ပါရာ တစ်ဆယ့်တစ် (Juz Eleven)
အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ ဆယ့်တစ် ပါရာဆယ့်တစ်တွင် စူရာဟ်သောင်ဗာဟ်၏ အပိတ်အာယဟ်များပါဝင်နေသလို စူရာဟ်ယူနွတ်စ်တစ်ပုဒ်လုံးလည်း ပါဝင်နေပြီး စူရာဟ်ဟူဒ်၏ အစပိုင်းအာယဟ်များနှင့် အဆုံးသတ်ထားပါတယ်။ စူရာဟ်ယူနွတ်စ်နှင့် စူရာဟ်ဟူဒ်နှစ်ပုဒ်စလုံးကို မက္ကာန်ခေတ်တလျောက်တွင် အဆင့်ဆင့် ဝဟီချပေးခဲ့ပြီး ဂန္တဝင်မက္ကာန်အကြောင်းအရာများဖြစ်သည့် ဖန်ဆင်းရှင်တစ်ပါးတည်းသာ ခဝပ်ကိုးကွယ်ခြင်း၊ တမန်တော်ဘဝနှင့် အာခေရဟ်အတွက် ပြင်ဆင်ခြင်း အကြောင်းများကို ထင်ဟပ်နေစေပါတယ်။ ဒီစူရာဟ်နှစ်ပုဒ်လုံးသည် အလ္လာဟ့်ရဟ်မသ် (ကရုဏာတော်)အပေါ် မျှော်လင့်ချက်ထားခြင်းနှင့် ဖန်ဆင်ရှင်းမှ ချမှတ်မည့်ပြစ်ဒဏ်များကို ကြောက်ရွံ့ခြင်းကြား မျှတစွာဖော်ဆောင်နေပါတယ်။… ပါရာ တစ်ဆယ့်တစ် (Juz Eleven)









