Skip to content

Al-Musawwir (The Flawless Shaper)

အလ် မုဆောက်ဝ်ဝိရ် – အဖန်ဆင်းခံ အပေါင်းတို့အား ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ဖန်ဆင်းတော်မူသော အရှင်

Al-Musawwir” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။

“Al-Musawwir” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အရာခပ်သိမ်းကို ဖန်ဆင်းမွေးမြူ၊ အကောင်အထည်ဖော်ပြီးနောက် ပုံသဏ္ဏန်အမျိုးမျိုးဖြင့် ပုံသွင်းဖန်ဆင်းနိုင်ခြင်းကို ရည်ညွှန်းပါတယ်။

အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အရာခပ်သိမ်းကို အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) အလိုတော်အတိုင်း ဖန်ဆင်းပုံဖော်ပေးနိုင််ခြင်းဂုဏ်တော် နှင့်အတူ စကြဝဠာအတွင်းရှိ အဆုံးစွန်သော ဒီဇိုင်နာ၊ ဗိသုကာပညာရှင်ဖြစ်ကြောင်းကိုလည်း အလေးအနက်ထားဖော်ပြထားပါတယ်။

အရှေ့မှာ ပြောခဲ့တဲ့ “Al-Khaaliq”၊ “Al-Baari” နာမတော်တို့နှင့်အတူ ယခု “Al-Musawwir” ဆိုတဲ့ နာမတော်သည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိနေပါတယ်။ နာမတော် ၃ ခု ဟာ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ ဖန်ဆင်းနိုင်ခြင်းဂုဏ်တော်ကို တစ်ခုပြီးတစ်ခု အစဉ်လိုက်ကိုယ်စားပြုသကဲ့သို့ ရှိနေပါတယ်။ “Al-Khaaliq”ဆိုတဲ့နာမတော်သည် ပထမဦးစွာဖန်ဆင်းမွေးမြူခြင်းကို ညွှန်ပြပြီး မည်သည့်အရာကနေမဆို တစ်စုံတစ်ရာစီသို့ ဖန်ဆင်းပြုလုပ်ခြင်း တစ်နည်းအားဖြင့် အစီအစဉ်ချ ဖန်ဆင်းခြင်း ကို ကိုယ်စားပြုပါတယ်။ “Al-Baari” ဆိုတဲ့နာမတော်သည် ဒုတိယအနေဖြင့် တီထွင်ဖန်ဆင်းခြင်း တစ်နည်းအားဖြင့် တစ်စုံတစ်ရာအဆင့်မှနေ သက်ရှိ၊သက်မဲ့ အရာခပ်သိမ်းတစ်ခုစီသို့ အကောင်အထည်ပြုဖန်ဆင်းခြင်းကို ကိုယ်စားပြုပါတယ်။ နောက်ဆုံးအနေဖြင့် “Al-Musawwir” ဆိုတဲ့ နာမတော်သည် အရာခပ်သိမ်းတို့ကို အစီစဉ်တကျ စီစဉ်ပုံသွင်းခြင်းကို ကိုယ်စားပြုသည့်အတွက် နာမတော်၃ခုလုံးသည် တစ်ခုပြီးတစ်ခု စည်းစနစ်ကျစွာဖန်ဆင်းနိုင်ခြင်းကို ပုံဖော်ပေးနေပါတယ်။

“Al-Musawwir” ဆိုတဲ့ နာမတော်သည် ကျွန်မတို့အတွက် ဘယ်လို Reminder (သတိပေးချက်) အနေနဲ့ ရှိနေပါသလဲ။

အီမာန်သက်ဝင်ယုံကြည်သူများအတွက် “Al-Musawwir” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အရာခပ်သိမ်းကို အံဝင်ခွင်ကျမှုရှိနေစေရန် ပုံသွင်းပြောင်းလဲပေးခြင်းကို ညွှန်ပြပြီး ကျွန်မတို့တွေဟာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေမှာ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ အစီအစဉ်ကို ယုံကြည်လိုက်နာဖို့နဲ့ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) လမ်းညွှန်မှုကိုတောင်းခံသင့်တယ်ဆိုတာကို သတိပေးနေပါတယ်။ အရာအားလုံးဟာ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ အလိုတော်၊ အမိန့်တော်နှင့် စနစ်တကျ ဖန်ဆင်းထားခြင်းဖြစ်တဲ့အတွက် ကျွန်မတို့ပတ်ဝန်းကျင်မှာမြင်တွေ့၊ ကြားတွေ့၊ ထိတွေ့ခွင့်ရနေတဲ့ သဘာဝအလှတရားများနှင့်အတူ အရာခပ်သိမ်းကို ဝမ်းမြောက်ကျေးဇူးတင်စိတ်ရှိတတ်ဖို့က အရေးအကြီးဆုံးပဲဖြစ်ပါတယ်။

Al Asma Ul Husna - 99 Names of Allah (سُبْحَانَهُ وَتَعَالَى‎)

Al-Jabbar (The Compeller, The Restorer) Al-Ghaffar (The All-and Oft-Forgiving)

Leave a Reply

Your email address will not be published. Required fields are marked *