Skip to content

Blog Series

လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ

ကျွန်မတို့ တစ်ခါတစ်လေမှာ အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်ပြီး အစ္စလာမ်က ဘာကြောင့် ဒီလိုစည်းမျဉ်းစည်းကမ်းထားတာလဲ ဆိုတာ တွေးကြည့်ဖူးကြမှာပါ။ အဲ့ဒီလိုအကြောင်းအရာတွေနှင့် ပတ်သက်ပြီး ကိုယ်လေ့လာမိတဲ့ဆရာတွေဆီက ပုံစံတစ်မျိုးပြောတာကြားဖူးပြီး ဒါကိုပဲ နောက်ထပ် ဆရာတွေက နောက်ထပ်ပုံစံတစ်မျိုး‌ပြောကြတဲ့အခါ ဘယ်တစ်ခုကို လက်ခံဖို့ စဉ်းစားမိလိုက်ကြလဲ။ တကယ်က ဒီလိုအခြေအနေတွေက နေ့စဉ်ဘဝမှာ မကြာခဏ ဆိုသလို ကြုံနေရတဲ့ အခြေအနေတွေပါ။ ဒါပေမဲ့ ကျွန်မတို့ အများစုက ဖိက်ဟ် ဘာလဲဆိုတာကို သေချာဆက်ပြီး မလေ့လာမိကြပါဘူး။ ဒီ blog series မှာတော့ ကျွန်မတို့ နေ့တိုင်းဘဝမှာကြုံနေရတဲ့ အခြေခံအားဖြင့် သိနားလည်ကြပြီး အသေးစိတ်လေ့လာဖြစ်ကြလေ့မရှိတဲ့ Fiqh ဖိက်ဟ် (ဖိကာဟ်) အကြောင်းအရာကို ပညာရှင်တွေလေ့လာကြတဲ့ပုံစံမျိုးထက် လူတိုင်းနားလည်စေချင်တဲ့ နိယာဟ်ဖြင့် ဖတ်ရှုရလွယ်ကူအောင် ကြိုးစားတင်ဆက်ထားတာဖြစ်ပါတယ်။