Skip to content

အပိုင်း (၇) အစ္စလာမ့်စည်းမျဉ်းဥပဒေတွေက ဘယ်ကနေဖြစ်ပေါ်လာတာလဲ။

ပထမ ၆ ပိုင်းမှာ အစ္စလာမ့်ဥပဒေက ဘာလဲ၊ ဘယ်လိုပေါ်ပေါက်လာခဲ့တာလဲ၊ ဘယ်သူတွေက ပုံဖော်ခဲ့တာလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ ဒီထဲမှာ မဖြေရသေးတဲ့ မေးခွန်းတစ်ခုရှိပါတယ် 🤔

ပညာရှင်တစ်ဦးက စည်းမျဉ်းဥပ‌ဒေတစ်ခုကို သေချာချင့်ချိန်စဉ်းစားသုံးသပ်ပြီး ထုတ်လိုက်တဲ့အခါ အမှန်တကယ်မှာ အဲ့ဒီပညာရှင်က ဒီစည်းမျဉ်းအတွက် ဘယ်ရင်းမြစ်ကနေပြီးတော့ ရှာဖွေသုံးသပ်လိုက်တာလဲ။ 🔎

အစ္စလာမ့်ပညာရှင်ကြီးတိုင်းက တိကျတဲ့ စနစ်တကျစဉ်ထားတဲ့အစီအစဉ်တစ်ခုကိုပဲ လိုက်နာကျင့်သုံးကြတာပါ 🧭 ယုံကြည်စိတ်ချရမှုအမြင့်မားဆုံးသော သက်သေခံချက်က ပထမဦးစားပေး၊ သူ့နောက်က အထောက်အပံ့ပေးတဲ့သက်သေခံချက်၊ နောက်ဆုံးမှ ဆင်ခြင်သုံးသပ်ချက်ကိုအသုံးပြုကြပါတယ် ⚖️ ဒီလိုအဆင့်လိုက်အစဉ်သတ်မှတ်ထားတာက ထင်မြင်ရာတစ်ဖက်သတ်အတွေးအတိုင်းလုပ်ကြတာမဟုတ်ပါဘူး။ ရင်းမြစ်တစ်ခုစီက သူ့အောက်က အဆင့်တစ်ခုစီထက်ပိုပြီးတိကျနေလို့ပါ 📖

ပထမအဆင့် ကျမ်းမြတ်ကုရ်အာန် 📖


ကျမ်းမြတ်ကုရ်အာန်သည် အလ္လာဟ်(ﷻ) ၏ ဝဟီဆင့်ပြန်ချက်ဖြစ်ပြီး အစ္စလာမ့်ဥပဒေရဲ့ အမြင့်ဆုံးသြဇာသက်ရောက်ပါတယ် 🌟 အကြောင်းအရာတစ်ခုနှင့် ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန်ထဲမှာ အတိအကျ ဖော်ပြထားတယ်ဆိုရင် ဆက်ဆွေးနွေးစရာမရှိတော့ပါဘူး။ အဖြေတစ်ခါတည်းထွက်ပါပြီ ✅
ဥပမာအားဖြင့် “ထို့ပြင် အသင်တို့ သည် တရားမဝင်သော ကာမလိုက်စားပြုကျင့်မှု အနားကိုပင် မကပ်ကြနှင့်။ ထို့ပြင် ထိုအရာသည် အလွန်စက်ဆုပ် ရွံရှာဖွယ်ရာဖြစ်သည့်အပြင် အလွန်ဆိုးဝါးသောလမ်းစဉ်လည်း ဖြစ်သည်။ ” (အာယာဟ် ၁၇း၃၂) သည် ရှင်းလင်းတိကျပြတ်သားစွာနှင့် တိုက်ရိုက် အဆုံးသတ်အဖြေဖြစ်ပါတယ် 📌
ကျမ်းမြတ်ကုရ်အာန်သည် အခြေခံသဘောတရားတွေ၊ ကျင့်ဝတ်စည်းဘောင်တွေနှင့် ပင်မဝတ္တရားတို့ကို အခိုင်အမာသက်သေထူထားပြီး အသေးစိတ်အချက်တွေမှာတော့ လူသားတို့ရဲ့ ဆင်ခြင်တွေးတောဉာဏ်နှင့် ဖြည့်နိုင်ဖို့ ရည်ရွယ်ချက်နှင့် နေရာလွတ်လေးတွေပေးထားပါတယ် 🧠

ဒုတိယအဆင့် စွန္နဟ် 🕊


စွန္နဟ်သည် တမန်တော်မြတ် (ﷺ) ၏ အမိန့်တော်တွေ၊ လုပ်ဆောင်ချက်တွေနှင့် ခွင့်ပြုချက်တွေဖြစ်ပြီး ကျမ်းမြတ်ကုရ်အာန်၏ သက်ရှိရှင်းလင်းချက်အနေဖြင့် ရှိနေပါတယ် ✨ “တမန်တော်မြတ်ကြီး၏လမ်းစဉ် (စွန္နဟ်)သည် အစ္စလာမ်သာသနာ၏ လက်တွေ့ကျင့်သုံးချက်များကို အသေးစိတ်ရှင်းပြပေးနေပြီး စရိုက်လက္ခဏာများကိုလည်း ထင်ရှားရှင်းလင်းစွာပြသပေးထားပါတယ်။”
ကျမ်းမြတ်ကုရ်အာန်ထဲတွင် “နမားဇ်ဝတ်ပြုခြင်းကိုစတင်ရန်” လို့ ဖော်ပြလာတဲ့အခါ စွန္နဟ်က ဘယ်လိုနမားဇ်ဝတ်ပြုရမယ်ဆိုတာ အတိအကျပြသပေးပါတယ် 🕌 ကျမ်းမြတ်ကုရ်အာန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်အနေနဲ့၊ စွန္နဟ်ကိုတော့ ဘဝထဲကို သယ်ဆောင်လာပေးတဲ့ အသေးစိတ်ကျတဲ့၍ဥပဒေအနေနဲ့ စဉ်းစားကြည့်လိုက်ပါ။ စွန္နဟ်သာမရှိနေဘူးဆိုရင် ကျွန်မတို့ အစ္စလာမ်ကို လိုက်ကျင့်သုံးဖို့ ခက်သွားပါလိမ့်မယ် ⚖️

တတိယအဆင့် အိဂျ်မာအ် (ပညာရှင်အများစု၏ သဘောဆန္ဒ) 🤝


အကယ်၍များ ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နဟ်ထဲမှာ တိကျပြတ်သားတဲ့အဖြေတစ်ခုရှာမတွေ့ဘူးဆိုရင် ဘာဆက်ဖြစ်ကြမလဲ။ ❓ အဲ့လိုအချိန်ဆိုရင်တော့ ပညာရှင်ကြီးတွေက အိဂျ်မာအ် ဘက်ကို စဉ်းစားအဖြေထုတ်ကြပါတော့တယ် 📚 မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကိုဖြတ်ကျော်လာခဲ့တဲ့ ပညာအရည်အသွေးပြည့်မီတဲ့ အစ္စလာမ့်ပညာရှင်အများစုရဲ့ သဘောဆန္ဒအတိုင်း ဆုံးဖြတ်တာပါ။
တမန်တော်မြတ်(ﷺ) မှ “ကိုယ်တော်ရဲ့ နောက်လိုက်တွေထဲက အုပ်စုတစ်ခုကတော့ အမြဲတမ်း လမ်းမှန်ပေါ်မှာသာရှိနေလိမ့်မယ်” လို့ မိန့်တော်မူခဲ့ဖူးပါတယ် 💬
ဒီအမိန့်တော်က ပညာရှင်များရဲ့ စုပေါင်းအတည်ပြုချက်ကို အားကောင်းတဲ့ သြဇာအနေနဲ့ အသိအမှတ်ပြုထားပါတယ် ✔️ မျိုးရိုးစဉ်ဆက်အစုံ၊ နေရာဒေသအစုံနှင့် ကျောင်းတော်ကြီး ၄ ခုတို့က ပညာရှင်ကြီးတို့က အကြောင်းအရာတစ်ခုအပေါ်မှာ တညီတညွတ်တည်း သဘောတူခဲ့ကြတယ်ဆိုရင် ဒီသဘောတူညီချက်ကိုယ်တိုင်က သက်သေခံချက်တစ်ခုဖြစ်လာပါတယ် 📖
ဥပမာအားဖြင့် နမားဇ်တစ်ကြိမ်ချင်းစီမှာ အတိအကျ ဘယ်နှစ် ရကဟ် ရှိနေသလဲဆိုတာ ကျမ်းမြန်ကုရ်အာန် ရဲ့ အာယာဟ်တစ်ခုပြီးတစ်ခုမှာ ရှင်းလင်းဖော်ပြခဲ့တာမဟုတ်ပါဘူး။ ရကဟ် အတိအကျကို စွန္နဟ်မှတစ်ဆင့် စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ရာစုနှစ်တိုင်းမှာရှိတဲ့ ပညာရှင်တိုင်းရဲ့ သဘောတူညီချက် (အိဂျ်မာအ်) ကနေ အတည်ပြုထားခဲ့တာဖြစ်ပါတယ် 🕌 ဒီလို တညီတညွတ်တည်းသဘောတူညီချက်တိုင်းက ကျွန်မတို့ကို တိကျမှုတစ်ခုပေးပါတယ် 🔒

စတုထ္ထအဆင့် ကိယာစ် (နှိုင်းယှဉ်ဆင်ခြင်းခြင်းအားဖြင့် သုံးသပ်ခြင်း) ⚖️
လုံးဝကိုတစ်ခါမှမရှိဘူးတဲ့ အခြေအနေတစ်ခုပေါ်လာတဲ့အခါတိုင်းမှာ ပညာရှင်ကြီးများက ကိယာစ်လို့ခေါ်တဲ့ တူညီတဲ့နောက်ခံအကြောင်းတွေရှိနေတဲ့ သိထားပြီးတဲ့ အကြောင်းအရာ/အဖြစ်အပျက်တစ်ခုရဲ့ စည်းမျဉ်းကို အကြောင်းအရာအသစ်မှာ ကျင့်သုံးခြင်းကို အသုံးပြုကြပါတယ် 🔍
အကြောင်းအရာ ၂ ခုလုံးက တူညီတဲ့ သက်ရောက်မှု/အရည်အသွေးရှိနေတဲ့အတွက်ကြောင့် အကြောင်းအရာ အသစ်တစ်ခုကို ရှိနေပြီးသား စည်းမျဉ်းတစ်ခုနှင့် ချိတ်ဆက်လိုက်တာ၊ ဥပမာအားဖြင့် အတိုးစားခြင်းကိုတားမြစ်တဲ့နေရာမှာ ဆန်အစား ဂျုံနှင့်ချိတ်လိုက်တာ အဓိက ဆန်နှင့် ဂျုံက တိုင်းတာတဲ့ကုန်ပစ္စည်းအနေနဲ့ တူညီတဲ့အရည်အသွေးရှိနေတာဖြစ်တယ်ဆိုတဲ့ သဘောလိုပါပဲ 🌾
ယနေ့ခေတ်မှာ ပညာရှင်ကြီးတွေက ကိုယ်တွင်းအင်္ဂါအစားထိုးလှူဒါန်းမှုတွေ 🏥၊ ဖန်ပြွန်သန္ဓေသား၊ Crypto ငွေကြေး 💱 အပြင် ကျမ်းဂန်စာပေတွေမှာ နဂိုတုန်းက တစ်ခါမှ တိတိကျကျမဖော်ပြထားဖူးတဲ့ ခေတ်နှင့်အညီပေါ်ပေါက်လာတဲ့ မေးခွန်းပေါင်းများစွာကို ဖြေရှင်းတဲ့အခါမှာ ကိယာစ်ကိုသုံးလာကြပါတယ် 📘

ဘာလို့ ဒီလိုအဆင့်လိုက်သုံးသပ်အဖြေထုတ်ဖို့ အရေးကြီးတာလဲ ❓


ပညာရှင်တစ်ဦးက ကျမ်းမြတ်ကုရ်အာန်မှာအဖြေရှိပြီးသား မေးခွန်းတစ်ခုအတွက် နှိုင်းယှဉ်ဆင်ခြင်သုံးသပ်ခြင်းအဆင့်ကို ဘယ်တော့မှ ခုန်ကူးပြီးအဖြေမရှာပါဘူး 🚫 စွန္နဟ်ထဲမှာ တိတကျကျအဖြေရှိနေခဲ့ရင်လည်း အများသဘောဆန္ဒကို တောင်းခံဖို့အဆင့်ထိထပ်မသွားပါဘူး 🔁 ဒီလိုစနစ်တကျအဆင့်သတ်မှတ်ခြင်းက လူသားတို့ရဲ့ တစ်ဖက်သတ် တွေးတောဆင်ခြင်မှုတွေကနေ ဥပဒေကို အကာအကွယ်ပေးနေတာပဲဖြစ်ပါတယ် 🛡️

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၆) မတူညီတဲ့လမ်းကြောင်းအတိုင်းသွားနေပေမဲ့ တူညီတဲ့ လားရာတစ်ခုတည်းကိုသာ ဦးတည်နေတဲ့ ကျောင်းတော်ကြီး ၄ ခု အပိုင်း (၈) အူစူးလ် အလ်-ဖိက်ဟ် Usool al-Fiqh (أصول الفقه) ဆိုတာ ဘာလဲ။

Leave a Reply

Your email address will not be published. Required fields are marked *