Skip to content

အပိုင်း (၁) Fiqh (ဖိက်ဟ်) ဆိုတာဘာလဲ။

Fiqh (ဖိက်ဟ်) ရဲ့ မူလအဓိပ္ပာယ်က “စစ်မှန်တဲ့ နားလည်သဘောပေါက်ခြင်း” ဖြစ်ပါတယ်။ တမန်တော်မြတ် ﷺ သက်ရှိထင်ရှားခဲ့စဉ်အခါတုန်းက အရာအားလုံးက လွယ်ကူရိုးရှင်းခဲ့တယ်။ အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်ပြီး လူတွေက သိချင်လာခဲ့ကြရင် “ဒီအရာက ဟလာလ် (လုပ်ပိုင်တဲ့အကြောင်းအရာ)လား” လို့မေးကြတဲ့အခါ တမန်တော်မြတ်ကြီးက ဖြေကြားပေးပါလိမ့်မယ်။ ဒီမှာတင် အဖြေကရှင်းသွားခဲ့ပါပြီ။ ဒါပေမဲ့ တမန်တော်မြတ် ﷺ အလ္လာဟ့်အမိန့်တော်ခံခဲ့ပြီးနောက်မှာတော့ အစ္စလာမ် သာသနာဟာ အာရေဗျကနေ ပါရှား၊ ပါရှားကနေ စပိန်သို့ ပြန့်ပွားလာခဲ့တယ်။… အပိုင်း (၁) Fiqh (ဖိက်ဟ်) ဆိုတာဘာလဲ။

အပိုင်း (၂) အစောဆုံးကာလမှ မွတ်စ်လင်မ်များ

သင့်မျက်လုံးကို ခဏ‌လောက်မှိတ်ပြီး မြင်ယောင်ကြည့်ပါ။ လူတစ်ယောက် ရေးကြီးသုတ်ပြာနှင့် မဒီနာမြို့တော်ထဲက ဗလီဝတ်ကျောင်းတော်တစ်ခုကို ဝင်ရောက်လာခဲ့ပြီး တမန်တော်မြတ်(ﷺ) ထံတော်သို့ ချဉ်းကပ်ကာ အောက်ပါအတိုင်း မေးခဲ့ပါတယ်။ “အို ဖန်ဆင်းရှင်၏တမန်တော်၊ အကျွန်ုပ်တော့ ပြဿနာတက်ပါပြီ။ လမြတ်ရမဿွါန်ထဲက နေ့လည်တစ်ခုမှာ ရိုဇာ(ဆွီယာမ်)စောင့်ထိန်းရင်း ဇနီးသည်နှင့် ကိုယ်လက်နှီးနောမိခဲ့ပါတယ်” ဒီလိုအမေးရှိလာတာကို ပြန်ဖြေခဲ့တဲ့ တမန်တော်မြတ်(ﷺ) ရဲ့ တုံ့ပြန်ချက် အဖြေက ကေယာမဟ်နေ့မရောက်ခင်အထိ မွတ်စ်လင်မ်အားလုံးအတွက် သင်ကြားပေးချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါက အစောဆုံးကာလမှ မွတ်စ်လင်မ်များရဲ့ တကယ့်ကြုံနေရတဲ့အခြေအနေတွေ၊… အပိုင်း (၂) အစောဆုံးကာလမှ မွတ်စ်လင်မ်များ

အပိုင်း (၃) ပညာရှင်ကြီးများ တစ်ဦးနှင့်တစ်ဦးအမြင်တွေမတူကြတဲ့အခါ … ဘာလို့ဒီအခြေအနေက တကယ်တမ်းမှာ သက်ညှာမှုတစ်ခုဖြစ်နေရတာလဲ။

“ငါကြားဖူးတာကတော့ ဒီအကြောင်းအရာကို ဟရာမ် (မလုပ်ပိုင်ဘူး) လို့ပြောတယ်။ ငါ့သူငယ်ချင်းသွားနေကြ ဗလီမှာကျတော့ ဒီအကြောင်းအရာကိုပဲ ဟလာလ် (လုပ်ပိုင်တယ်) လို့ပြောနေတယ်။ ဘယ်သူက မှန်တာလဲ” ဒီလိုအခြေအနေမျိုးကို ကြုံဖူးကြ ကြားဖူးကြလား။ ပညာရှင်ကြီးတွေရဲ့ မတူညီတဲ့အမြင်တွေရှိနေတာက မွတ်စ်လင်မ်အများစုအတွက် စိတ်ပင်ပန်းစရာ အခြေအနေတစ်ခုကို ဖြစ်စေပါတယ်။ ကျွန်မတို့တွေက ဟုတ်တယ်၊ မဟုတ်ဘူး/ ပိုင်တယ်၊ မပိုင်ဘူး ဆိုတဲ့ ရိုးရှင်းတဲ့အဖြေတစ်ခုကိုပဲ ရှင်းရှင်းလင်းလင်း လိုချင်ကြတယ်။ တမန်တော်မြတ်(ﷺ) လက်ထက်တုန်းက မတူညီတဲ့အဖြေ ၂ခုလုံးကို… အပိုင်း (၃) ပညာရှင်ကြီးများ တစ်ဦးနှင့်တစ်ဦးအမြင်တွေမတူကြတဲ့အခါ … ဘာလို့ဒီအခြေအနေက တကယ်တမ်းမှာ သက်ညှာမှုတစ်ခုဖြစ်နေရတာလဲ။

အပိုင်း (၅) အစ္စလာမ့်ဥပဒေက အချိန်ကာလနှင့် ဘယ်လို အလိုက်သင့်ပြောင်းလဲနိုင်သလဲ။

ကြားဖူးကြပါလိမ့်မယ် 📣 “ အစ္စလာမ့်ဥပဒေက နှစ်ပေါင်း ၁၄၀၀ အရင်က ရှိခဲ့တာ၊ ခုကအချိန်ကာလတွေပြောင်းလဲလာနေပြီ” ⏳ ဆိုတာမျိုး။ မှန်ပါတယ် ✔️ အချိန်ကာလတွေက ပြောင်းလဲနေပါတယ် 🔄 ထို့အတူပဲ အစ္စလာမ့်ဥပဒေကို ဒီလိုပြောင်းလဲမှုအတွက်ပဲ အတိအကျ ရေးဆွဲခဲ့တာဖြစ်တယ် 📖 ❓ရှုပ်သွားသလား။ အဓိကအဖြေကတော့ အစ္စလာမ့်ဥပဒေကို အချိန်ကာလအကန့်အသတ်မရှိ တိကျစွာရေးဆွဲထားခဲ့ပါတယ် ⏱️ ဘာလို့လဲဆိုတော့ အစ္စလာမ့်ဥပဒေကို အလိုက်သင့်ပြောင်းလဲနိုင်အောင် ရေးဆွဲ ဖွဲ့စည်းထားခဲ့လို့ပါပဲ 🔁 🌴… အပိုင်း (၅) အစ္စလာမ့်ဥပဒေက အချိန်ကာလနှင့် ဘယ်လို အလိုက်သင့်ပြောင်းလဲနိုင်သလဲ။

အပိုင်း (၄) အစ္စလာမ်သာသနာမှ ကာကွယ်ပေးထားသည့် အကြောင်းအရာ ၅ ခု

အစ္စလာမ်သာသနာမှာ တစ်ချို့အရာတွေကို ဘာလို့ပြင်းပြင်းထန်ထန်တားမြစ်ထားသလဲဆိုတာကို စဉ်းစားကြည့်ဖူးလား။ လူသတ်မှုက ဘာလို့ အလ်-ကဘီရ် ကြီးမားလွန်းတဲ့ရာဇဝတ်မှု (အပြစ်) ဖြစ်ရတာလဲ။ အရက်သောက်သုံးခြင်းကို ဘာကြောင့်တားမြစ်ထားတာလဲ။ လက်ထပ်ထိမ်းမြားမှုနှင့် စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုတွေအတွက် ပြင်းထန်တဲ့ စည်းမျဉ်းတွေ ဘာလို့ရှိနေတာလဲ။ အဖြေကတော့ Maqasid al-Shariah ရှရီယဟ်တရားတော်၏ ရည်ရွယ်ချက်နှင့် သဘောတရားများလို့ ပညာရှင်တွေ ညွှန်းဆိုကြတဲ့ အရာထဲမှာ ရှိနေပါတယ်။ 1️⃣ သာသနာ (ဒီန်း/Ad-Deen) ကို ကာကွယ်ခြင်း 📜 “အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ပြီး မည်သည့်အရာကိုမှ မကိုးကွယ်ကြနှင့်။”အာယာဟ်… အပိုင်း (၄) အစ္စလာမ်သာသနာမှ ကာကွယ်ပေးထားသည့် အကြောင်းအရာ ၅ ခု

အပိုင်း (၆) မတူညီတဲ့လမ်းကြောင်းအတိုင်းသွားနေပေမဲ့ တူညီတဲ့ လားရာတစ်ခုတည်းကိုသာ ဦးတည်နေတဲ့ ကျောင်းတော်ကြီး ၄ ခု

“အသင်က ဟနဖီလား၊ မာလီကီလား၊ ရှာဖီလား ဒါမှမဟုတ် ဟန်ဗာလီလား” ကျောင်းတော်ကြီး ၄ ခုက ဘယ်လိုပေါ်‌ပေါက်လာခဲ့သလဲ။ အပိုင်း (၃) မှာ ပြောခဲ့တဲ့အတိုင်း ၈ ရာစုနှစ်ရောက်လာတဲ့အခါ အစ္စလာမ်သာသနာသည် စပိန်မှ တရုတ်ပြည်ကို ပြန့်ပွားလာခဲ့တယ်။ နေရာတိုင်းမှာ ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နဟ်က တူတူပဲဆိုပေမဲ့ နေရာစုံမှာရှိနေတဲ့ မွတ်စ်လင်မ်တွေက မတူညီတဲ့ မေးခွန်းပေါင်းများစွာကိုရင်ဆိုင်ခဲ့ရတယ်။ ဒီလိုမေးခွန်းတွေကိုဖြေဆိုနိုင်ဖို့အတွက် ပညာအရာမှာတစ်ဖက်ကမ်းခပ်သာလွန်တဲ့ ပညာရှင်ကြီး ၄ ပါးက နည်းစနစ်ကျတဲ့ ဖြေရှင်းနည်းပုံစံစနစ်တစ်ခုစီကို… အပိုင်း (၆) မတူညီတဲ့လမ်းကြောင်းအတိုင်းသွားနေပေမဲ့ တူညီတဲ့ လားရာတစ်ခုတည်းကိုသာ ဦးတည်နေတဲ့ ကျောင်းတော်ကြီး ၄ ခု

အပိုင်း (၇) အစ္စလာမ့်စည်းမျဉ်းဥပဒေတွေက ဘယ်ကနေဖြစ်ပေါ်လာတာလဲ။

ပထမ ၆ ပိုင်းမှာ အစ္စလာမ့်ဥပဒေက ဘာလဲ၊ ဘယ်လိုပေါ်ပေါက်လာခဲ့တာလဲ၊ ဘယ်သူတွေက ပုံဖော်ခဲ့တာလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ ဒီထဲမှာ မဖြေရသေးတဲ့ မေးခွန်းတစ်ခုရှိပါတယ် 🤔 ပညာရှင်တစ်ဦးက စည်းမျဉ်းဥပ‌ဒေတစ်ခုကို သေချာချင့်ချိန်စဉ်းစားသုံးသပ်ပြီး ထုတ်လိုက်တဲ့အခါ အမှန်တကယ်မှာ အဲ့ဒီပညာရှင်က ဒီစည်းမျဉ်းအတွက် ဘယ်ရင်းမြစ်ကနေပြီးတော့ ရှာဖွေသုံးသပ်လိုက်တာလဲ။ 🔎 အစ္စလာမ့်ပညာရှင်ကြီးတိုင်းက တိကျတဲ့ စနစ်တကျစဉ်ထားတဲ့အစီအစဉ်တစ်ခုကိုပဲ လိုက်နာကျင့်သုံးကြတာပါ 🧭 ယုံကြည်စိတ်ချရမှုအမြင့်မားဆုံးသော သက်သေခံချက်က ပထမဦးစားပေး၊ သူ့နောက်က အထောက်အပံ့ပေးတဲ့သက်သေခံချက်၊ နောက်ဆုံးမှ ဆင်ခြင်သုံးသပ်ချက်ကိုအသုံးပြုကြပါတယ်… အပိုင်း (၇) အစ္စလာမ့်စည်းမျဉ်းဥပဒေတွေက ဘယ်ကနေဖြစ်ပေါ်လာတာလဲ။

အပိုင်း (၈) အူစူးလ် အလ်-ဖိက်ဟ် Usool al-Fiqh (أصول الفقه) ဆိုတာ ဘာလဲ။

နမားဇ်ဝတ်ပြုတာ 🕌၊ ရိုဇာစောင့်ထိန်းတာ 🌙၊ တားမြစ်ထားတဲ့အရာတွေကိုရှောင်ကြဉ်တာ 🚫၊ လုပ်ဆောင်ရမဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းတာ ✅ အစရှိတဲ့ အစ္စလာမ့်စည်းမျဉ်းတွေကို သင့်တစ်ဘဝလုံးလိုက်နာကျင့်သုံးနေကြမှာပါ။ ဒါပေမဲ့ ဒီလိုစည်းမျဉ်းတွေဖြစ်လာဖို့ ပညာရှင်ကြီးတွေက ဘယ်ကနေ ဘယ်လိုအစပြုပြီး ထုတ်ကြသလဲဆိုတာကို တွေးကြည့်မိဖူးလား 🤔။ အဖြေတွေရဲ့ နောက်ကွယ်က နည်းလမ်းက ဘာလဲ။ အဲ့ဒီနည်းလမ်းမှာ နာမည်ရှိပါတယ်၊ အူစူးလ် အလ်-ဖိက်ဟ် လို့ခေါ်ပြီး ဖိက်ဟ်ရဲ့ အခြေခံစည်းမျဉ်း ဖြစ်ပါတယ် 📖။ ဒီလိုလေး စဉ်းစားကြည့်ကြရအောင်။ ဆရာဝန်တစ်ယောက်က… အပိုင်း (၈) အူစူးလ် အလ်-ဖိက်ဟ် Usool al-Fiqh (أصول الفقه) ဆိုတာ ဘာလဲ။

အပိုင်း (၉) အစ္စလာမ့်ဥပဒေ၏ ဘာသာစကား – အရာအားလုံးက ဟလ်လာဟ် (ပိုင်တယ်) ဒါမှမဟုတ် ဟရာမ် (မလုပ်ပိုင်ဘူး) ချည့်ပဲလား။

လုပ်ဆောင်ရမဲ့ အစ္စလာမ့်ဥပဒေ အမျိုးအစားတွေကို ဘယ်လိုခွဲထားသလဲဆိုတာ လူအများစုကိုမေးကြည့်ပါ။ ဟလ်လာဟ် (ပိုင်တယ်) ဒါမှမဟုတ် ဟရာမ် (မလုပ်ပိုင်ဘူး)၊ ခွင့်ပြုတယ် ဒါမှမဟုတ် တားမြစ်ထားတယ် ဆိုတဲ့အမျိုးအစားတွေပါပဲလို့ တူညီတဲ့အဖြေကို သင်ပြန်ရနိုင်ခြေများပါလိမ့်မယ်။ တကယ်တမ်းမှာတော့ ဒါက အရိုးရှင်းဆုံးဖြစ်အောင်ရှင်းလင်းထားချက်တစ်ခုဖြစ်ပြီး မလိုအပ်တဲ့ ရှုပ်ထွေးမှုတွေအများကြီး ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တကယ်က အစ္စလာမ့်ဥပဒေမှာ ကျယ်ပြန့်တဲ့ ဝေါဟာရများစွာရှိနေပါတယ်။ လူတွေရဲ့ ပြုမှုလုပ်ဆောင်ချက်တိုင်းက အစ္စလာမ့်ဥပဒေအမျိုးအစား ၅ မျိုးထဲက ၁ မျိုးထဲမှာ သွားဝင်နေလေ့ရှိပြီး… အပိုင်း (၉) အစ္စလာမ့်ဥပဒေ၏ ဘာသာစကား – အရာအားလုံးက ဟလ်လာဟ် (ပိုင်တယ်) ဒါမှမဟုတ် ဟရာမ် (မလုပ်ပိုင်ဘူး) ချည့်ပဲလား။