Skip to content

Al-Quddus (The Absolutely Pure)

အလ် ကွတ်ဒ်ဒူးစ်- မကောင်းမှုအပေါင်းမှ သန့်ပြန့်စင်ကြယ်တော်မူသော အရှင်

Al-Quddus” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။

 “Al-Quddus” ဆိုတဲ့နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် သန့်ရှင်းစင်ကြယ်ပြီး မစုံလင်မှု၊ ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများအားလုံးမှ ကင်းစင်၍ ပြီးပြည့်စုံကြောင်းကို ရည်ညွှန်းပါသည်။

 အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် သန့်ရှင်းစင်ကြယ်ခြင်း၏အလုံးစုံသောအရင်းအမြစ်ဖြစ်ပြီး လုံးဝဥဿုံ သန့်ရှင်းစင်ကြယ်မှုရှိတယ်ဆိုတဲ့ ဂုဏ်တော်ကို အလေးအနက် ဖော်ဆောင်ထားပါတယ်။

“Al-Quddus” ဆိုတဲ့ နာမတော်သည် ကျွန်မတို့ အတွက် ဘယ်လို သတိပေးချက်အနေနဲ့ ရှိနေပါသလဲ ။

 အီမာန်သက်ဝင်ယုံကြည်သူတို့အတွက် ဤနာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ အကြွင်းမဲ့သန့်ရှင်းစင်ကြယ်ခြင်းနှင့် သာလွန်ခြင်းကို အမှတ်ရစေပြီး ကျွန်မတို့ရဲ့နေ့စဥ်ဘဝမှာ အသန့်ရှင်းဆုံးနှင့် အစင်ကြယ်ဆုံး နေထိုင်ရန် ကြိုးစားအားထုတ်ဖို့အရေးကြီးကြောင်းကို သတိပေးနေပါတယ်။

Al Asma Ul Husna - 99 Names of Allah (سُبْحَانَهُ وَتَعَالَى‎)

Al-Malik (The King and Owner of Dominion) As-‎Salam (The Perfection and Giver of Peace)

Leave a Reply

Your email address will not be published. Required fields are marked *