အလ် မုသကဗ္ဗိရ်- အလွန်တရာ ကြီးကျယ် မြင့်မြတ်တော်မူသောအရှင်
Al-Mutakabbir” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။
“Al-Mutakabbir” ဆိုတဲ့နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အရာခပ်သိမ်းထပ် သာလွန်မြင့်မြတ်သည့် ဂုဏ်ကျက်သရေကြီးမားခြင်းကို ညွှန်ပြပေးနေတဲ့ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ ခမ်းနားကြီးကျယ်မြင့်မြတ်သည့် ဘုန်းတန်းခိုးအာဏာကို ရည်ညွှန်းပါတယ်။
အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အဆုံးစွန်သော ဂုဏ်ကျက်သရေနှင့် ကြည်ညိုလေးစားဖွယ်ကောင်းခြင်းတို့၏ အရင်းအမြစ်ဖြစ်ပြီး အားနည်းချို့ယွင်းမှု၊ ကန့်သတ်ချက်ရှိမှုတို့အားလုံးထက် သာလွန်တယ်ဆိုတာကို အလေးအနက်ဖော်ဆောင်ထားပါတယ်။
“Al-Mutakabbir” ဆိုတဲ့ နာမတော်သည် ကျွန်မတို့အတွက် ဘယ်လို Reminder (သတိပေးချက်) အနေနဲ့ ရှိနေပါသလဲ။
အီမာန်သက်ဝင်ယုံကြည်သူတို့အတွက် ဤနာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ ကြီးကျယ်ခမ်းနားသည့် ဂုဏ်ကျက်သရေ၊ ဘုန်းတန်းခိုးအာဏာတော်နှင့်အတူ အရာခပ်သိမ်းထက် သာလွန်မြင့်မြတ်မှုရှိတယ်ဆိုတာကို အသိအမှတ်ပြုရန် အရေးကြီးကြောင်းကိုလည်း သတိရစေပါတယ်။
