ḥudūd နှင့် Qiṣāṣ တို့ထဲတွင် မပါဝင်ထားသော ပြစ်မှုများအတွက် ပြည်နယ်တရားရုံးမှ လိုအပ်သလို ဆုံးဖြတ်ပိုင်ခွင့်ရှိသော ပြစ်ဒဏ်များ
  • ပြုပြင်ပြောင်းလဲရန် ရည်ရွယ် 🔄

⚠️ Ḥudūd – သတ်မှတ်ထားသည့် ပြစ်ဒဏ်များနှင့် သံသယ

Ḥudūd ပြစ်မှုများမှာ—

  • zinā (زِنَا)
  • qadhf (قَذْف)
  • sariqah (سَرِقَة)
  • ḥirābah (حِرَابَة)
  • shurb (شُرْب)
  • riddah (رِدَّة)

တို့ ဖြစ်ကြပါတယ်။

ဒါသည် ဖန်ဆင်းရှင်၏ အခွင့်— ḥuqūq Allāh (حُقُوقُ الله) ဖြစ်ပါတယ် 🕌

ဥပမာ zinā အတွက်—

👉 မျက်မြင်သက်သေ ၄ ဦး လိုအပ်ပါတယ်

👉 သံသယ (shubhah – شُبْهَة) ရှိပါက

➡️ ပြစ်ဒဏ်ကို ရပ်ဆိုင်းနိုင်ပါသည်

👉 ဒါက ဟာကွက်မဟုတ်ပါ

👉 စနစ်တကျဖွဲ့စည်းထားတဲ့ အခြေခံသဘောတရားဖြစ်ပါတယ်


📖 Ḥudūd ၏ ရည်ရွယ်ချက်

Ḥudūd အတွက် ပြစ်ဒဏ်ပေးတယ်ဆိုတာက ပြစ်မှုကိုမဖြစ်ပေါ်လာအောင် တားဆီးဖို့နဲ့ ပြစ်ဒဏ်ကိုရှက်ကြောက်စိတ်နှင့် ကိုယ်ကျင့်တရားကို အ‌လေးပေးကာကွယ်တတ်ဖို့ ဖော်ပြချက်တစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။

လက်တွေ့သက်သေခံပေးဖို့ အမှန်တကယ်ကို ခက်တဲ့ သက်သေခံချက်ကိုပြနိုင်မှသာ ထိုကြီးလေးတဲ့ပြစ်ဒဏ်တွေကိုချမှတ်ဖို့ သတ်မှတ်ထားတာက လူသားတွေကိုကာကွယ်ဖို့အတွက် ရည်ရွယ်ချက်ချက် ရှိရှိနှင့်လုပ်ထားတာဖြစ်ပါတယ်။

ဥပမာအားဖြင့် zinā (زِنَا) ကို တိုင်တန်းတဲ့အခါ မျက်မြင်သက်သေ ၄ ‌ယောက်ပြနိုင်မှ ကြီးလေးတဲ့ အပြစ်ဒဏ်ခတ်မှာဖြစ်သည့်အတွက် အမှန်တကယ်မှာ zinā က လူမြင်ကွယ်ရာတွင် လူမသိသူမသိကျူးလွန်ကြလေ့ရှိပြီး လူအများရှေ့မှောက်သာ ရောက်မလာခဲ့ရင် သက်သေပြချက်မခိုင်လုံသဖြင့် ခဲပေါက်သတ်သည်အထိပြင်းတဲ့ အပြစ်ဒဏ်မခံရနိုင်ပဲ ပြည်နယ်ကဆုံးဖြတ်တဲ့ စီရင်ချက်အတိုင်း ပြစ်ဒဏ်ခံရမှာပဲဖြစ်ပါတယ်။

ခဲပေါက်သတ်ခြင်းအထိ ပြစ်ဒဏ်မခံရရင်တောင် Private affairs ဖြစ်သည့် zinā အတွက် ဖန်ဆင်းရှင်ထံမှာ ကျူးလွန်သူတို့ ဖြေရှင်းရမှာကတော့ မလွဲမသွေပါဘဲ။


⚖️ Qiṣāṣ – လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ တန်ပြန်ပြစ်ဒဏ်

Qiṣāṣ (قِصَاص) သည် အဓိက ရည်ရွယ်ချက်ရှိရှိနာကျင်စေခြင်းနှင့် လူသတ်မှုအတွက် အုပ်စိုးထားတာ ဖြစ်ပါတယ်။

Qiṣāṣ ဆိုတဲ့ စကားလုံးက သာတူညီမျှမှုဖြစ်ပြီး တန်ပြန်ပြစ်ဒဏ်ခတ်ခြင်းက အချိုးကျဖို့လိုပါတယ်။

လူသတ်မှုတစ်ခုအတွက် (qatl ʿamd – قَتْل عَمْد)

မိသားစုမှာ ရွေးချယ်ခွင့် ၃ ခုရှိပါတယ်—

  • တန်ပြန်ဒဏ် ⚖️
  • diyah (دِيَة) 💰
  • ခွင့်လွှတ်ခြင်း 🤝

ထို့အပြင်—

sulh (صُلْح) (ပြေငြိမ်းခြင်း) ကိုလည်း ရွေးချယ်လို့ရပါတယ်။

👉 ခွင့်လွှတ်ခြင်းသည် ပျော့ကွက်မဟုတ်

👉 ဥပဒေစနစ်၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါတယ်


⚖️ Taʿzīr – တရားရေးအဆုံးအဖြတ်

Taʿzīr (تَعْزِير) သည် ḥudūd (حُدُود) သို့မဟုတ် qiṣāṣ (قِصَاص) အောက်မှာ မပါဝင်သော ပြစ်မှုများကို စီရင်ပေးပါတယ်။

ရည်ရွယ်ချက်မှာ—

👉 ပြုပြင်ပြောင်းလဲခြင်း 🔄

ပြစ်ဒဏ်များတွင်—

  • သတိပေးချက် ⚠️
  • ငွေဒဏ် 💰
  • ထောင်ဒဏ် 🏛️
  • သေဒဏ် ⚖️

ဆုံးဖြတ်ချက်သည်—

👉 တရားသူကြီး (qāḍī – قَاضِي) အပေါ် မူတည်ပါသည်


🧭 နိဂုံးချုပ်

အစ္စလာမ့်ပြစ်မှုဆိုင်ရာ ဥပဒေသည် လူ့အသက်များကို ကာကွယ်ပေးသည့် စနစ်တစ်ခုဖြစ်ပြီး ပြင်းထန်စွာအရေးယူမှုသီးသန့်ချည့် မဟုတ်ပါ ❗

Maqāsid (مَقَاصِد) ရဲ့ အရင်းအမြစ်တွေက ဒွိဟဖြစ်စရာကိုမရှိပါ။

qiṣāṣ (قِصَاص) သည် အသက်ကို ကာကွယ်ပေးဖို့ အဓိကဖြစ်သည်။

ḥudūd (حُدُود) ပြစ်ဒဏ်များသည်—

အသက် ❤️

မျိုးရိုး 👨‍👩‍👧‍👦

ဉာဏ် 🧠

စည်းစိမ် 💰

သာသနာ 🕌

တို့ကို ကာကွယ်ပေးနေပါတယ်။


✨ အဆုံးသတ်အတွေး

အစ္စလာမ့်ပြစ်မှုဆိုင်ရာဥပဒေသည်—

❌ အာဏာပါဝါပြရုံမဟုတ်

❌ ပြင်းထန်မှုသီးသန့်မဟုတ်

✅ ကာကွယ်မှု

✅ တရားမျှတမှု

✅ သက်ညှာမှု

တို့ကို ပေါင်းစပ်ထားသော စနစ်တစ်ခုဖြစ်ပါတယ် ⚖️✨

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၂၄) အစ္စလာမ့်မိသားစုဥပဒေ

Leave a Reply

Your email address will not be published. Required fields are marked *