Skip to content

Al-Jabbar (The Compeller, The Restorer)

အလ် ဂျတ်ဗ္ဗားရ်- ဩဇာအာဏာညောင်းတော်မူသောအရှင်

Al-Jabbar” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။

 “Al-Jabbar” ဆိုတဲ့ နာမတော်သည် အရာအားလုံးသည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ အလိုတော်၊ အမိန့်တော်အတိုင်း ဆန့်ကျင်မှုမရှိ လိုက်နာမှုရှိစေရန် သြဇာအာဏာညောင်းသူဖြစ်ကြောင်းကို ရည်ညွှန်းပါတယ်။ ထို့အပြင် အရာခပ်သိမ်းကို အကောင်းအတိုင်းပြန်လည် ပြုပြင်ထိန်းသိမ်းပေးနိုင်သူဖြစ်ကြောင်းကိုလည်း ရည်ညွှန်းထားပါတယ်။

 အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ ဖန်ဆင်းမှုအပေါင်းကို ငြင်းဆန်နိုင်စွမ်းမရှိ၊ အလိုတော်ကို လိုက်နာကျင့်သုံးပြီး၊ နာခံစေတတ်တဲ့ သြဇာအာဏာသက်ရောက်မှုကြီးမားခြင်းဂုဏ်တော်ကို အလေးအနက်ဖော်ဆောင်နေပါတယ်။

“Al-Jabbar” ဆိုတဲ့ နာမတော်သည် ကျွန်မတို့အတွက် ဘယ်လို Reminder (သတိပေးချက်) အနေနဲ့ ရှိနေပါသလဲ။

 အီမာန်သက်ဝင်ယုံကြည်သူများအတွက် ဤနာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى)၏ ကြီးကျယ်မြင့်မြတ်မှုနှင့် ဘုန်းတန်းခိုးအာဏာကို သတိပြုမိစေပြီး၊ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝများတွင် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ အလိုတော်ကို နာခံရန် အရေးကြီးကြောင်းကိုလည်း သတိရနေစေပါတယ်။ ကျွန်မတို့မှာရှိနေတဲ့ ပျက်ယွင်းနေတဲ့ အရာ (ဥပမာ-ကျိုးပဲ့နေတဲ့စိတ်နှလုံးသား)များကို အကောင်းအတိုင်းပြန်လည်ကုစားနိုင်စွမ်းရှိတာကို အမှတ်ရပြီး အလ္လာဟ် (سُبْحَانَهُ وَتَعَالَى)ထံ “Al-Jabbar” ဆိုတဲ့နာမတော်နှင့်အတူ အရာအားလုံးအကောင်းအတိုင်းပြန်ဖြစ်ဖို့ တောင်းခံသင့်ကြောင်းကိုလည်း သတိပြုမိစေပါတယ်။

Al Asma Ul Husna - 99 Names of Allah (سُبْحَانَهُ وَتَعَالَى‎)

Al-Azeez (The All Mighty) Al-Musawwir (The Flawless Shaper)

Leave a Reply

Your email address will not be published. Required fields are marked *