Skip to content

အပိုင်း (၅) အစ္စလာမ့်ဥပဒေက အချိန်ကာလနှင့် ဘယ်လို အလိုက်သင့်ပြောင်းလဲနိုင်သလဲ။

ကြားဖူးကြပါလိမ့်မယ် 📣 “ အစ္စလာမ့်ဥပဒေက နှစ်ပေါင်း ၁၄၀၀ အရင်က ရှိခဲ့တာ၊ ခုကအချိန်ကာလတွေပြောင်းလဲလာနေပြီ” ⏳ ဆိုတာမျိုး။ မှန်ပါတယ် ✔️ အချိန်ကာလတွေက ပြောင်းလဲနေပါတယ် 🔄 ထို့အတူပဲ အစ္စလာမ့်ဥပဒေကို ဒီလိုပြောင်းလဲမှုအတွက်ပဲ အတိအကျ ရေးဆွဲခဲ့တာဖြစ်တယ် 📖

❓ရှုပ်သွားသလား။ အဓိကအဖြေကတော့ အစ္စလာမ့်ဥပဒေကို အချိန်ကာလအကန့်အသတ်မရှိ တိကျစွာရေးဆွဲထားခဲ့ပါတယ် ⏱️ ဘာလို့လဲဆိုတော့ အစ္စလာမ့်ဥပဒေကို အလိုက်သင့်ပြောင်းလဲနိုင်အောင် ရေးဆွဲ ဖွဲ့စည်းထားခဲ့လို့ပါပဲ 🔁

🌴 အစ္စလာမ့်ဥပဒေကို သစ်ပင်တစ်ပင်ဆိုပြီး စဉ်းစားကြည့်ရအောင် 🌳

သစ်ပင်ရဲ့ အမြစ်နှင့် ကိုယ်ထည်က အစ္စလာမ်သာသနာရဲ့ ပင်မယုံကြည်ချက်တွေ 🤲 မဏ္ဏိုင်ကြီး ၅ ခုနှင့် အဓိက ကိုယ်ကျင့်တရားဆိုင်ရာအခြေခံသဘောတရားတွေ ⚖️ နှင့် အလားသဏ္ဍန်တူပြီး ထာဝရ တစ်သတ်မတ်တည်းဖြစ်ပါတယ် ♾️ ဒီအရာတွေက ဘယ်တော့မှ မပြောင်းလဲသွားပါဘူး 🚫

သစ်ပင်ရဲ့ အကိုင်းအခက်တွေကရော 🌿 သူတို့က ကြီးထွားလာကြတယ် 📈 ကမ္ဘာကြီးပြောင်းလဲသလောက် 🌍 သူတို့တွေကလည်း အရပ်မျက်နှာအသစ်တွေကို ဆန့်တန်းရောက်ရှိလာနေကြတယ် 🌱 ဆိုလိုတာက ပြောင်းလဲမှုတွေနှင့် လိုက်လျောညီထွေစွာ အလိုက်သင့်ရှင်သန်နေကြတယ် 🤝

လူအများစုက အစ္စလာမ့်ဥပဒေကို ကိုယ်ထည်ကြီးသဘောပဲယူဆနေကြတယ် 💭 ခိုင်မာတယ် 🪨 မပြောင်းလဲနိုင်ဘူး ❌ တစ်သမတ်တည်းတစ်မျိုးတည်းကိုပဲ နေရာစုံမှာသုံးကြမယ်လို့ပေါ့။ လက်တွေ့မှာတော့ မပြောင်းလဲတဲ့ တစ်သတ်မတ်တည်းဖြစ်နေတဲ့အပိုင်းက အံ့သြစရာကောင်းလောက်စွာ အရမ်းနည်းပါတယ် 😮 စည်းမျဉ်းတွေအားလုံးရဲ့ ၁၀-၂၀ ရာခိုင်နှုန်းလောက်နီးပါးပဲ ရှိပါတယ် 📊 ကျန်တဲ့စည်းမျဉ်းအကုန်လုံးက အခက်တွေလိုပဲ 🌿 အစဉ်အမြဲပြောင်းလဲနေတဲ့ကမ္ဘာကြီးနှင့် အလိုက်သင့်ဖြစ်စွာ ပြောင်းလဲ ကျင့်သုံးနေကြတာဖြစ်ပါတယ် 🔄

ဟိုးအစကတည်းက ဒီပုံစံပဲဖြစ်ခဲ့ပါတာပါ 🏛️ ဒီလိုပြောင်းလဲမှုတွေနှင့် အလိုက်သင့်လိုက်ပြောင်းလဲနေတာက ခုခေတ်မှ တီထွင်ဆန်းသစ်လိုက်တာမဟုတ်ပါဘူး 🕰️ ကနဦးအစကတည်းက ဒီပုံစံနှင့်ပဲ ဖွဲ့စည်းထားခဲ့တာပါ 📚

တမန်တော်မြတ်(ﷺ) သက်ရှိထင်ရှားရှိစဉ်က မေးခွန်းရှိတိုင်း အဖြေချက်ချင်းရခဲ့ကြတယ် 💬✅

🌎 တမန်တော်မြတ်ကြီး အလ္လာဟ့်အမိန်ခံယူတော်မူပြီးနောက်မှာတော့ အစ္စလာမ်သာသနာဟာ တိုက်ကြီး ၃ တိုက်ကို ဖြတ်ပြီး လျင်မြန်စွာပြန့်ပွားခဲ့ပါတယ် 🚀 ရိုမာန်ဆီးရီးယား၊ စစ္နဒ် ပါရှား၊ ဘိုင်ဇန်တင်း အီဂျစ်တို့မှာ နေထိုင်ခဲ့ကြတဲ့ မွတ်စ်လင်မ်တို့ဟာ 🕌 တစ်နေရာနဲ့တစ်နေရာ ဓလေ့ထုံးတမ်းတွေ 🎎 စီးပွားရေးတွေ 💰 နှင့် တရားဥပဒေဆိုင်ရာအစဉ်အလာတွေ ⚖️ လုံးဝကွဲလွဲနေခဲ့ကြပါတယ်

သာဝကကြီးတွေက ၇ ရာစု အာရေဗျရဲ့ ဓလေ့ထုံးတမ်းတွေကို ပါရှားသို့ လွယ်လွယ်လေး ဖြန့်ဖြူးခဲ့တာမဟုတ်ပါဘူး ❗ “တမန်တော်မြတ်ကြီးချမှတ်ခဲ့တဲ့ စည်းမျဉ်းတွေရဲ့ နောက်ကွယ်က အခြေခံသဘောတရားက ဘာလဲ 🤔” “ဒါကို ဒီနေရာမှာ ဘယ်လို ကျင့်သုံးမလဲ 🧐” အစရှိသဖြင့် လေးနက်တဲ့မေးခွန်းပေါင်းများစွာကို တွေးတောဆင်ခြင်ခဲ့ကြပါတယ် 🧠 ဂရုတစိုက် လေးနက်စွာနဲ့ သဘောတရားတွေကို အခြေခံပြီး ဆင်ခြင်တွေးတောတဲ့ ဖြစ်စဉ်တစ်ခုလုံးကို အဂျ်တီဟဒ်လို့ခေါ်ပါတယ် 📘

“ဘာကြောင့်” ဆိုတဲ့မေးခွန်းတွေ ❓

ရှေးပညာရှင်တို့က အခြေအနေအသစ်တွေ 🔎 ပြဿနာအသစ်တွေ ပေါ်လာတိုင်း မထိတ်လန့်ခဲ့ကြပါဘူး 😌 သူတို့က ရိုးရှင်းတဲ့မေးခွန်းတစ်ခုကိုပဲ အထပ်ထပ်အခါခါ သုံးသပ်ခဲ့ကြတာပါ — “ဘာကြောင့် ဒီစည်းမျဉ်းကို သတ်မှတ်ပေးခဲ့တာလဲ 🤔”

ဒီလို “ဘာကြောင့်” ဆိုတဲ့မေးခွန်းတွေ မေးပြီး သုံးသပ်ဆင်ခြင်တာကို “အစ်လဟ်” လို့ခေါ်ပါတယ် 📖 အဓိကအရင်းအမြစ်၊ နောက်ခံအကြောင်းအရင်းကို တွေးတောဆင်ခြင်ခြင်းဖြစ်ပါတယ် 🧠

တမန်တော်မြတ်ကြီးက စွံပလွန်သီးခြောက်တွေကို စွံပလွန်သီးအစိုတွေနဲ့ မညီမမျှ လဲလှယ်ခြင်းကို တားမြစ်ခဲ့တယ် ⚖️❌ ပါရှားက ပညာရှင်က စဉ်းစားတယ် 🤔 “ပါရှားမှာ စွံပလွန်သီးကိုမှ ကုန်သွယ်တာမလုပ်ရင် ဆန်ဆိုရင်ရော 🌾 ဂျုံဆိုရင်ရော 🌾”

အဖြေက တန်ဖိုးချင်းမတူညီတဲ့ ကုန်ပစ္စည်းတွေကို လဲလှယ်တဲ့အခါ မမြင်နိုင်တဲ့ ခေါင်းပုံဖြတ်ခြင်း/အမြတ်ထုတ်ခြင်းမှ ကာကွယ်ဖို့ ဖြစ်ပါတယ် 🛡️ ဒါကြောင့် တူညီတဲ့အကြောင်းအရာရှိတဲ့ ဆန်၊ ဂျုံ၊ ရွှေ တို့မှာလည်း ဒီစည်းမျဉ်းကို ကျင့်သုံးနိုင်ပါတယ် ✔️

အဝတ်အစားဝတ်ဆင်ခြင်းကို ကြည့်လိုက်ကြရအောင် 👕

တမန်တော်မြတ်ကြီးက သုဘ် (ဝတ်ရုံရှည်) ကို ဝတ်ဆင်ခဲ့ပါတယ် ဒါဆို မွတ်စ်လင်မ်အမျိုးသားတိုင်း တစ်သက်လုံး ဝတ်ရုံရှည်ပဲ ဝတ်ရမလား ❓ မဟုတ်ပါဘူး ❌

ဝတ်စားဆင်ယဉ်ခြင်းရဲ့ နောက်ကွယ်က သဘောတရားက အိန္ဒြေရှိစွာ ဂုဏ်သိက္ခာရှိစွာ ဝတ်ဆင်ခြင်းဖြစ်ပါတယ် ✨ ၇ ရာစု အာရေဗျမှာ ဝတ်ရုံရှည်က အိန္ဒြေရှိမှုကို သရုပ်ဖော်ခဲ့သလို ယနေ့ခေတ်မှာ ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည် 👔👖 ကလည်း အိန္ဒြေရှိမှုကို ဖော်ပြနိုင်ပါတယ်

အဓိကအချက်က အခြေခံသဘောတရားက မပြောင်းလဲဘူး ♾️ ဒါကို သရုပ်ဖော်ပုံက ခေတ်နှင့်အလိုက် ပြောင်းလဲနိုင်ပါတယ် 🔄

သို့သော် အလိုက်သင့်ပြောင်းလဲခြင်းမှာ စည်းဘောင်ကန့်သတ်ချက်ရှိပါတယ် ⚠️ အတိအလင်း တားမြစ်ထားတာတွေကိုတော့ မပြောင်းလဲနိုင်ပါဘူး ❌

ဥပမာ အရက် 🍷 ကို ဘယ်လိုပဲ ပြန်ချက်ပြောင်းလဲလုပ်လုပ် ဟလာလ်ဖြစ်အောင် လုပ်လို့မရပါဘူး 🚫 တားမြစ်ချက်က အတိအကျ ရှိပါတယ် 📜

အရင်ခေတ်မှာ မရှိခဲ့ဖူးတဲ့ အကြောင်းအရာအသစ်တွေ ပေါ်လာရင်ရော ❓ ပညာရှင်တွေက မဆလဟ် (အများပြည်သူအကျိုး) ကို အလေးပေး သုံးသပ်ကြပါတယ် 🤝

ယာဉ်စည်းကမ်း 🚦 ကို ဥပမာထားကြည့်ရအောင်။ လူ့အသက်ကို ကာကွယ်ခြင်း ❤️‍🩹 က Maqasid ရဲ့ ပင်မ ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။ ယာဉ်စည်းကမ်းက လူ့အသက်ကို ကာကွယ်ပေးတယ် 🛡️ ဒါကြောင့် ယာဉ်စည်းကမ်းကို လိုက်နာခြင်းက ဘာသာရေးအရ တာဝန်ရှိခြင်းဖြစ်တယ် ✔️

ဒါကြောင့် အစ္စလာမ့်ဥပဒေကို ရာစုနှစ်တိုင်း အသစ်ပြန်ရေးဖို့ မလိုအပ်ပါဘူး 📚 အစကတည်းက ရာစုနှစ်များစွာကို အလိုက်သင့် ပြောင်းလဲအသုံးပြုနိုင်အောင် ဖွဲ့စည်းပေးထားခဲ့ပြီးသား ဖြစ်ပါတယ် 🌿

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၃) ပညာရှင်ကြီးများ တစ်ဦးနှင့်တစ်ဦးအမြင်တွေမတူကြတဲ့အခါ … ဘာလို့ဒီအခြေအနေက တကယ်တမ်းမှာ သက်ညှာမှုတစ်ခုဖြစ်နေရတာလဲ။ အပိုင်း (၄) အစ္စလာမ်သာသနာမှ ကာကွယ်ပေးထားသည့် အကြောင်းအရာ ၅ ခု

Leave a Reply

Your email address will not be published. Required fields are marked *