အလ် မလိကု- အလုံးစုံကို စိုးပိုင်တော်မူသော အရှင်
Al-Malik” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းသလဲ။
Al-Malik” ဆိုတဲ့ နာမတော်သည် အချုပ်အခြာအာဏာနှင့်စိုးမိုးနိုင်စွမ်းရှိတဲ့ ဂုဏ်တော်ကို ရည်ညွှန်းပြီး အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အရာခပ်သိမ်းအပေါ် အဆုံးစွန်သော အုပ်စိုးနိုင်သူ၊ အချုပ်အခြာအာဏာရှိသူဖြစ်ကြောင်းကို ညွှန်ပြနေပါတယ်။
အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် စကြဝဠာကို အုပ်စိုး၊ ချုပ်ကိုင်နိုင်သော အခွင့်အာဏာ ရှိသူဖြစ်ပြီး ဖန်ဆင်းခံ အရာခပ်သိမ်းသည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိသည်ဟူသော အယူအဆကို အလေးပေးဖော်ပြပါထားတယ်။
“Al-Malik” ဆိုတဲ့ နာမတော်သည် ကျွန်မတို့ အတွက် ဘယ်လို သတိပေးချက်အနေနဲ့ ရှိနေပါသလဲ ။
အီမာန်သက်ဝင်ယုံကြည်သူများအတွက် ဤနာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ အလိုတော်ကိုနာခံခြင်းနှင့် ကျွန်မတို့ရဲ့ နေ့စဉ်ဘဝများတွင် အဆုံးစွန်သောအခွင့်အာဏာရှိသူတစ်ဦးဖြစ်ကြောင်းကို အသိအမှတ်ပြုနေရန် အရေးကြီးကြောင်း သတိပေးနေပါတယ်။
