အပိုင်း ၁၄ အထိမှာ ပညာရှင်ကြီးတွေက အသစ်အသစ်ပေါ်ပေါက်လာတဲ့ မေးခွန်းတွေအတွက် ရင်းမြစ်တစ်ခုမှနေတစ်ခုကို အခြေခံပြီး ဆင်ခြင်သုံးသပ်ခြင်းဖြစ်တဲ့ အစ်ဂျ်သီဟဒ် မှာ မည်သို့မည်ပုံ ဆောင်ရွက်ကြတယ်ဆိုတာကို ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ 📖
ဒီလိုပြုလုပ်လာကြရင်း ရာစုနှစ်ပေါင်းများစွာ ကြာလာတဲ့အခါ ပညာရှင်ကြီးတွေက အချက်တစ်ချက်ကို သတိပြုမိလာကြတယ်။ 🔍
ဖိက်ဟ်ရဲ့ လုံးဝမတူညီတဲ့ကဏ္ဏတွေတစ်လျောက်လုံးမှာ တူညီတဲ့ နောက်ခံလော့ဂျစ် အတွေးအခေါ် က ပြန်ပြန်ပေါ်လာနေတဲ့ အချက်ပါပဲ။
မေ့လျော့တတ်တဲ့သူတစ်ယောက်အတွက် နမားဇ်ဝတ်ပြုခြင်းက ဘာကြောင့် လျော့ပေါ့ချက်ဖြစ်နေရတယ်ဆိုတဲ့ တူညီတဲ့ သဘောတရားတစ်ခုကပဲ ကုန်သွယ်မှုပြုရမှာ အတင်းအကြပ်ဖိအားကြောင့်ချုပ်ဆိုခံရတဲ့ သဘောတူညီချက်တစ်ခုက ဘာကြောင့် ပျက်ပြယ်သွားတယ်ဆိုတဲ့အချက်ကို ရှင်းပြပေးနေပါတယ်။
ဒီလို ထပ်ခါတလဲလဲပေါ်လာနေတဲ့ပုံစံတွေ ကို နောက်ဆုံးမှာ ရှင်းလင်းတိုတောင်း တိကျတဲ့ ဖော်ပြချက်အနေဖြင့် အနှစ်ချုပ်ခဲ့ပါတယ်။ ✨
ဒီဖော်ပြချက်တွေကို ဥပဒေရေးရာသဘောထား (ကိုင်ဒါဟ်) ဖြစ်တဲ့
အလ် ကဝါအစ်ဒ် အလ်-ဖိကိယာဟ် လို့ခေါ်ပါတယ်။ ⚖️
ကိုင်ဒါဟ် Qā’idah (قاعدة) ဆိုတာဘာလဲ
Qā’idah (قاعدة) ဆိုတဲ့ စကားလုံးက အခြေခံအုတ်မြစ် ကို ဆိုလိုခြင်းဖြစ်ပြီး 🏛️
ကာအ်ဗာဟ် ကို အဗ္ဗရာဟီမ်း () တည်ဆောက်ခဲ့တုန်းက စူရာဟ် အလ်-ဗကရာဟ် (အာယာဟ် ၂း၁၂၇) မှာသုံးခဲ့တဲ့ စကားလုံးနဲ့ တူတူပဲဖြစ်ပါတယ်။
ဥပဒေရေးရာ အသုံးအနှုန်းအားဖြင့်ဆိုရင် Qā’idah သည်
➡️ စီရင်ချက်တစ်ခုအားဖြင့်
➡️ မတူညီတဲ့ ကိစ္စပေါင်းများစွာကို ဖြေရှင်းပေးနိုင်သည့်
➡️ တိုတောင်းပြီး ရှင်းလင်းတိကျတဲ့ သဘောတရားတစ်ရပ် ဖြစ်ပါတယ်။
Qā’idah က စီရင်ချက်တွေရဲ့ ဆင်းသက်လာပုံ / ထွက်ပေါ်လာပုံ အတွက် အသုံးပြုခဲ့တဲ့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး။
အဲ့ဒီနည်းလမ်းက အူစူးလ် အလ်-ဖိက်ဟ် ရဲ့ ကဏ္ဍဖြစ်ပါတယ်။ 📚
Qā’idah သည်
ရာစုနှစ်ပေါင်းများစွာအတွင်း ဆင်းသက်ပေါ်ထွက်လာခဲ့သည့် စီရင်ချက်ပုံစံတွေကို စုပေါင်း အနှစ်ချုပ်ထားတဲ့ စံပုံစံ / အညွှန်းတစ်ခု ဖြစ်ပါတယ်။
🌍 ကမ္ဘာသုံးအခြေခံကိုင်ဒါဟ် ငါးချက် (သို့မဟုတ် ခြောက်ချက်)
ရှေးကတည်းက ထုတ်လာခဲ့တဲ့ ဥပဒေရေးရာ ကိုင်ဒါဟ် ရာပေါင်းများစွာ ထဲကမှ
ဖိက်ဟ်ရဲ့ ကဏ္ဍတစ်ခုချင်းစီတိုင်းဖြစ်တဲ့
- 🙏 ခဝပ်ကိုးကွယ်ခြင်း
- 💰 အရောင်းအဝယ်ပြုခြင်း
- 👨👩👧👦 မိသားစုနှင့်ဆက်စပ်နေသည့် ဥပဒေ
- ⚖️ ရာဇဝတ်မှုဆိုင်ရာ ဥပဒေ
အစရှိတဲ့ ကဏ္ဍတိုင်းမှာ ပါဝင်နေတဲ့ သေးငယ်တဲ့ ပင်မပုံစံတစ်ခု ကို ပညာရှင်ကြီးများက ရှာဖွေသတ်မှတ်ထားခဲ့ပါတယ်။
“ဒီအခြေခံကိုင်ဒါဟ်တွေမှာ ရရှီအအ်ရဲ့ အနှစ်သာရ တစ်ခုလုံးအနေဖြင့် ပါဝင်နေပြီး ကျန် ကိုင်ဒါဟ်တွေကတော့ ဒီအခြေခံကနေ ပြန်ပြီးအကျယ်တဝင့်ရှင်းလင်းထားချက်တွေဖြစ်တယ်” ဆိုတဲ့ အဆိုတောင် ရှိပါတယ်။
ဂန္ဒဝင်ပညာရှင်ကြီးများက
အခြေခံကိုင်ဒါဟ်ကို ငါးချက် လို့သုံးပြီး
တစ်ချို့ ခေတ်ပြိုင်ပညာရှင်တွေ ကတော့
၆ ချက်မြောက် တစ်ချက် ကို ထပ်ထည့်ထားပါတယ်။
📜 ကမ္ဘာသုံးအခြေခံကိုင်ဒါဟ်များ
(Al-Qawāʿid Al-Khams Al-Kubrā)
الأمور بمقاصدها
Al-umūru bi-maqāṣidihā
➡️ လုပ်ဆောင်ချက်များ၏နောက်ကွယ်မှ နိယာဟ် (ရည်ရွယ်ချက်) များအားဖြင့် လုပ်ဆောင်ချက်ကို အကဲဖြတ်ပါသည်။ 🎯
اليقين لا يزول بالشك
Al-yaqīnu lā yazūlu bil-shakk
➡️ သေချာတဲ့ဆိုတဲ့အချက်ကို သံသယအားဖြင့် ပစ်ပယ်လို့မရနိုင်ပါ။ 🧭
المشقة تجلب التيسير
Al-mashaqqatu tajlibu al-taysīr
➡️ အခက်အခဲများရင်ဆိုင်နေရခြင်းက လျော့ပေါ့သက်ညှာမှုကို ဖြစ်ပေါ်စေသည်။ 🌿
الضرر يزال
Al-ḍararu yuzāl
➡️ အန္တရာယ်ကျရောက်စေနိုင်မှုကို ဖယ်ရှားသုတ်သင်ရှင်းလင်းရမည်။ ⚠️
العادة محكّمة
Al-ʿādatu muḥakkamah
➡️ ရိုးရာဓလေ့ထုံးတမ်းသည် စီရင်ချက်၏ အခြေခံဖြစ်နိုင်ပါသည်။ 🏛️
➕ I’māl al-kalām awlā min ihmālihi
➡️ စကားလုံးများကို အဓိပ္ပာယ်ရှိအောင် သုံးသပ်ခြင်းသည် လျစ်လျူရှုလိုက်ခြင်းထက် ပိုသင့်လျော်သည်။ 💬
⭐ ဒီကိုင်ဒါဟ်တွေက ဘာလို့ အရေးကြီးတာလဲ
ကိုင်ဒါဟ်တွေကို မပြဌာန်းခဲ့ခင်တုန်းက
ဖိက်ဟ်ရဲ့စီရင်ချက်တွေက ပြန့်ကျဲနေတဲ့ ကိစ္စပေါင်းများစွာကို စုစည်းထားတဲ့ ကြီးမားကျယ်ပြန့်တဲ့ စီရင်ချက်ပေါင်းချုပ်ကြီးတစ်ခု အဖြစ် ရှိနေခဲ့ပါတယ်။
“တစ်ခုနှင့် တစ်ခုကြား ယူဆချက်တွေ အချိတ်အဆက်ကင်းမဲ့နေတဲ့ အပေါ်ယံအားဖြင့် ဆက်စပ်မှုမရှိခြင်း” ဆိုပြီး မွတ်စ်တာဖာ အလ်-ဇာကာ မှ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ဒီအခြေခံကိုင်ဒါဟ်တွေက
➡️ ဒီလို ပြန့်ကျဲနေတဲ့အရာတွေကို
➡️ အစီအစဉ်တကျဖြစ်စေတာ ပါ။ 📚
နောက်ထပ်အရေးကြီးအချက်ဖြစ်တဲ့
အစ္စလာမ့်ဥပဒေသည် အချိတ်အဆက်မရှိတဲ့ အမိန့်တော်များစုပုံထားတာ မဟုတ်ဘူး ဆိုတာကို ပေါ်လွင်စေခဲ့တာပဲ ဖြစ်ပါတယ်။
အစ္စလာမ့်ဥပဒေသည်
➡️ တစ်ခုနှင့်တစ်ခု ကျိုးကြောင်းဆီလျော်စွာချိတ်ဆက်ထားတဲ့ ဥပဒေစနစ်တစ်ခု ဖြစ်ပြီး
ဒီတိုတောင်းတဲ့ ကိုင်ဒါဟ်တစ်ခုချင်းစီ က
ဒီစနစ်ရဲ့ အဓိက မူကြမ်း ပဲဖြစ်ပါတယ်။ ⚖️
📖 နောက်လာမဲ့ ၅ ပိုင်းမှာ
ကမ္ဘာသုံးဆိုင်ရာ ကိုင်ဒါဟ်တစ်ချက်ခြင်းစီ အကြောင်းကို
- 📜 ကျမ်းမြတ်ကုရ်အာန် သို့မဟုတ် စွန္နဟ်ထဲက ဖြစ်ပေါ်လာတာလား
- 🙏 ခဝပ်ကိုးကွယ်ခြင်းတွေ
- 💰 အရောင်းအဝယ်ဆိုင်ရာ စာချုပ်စာတမ်းတွေ
- 👨👩👧👦 မိသားစုနှင့် ဆက်နွယ်နေတဲ့ ကိစ္စတွေ
အစရှိတဲ့ အလားတူကိစ္စတွေမှာ
ကိုင်ဒါဟ်အတိုလေးတစ်ခုကနေ
ဘယ်လိုပုံစံချိတ်ဆက်သက်ရောက်နေလဲ
အစရှိတဲ့ အကြောင်းအရာတွေအားဖြင့်
ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ ✨
