Skip to content

အပိုင်း (၂၃) ဘာလို့ Ribā ကို တားမြစ်ထားတာလဲ။

Ribā ဆိုတာက တားမြစ်ချက်တစ်ခုဆိုတာထက်ပိုတဲ့ ဥပဒေရေးရာအခြေခံသဘောတရားတစ်ခုကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

🕌 تَحْرِيمُ الرِّبَا (Taḥrīm al-Ribā)

Taḥrīm al-Ribā

ကျမ်းမြတ်ကုရ်အာန်ထဲမှာအခြေပြုထားပြီး ဥပဒေရေးရာဆင်ခြင်တွေးတောသုံးသပ်ခြင်းအားဖြင့် တိုးမြှင့်အသုံးပြုထားတဲ့ မတန်တဆအတိုးနှုန်းယူခြင်းအား တားမြစ်ခြင်း

📜 ကျမ်းမြတ်ကုရ်အာန် အခြေခံအုတ်မြစ်

Ribā ကို တားမြစ်ထားခြင်းသည် ကျမ်းမြတ်ကုရ်အာန်ထဲမှ လေးနက်ပြတ်သားသည့် စီရင်ချက်များထဲမှ တစ်ခုဖြစ်ပါတယ်။

အရောင်းအဝယ်ပြုခြင်းကို ခွင့်ပြုပြီး Ribā အတိုးပေးစားခြင်းကို တားမြစ်ထားသည့် အကြောင်း ဖန်ဆင်းရှင်မှ အတိအလင်းကြေငြာချက်ထုတ်ထားပြီး Ribā ထဲ မရုန်းနိုင်ဘဲ ဆက်မြဲနေသူတွေအကုန်လုံးက ပြင်းထန်တဲ့ နောက်ဆက်တွဲရလဒ်ဆိုးကျိုးတွေ တွေ့ကြုံရနိုင်မယ်ဆိုတာကို ⚠️ သတိပေးထားပြီးသားဖြစ်ပါတယ်။

အစ္စလာမ့်ဥပဒေရေးရာပညာရှင်တွေက ဒီ ကြေငြာချက်ထက်ပိုပြီး တွေးတောကြတယ်၊ ပိုပြီးတိကျတဲ့မေးခွန်းတွေထုတ်လာကြတယ်။

Ribā ဆိုတာ တိတိကျကျ ဘာကိုဆိုလိုတာလဲ။

ဥပဒေရေးရာအသုံးအနှုန်းအရ Ribā ကို ဘာလို့တားမြစ်ထားတာလဲ။

💰 Ribā ပါနေတဲ့ အရောင်းအဝယ်

Ribā ပါနေတဲ့ အရောင်းအဝယ်တွေကလွဲလို့ စီးပွားကူးသန်းရောင်းဝယ်ရေးတွေအကုန်လုံးက တရားဝင်ခွင့်ပြုထားပြီးသားဖြစ်ပါတယ်။

ဆိုလိုတာက Ribā သည် စာချုပ်စာတမ်းအမျိုးအစားတစ်ခုမဟုတ်ပါဘူး၊ Ribā ဆိုတာက တရားဝင်တဲ့ အရောင်းအဝယ်အကုန်လုံးကို မသန့်ရှင်းစေနိုင်တဲ့ ဖောက်ပြန်ပျက်ပြားတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

ငွေကြေးဆိုင်ရာစာချုပ်စာတမ်းတိုင်း၊ စီးပွားရေးဆိုင်ရာလုပ်ထုံးလုပ်နည်းတိုင်းမှာ Ribā ရှိမရှိဆိုတာကို 🔎 သေချာအောင် စစ်ဆေးဖို့ လိုပါတယ်။

⚖️ Ribā အမျိုးအစား ၂ မျိုး

ဥပဒေရေးရာပညာရှင်များက Ribā ကို အမျိုးအစား ၂ မျိုး သတ်မှတ်ထားပါတယ်။

📌 Ribā al-nasī’ah

📌 Ribā al-fadl

⏳ Ribā al-nasī’ah

Ribā al-nasī’ah ဆိုတာက နှောင့်နှေးမှုအတွက်ကြောင့် ‌ပေါ်ပေါက်လာတဲ့အတိုးနှုန်းပါ၊ ပိုပြီးရှင်းအောင်ပြောရရင် ပိုက်ဆံချေးငှါးတဲ့နေရာမှာ ချက်ချင်းပြန်မယူဘဲ ပိုက်ဆံဆပ်ရမဲ့ရက်ကို နောက်ရွှေ့ပေးထားတဲ့အတွက် ပိုပြီးယူလိုက်တဲ့ ပမာဏပါ။

အချိန်က ငွေဆိုတဲ့သဘောအတိုင်းမို့ စောင့်ဆိုင်းရတဲ့ရက်တွေအတွက် ယူထားတဲ့ အဖိုးခကို Ribā al-nasī’ah လို့ သတ်မှတ်ပါတယ်။

⚖️ Ribā al-fadl

Ribā al-fadl ဆိုတာက တူညီတဲ့ ကုန်ပစ္စည်း ၂ ခုကို လဲလှယ်ရမှာ ဖြစ်ပေါ်တဲ့ မညီမျှတဲ့ အတိုင်းအတာ၊ ပမာဏ၊ အလေးချိန် အစရှိတာတို့ ဝန်ပိုတာကို ရည်ညွှန်းတာပါ။

ဥပမာ –

တူညီတဲ့ ဂျုံ ၁ ကီလို ကို ၂ ကီလို လဲလိုက်တဲ့အခါ ပိုလာတဲ့ ၁ ကီလို က Ribā al-nasī’ah သက်ရောက်ပါတယ်။

အပြင်မှာ အတိုးနှုန်းယူပြီးချေးငှါးနေကြတာမျိုးမှာလည်း ဒီ Ribā ၂ မျိုးလုံး ပါဝင်သက်ရောက်နေနိုင်ပါတယ်။

⏳ အချိန်စောင့်ပေးတဲ့အတွက် အတိုးပေးရသလို

📈 ပိုတိုးလာတဲ့ အတိုးနှုန်းတွေမပေးနိုင်ပဲ ပေါင်းလာရင်းကနေ မူရင်းပမာဏထက်ပိုများလာပြီး

💸 အတိုးနှုန်းတွေကပဲ အတိုးပြန်ဖြစ် (တက်) လာနေတာပါ။

📏 အရောင်းအဝယ်တစ်ခုကို အဆမတန်အတိုးတက်စေတဲ့ စည်းမျဉ်း လေး ချက်

ဂန္ဒဝင်ဥပဒေသိပ္ပံပညာမှာ အရောင်းအဝယ်တစ်ခုကို Ribā လို့သတ်မှတ်ဖို့အတွက် အချက် ၄ ချက် နှင့် ကိုက်ညီရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒီသတ်မှတ်ချက်တွေကို နားလည်ထားမယ်ဆိုရင် ဘာလို့ အစ္စလာမ့် ငွေကြေးဆိုင်ရာစာချုပ်စာတမ်းတွေက ဘာလို့အဲ့လိုဖွဲ့စည်းထားတာလဲဆိုတာ ပိုမိုနားလည်လာနိုင်မှာဖြစ်ပါတယ်။

1️⃣ စည်းမျဉ်း ၁

အပြန်အလှန် တူညီတဲ့ တန်ဖိုးရှိနေတဲ့ ပစ္စည်း ၂ ခုကို လဲလှယ်ခြင်း

(ချေးငှားခြင်းမျိုး၊ လက်ဆောင်ပေးတာ၊ သေတမ်းစာမှ အမွေပေးခဲ့တာမျိုး မဟုတ်)

မှာ အဆမတန်တဲ့ အရောင်းအဝယ်ပါဝင်နေရင် Ribā ပါလာပါတယ်။

2️⃣ စည်းမျဉ်း ၂

အိမ်ငှါးတဲ့သဘောလိုမျိုးမဟုတ်ဘဲ အကြောင်းအရာ/ပစ္စည်းတစ်ခုကို လဲလှယ်တဲ့နေရာမှာ တစ်ဦးကနေ အခြားတစ်ဦးကို ပိုင်ဆိုင်ခွင့်လွှဲပြောင်းပေးလိုက်ရတဲ့အခါမှာ Ribā ‌ပေါ် ပေါက်လာပါတယ်။

(အိမ်ငှားတာနဲ့ပတ်သက်ပြီးအောက်မှာ ထပ်ရှင်းထားပါတယ်)

3️⃣ စည်းမျဉ်း ၃

ဒါက အဓိက Ribā al-fadl မှာ လဲလှယ်တဲ့ပစ္စည်းက တူညီတဲ့ အမျိုးအစား ဖြစ်နေတော့မှ Ribā ဖြစ်ပေါ်လာပါတယ်။

ဥပမာ

🏅 ရွှေကိုရွှေနှင့် လဲတာ

🌾 ဂျုံကို ဂျုံနှင့်လဲတာ

4️⃣ စည်းမျဉ်း ၄

ဝန်ပိုဆိုတာက

📦 ပမာဏအားဖြင့်သော်လည်းကောင်း

⏳ နှောင့်နှေးမှုအားဖြင့်သော်လည်ကောင်း

အမှန်တကယ် ရှိနေပြီး တစ်ဦးကနေ အခြားတစ်ဦးဖက်ကို သက်ရောက်စေတာဖြစ်ရပါတယ်။

🏠 အိမ်ငှားခြင်းနှင့် ငွေချေးငှါးခြင်း

စည်းမျဉ်း ၂ က တကယ်တော့ အိမ်ငှါးတာနဲ့ ငွေချေးငှါးခြင်းကြား အခြေခံကျတဲ့ ကွာခြားချက်ကို မီးမောင်းထိုးပြချင်ဖြစ်ပါတယ်။

အိမ်ငှါးတဲ့အခါ အိမ်ကိုပိုင်ဆိုင်မှုက အိမ်ရှင်ဆီမှာရှိနေပြီး အိမ်ငှါးက milk al-manfa’a ဖြစ်တဲ့ အသုံးပြုခွင့်ကို ရရှိသာဖြစ်ပါတယ်။ (အိမ်မှာဆို နေထိုင်ခွင့်ပေါ့) ပိုက်ဆံကိုကျ ချေးငှါးပြီး သုံးတဲ့အခါ သုံးနေတဲ့ခဏမှာ ချေးထားတဲ့သူက ပိုင်ရှင်ဖြစ်နေပါတယ်။

ဒီလိုမျိုး ပိုင်ရှင်/ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းပေးထားခြင်းအားဖြင့် အသုံးပြုလိုက်တဲ့ တန်ကြေးကောက်ခံတာသည် ဥပဒေအရ အတိုးနှုန်းကောက်ခံခြင်း ဖြစ်ပါတယ်။

🧠 ကီယက်စ် (တားမြစ်ချက်တွေကို ဘယ်လောက်အထိ တိုးချဲ့ထားသလဲ)

ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်ရဲ့ စွန္နဟ်တွေထဲမှာ Ribā စည်းမျဥ်းသက်ရောက်တဲ့ အဓိကကုန်ပစ္စည်း ၆ ခု ကို ဖော်ပြထားပါတယ်။

📌 ရွှေ

📌 ငွေ

📌 ဂျုံ

📌 မုယောစပါး

📌 စွံပလွန်သီး

📌 ဆား

ဒါဆိုရင် ဆန်ကရော။

ဒါမှမဟုတ် ခေတ်မီငွေကြေးတွေကရော။

ဒါ့ကြောင့် ကီယက်စ် လို့ခေါ်တဲ့ နှိုင်းယှဉ်ဆင်ခြင်သုံးသပ်ခြင်း ပေါ် ပေါက်လာတာဖြစ်ပါတယ်။

ကီယက်စ်သည် မူလစီရင်ချက်ထဲမှ အဓိကဖြစ်ပေါ်စေတဲ့အကြောင်းတရားဖြစ်တဲ့ အီအ်လာဟ် (ʿIllah – عِلَّة) ကို သတ်မှတ်ပြီး တူညီတဲ့ အီအ်လာဟ်ပါရှိလာတိုင်း ထိုစီရင်ချက်ကို ကျင့်သုံးတာပဲဖြစ်ပါတယ်တဲ့။

ဒီလိုသုံးသပ်မှုတွေလုပ်ကြတဲ့အခါ ပညာရှင်တွေ မေးခဲ့ကြတာက…

ဘာလို့ ဒီကုန်ပစ္စည်း ၆ ခုက Ribā ဥပဒေတွေ သတ်မှတ်ထားတာလဲ။

အီအ်လာဟ် က မဇ်ဟဘ်အလိုက်ကွာခြားပါတယ်။

📚 ဟန်ဗာလီနှင့် မာလီကီ မဇ်ဟဘ် တို့က

➡️ အတိုင်းအတာနှင့် ကုန်ပစ္စည်းတန်ဖိုးကို အဓိက သတ်မှတ်ပြီး

📚 ရှာဖီအ် မဇ်ဟဘ် ကကျ

➡️ ကုန်ပစ္စည်းကိုပဲ သတ်မှတ်ပါတယ်။

ဒါပေမဲ့ ကိစ္စတိုင်းမှာတော့ အီအ်လာဟ်က စီရင်ချက်တိုးချဲ့မှုကို လမ်းညွှန်ပေးပါတယ်။

🌾 ဆန် သည် ကုန်ခြောက်တိုင်းတာမှုနှင့် လက္ခဏာတူညီပါတယ်

ဒါ့ကြောင့် ဆန်ကလည်း တူညီတဲ့ တားမြစ်ချက်ထဲ ဝင်သွားပါတယ်။

💱 ခေတ်မီငွေကြေးစနစ်တွေ က

ကုန်ပစ္စည်းလဲလှယ်မှုအတွက် ကြားခံသဘောသာဖြစ်တဲ့အတွက်

နှိုင်းယှဉ်ဆင်ခြင်ပြီး စီရင်ချက်ကို သုံးသပ်ပါတယ်။

ဒါက ၇ ရာစု အာရေဗျခေတ် မှာ အကောင်အထည်ဖော်ခဲ့တဲ့ စီရင်ချက်တစ်ခုစီက

ရာစုနှစ်တွေ စီးပွားရေးစနစ်တွေ ပြောင်းလဲလာတဲ့တစ်လျောက်

📜 တရားဝင် ဘယ်လိုလည်ပတ်နေတယ်ဆိုတာကို ရှင်းပြပေးနေပြီး

တရားသေပုံစံကားချက်အတိုင်း သွားနေတာမဟုတ်ဘဲ

တူညီတဲ့‌နောက်ခံအကြောင်းအရာအလိုက်

🧠 စနစ်တကျ သဘောတရားကိုအခြေပြုတဲ့

နှိုင်းယှဉ်ဆင်ခြင်သုံးသပ်ချက် ကို ကျင့်သုံးနေတာပဲဖြစ်ပါတယ်။

⚖️ ဘာလို့ Ribā က Maqāsid ကို ချိုးဖောက်နေရတာလဲ

Maqāsid ရှုမြင်ပုံက ကြည့်မယ်ဆိုရင် Ribā က hifẓ al-māl ((حفظ المال))လို့ခေါ်တဲ့ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုကို ကာကွယ်ပေးခြင်းဆိုတဲ့အချက်ကို တိုက်ရိုက် ထိခိုက်နေပါတယ်။

Ribā သည်

💸 ငွေကို တန်ဖိုး

💪 စိုက်ထုတ်အား

⚠️ မျှဝေခံရတဲ့ ဘေးအန္တရာယ်

စတာတွေ အမှန်တကယ် လဲလှယ်ခြင်းမရှိတဲ့ ငွေသားထွက်ပေါ်လာဖို့ ကို အားပေးပါတယ်။

ငွေအရင်းအနှီးထုတ်ပေးသူက

ဘာပဲဖြစ်လာဖြစ်လာ

ချေးပေးလိုက်သူက အာမခံထားတဲ့ငွေ (ကုန်ကျစားရိတ်) အတိုင်းပြန်ရပါတယ်။

အစ္စလာမ့်စာချုပ်စာတမ်းဥပဒေသည်

⚖️ တကယ့်စစ်မှန်တဲ့တန်ဖိုးကိုသာ

🤝 မျှတစွာဖြင့် လဲလှယ်သည့် အရောင်းအဝယ်တစ်ခုဖြစ်ဖို့

ဆိုတဲ့ သဘောတရားကို အခြေပြုထားတာဖြစ်တဲ့အတွက်

ဒီအချက်ကို ထိပါးစေမဲ့

တရားမျှတစွာ လဲလှယ်ရောင်းဝယ်ခြင်းကို ထိခိုက်မဲ့ အတိုးကို တားမြစ်ထားတာပဲဖြစ်ပါတယ်။

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၂၂) အစ္စလာမ့်ဥပဒေနှင့် ငွေကြေး အပိုင်း (၂၄) အစ္စလာမ့်မိသားစုဥပဒေ

Leave a Reply

Your email address will not be published. Required fields are marked *