Skip to content

Al-Ghaffar (The All-and Oft-Forgiving)

အလ် ဂဖ္ဖားရ်- အပြစ်များမှ အလွန်တရာ ချမ်းသာခွင့်‌ပြုတော်မူသော အရှင်

“Al-Ghaffar (ٱلْغَفَّارُ – အလ်ဂဖ္ဖားရု) ” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။

“Al-Ghaffar” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် ကျေးကျွန်များရဲ့ အပြစ်များကို ခွင့်လွှတ်၊ ပပျောက်ပေးနိုင်တဲ့ အစွမ်းရှိတဲ့ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ အပြစ်များမှ အလွန်တရာ ချမ်းသာခွင့်‌ပြုတော်မူသော ဂုဏ်တော်ကိုရည်ညွှန်းပါတယ်။

အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အလွန်တရာသနားကြင်နာတော်မူသောအရှင်၊ အနန္တ ကရုဏာတော်ရှင်ဖြစ်တော်မူသည့်အတွက် ကိုယ့်အပြစ်ကို သိနာလည်းပြီး ဝန်ခံတောင်းပန်တတ်သူ၊ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ ခွင့်လွှတ်မှုကိုတောင်းခံနေသူတို့အတွက် အမြဲအသင့်ရှိနေကြောင်းကို အလေးအနက်ဖော်ဆောင်ထားပါတယ်။

“Al-Ghaffar” ဆိုတဲ့ နာမတော်သည် ကျွန်မတို့အတွက် ဘယ်လို Reminder (သတိပေးချက်) အနေနဲ့ ရှိနေပါသလဲ။

အီမာန်သက်ဝင်ယုံကြည်သူများအတွက် “Al-Ghaffar” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ ကြီးကျယ်မြင့်မြတ်တဲ့ သနားကြင်နာမှုနှင့် ကရုဏာတော်တို့ကို အမြဲအောင့်မေ့အမှတ်ရနေသင့်ပြီး အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ရဲ့ ကျေးဇူးတော်ကို အားကိုးယုံကြည်ပြီး အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ထံမှ ခွင့်လွှတ်မှုကိုတောင်းခံဖို့အရေးကြီးကြောင်း သတိပေးနေပါတယ်။

Al Asma Ul Husna - 99 Names of Allah (سُبْحَانَهُ وَتَعَالَى‎)

Al-Musawwir (The Flawless Shaper) Al-Qahhar (The Subduer, The Ever-Dominating)

Leave a Reply

Your email address will not be published. Required fields are marked *