Skip to content

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… အရောင်းအဝယ်ပြုခြင်းတွင် ရက်ရောခြင်း

ဒီဆောင်းပါးမှာတော့ ကျွန်မတို့ စျေးရောင်းစျေးဝယ်/ ကုန်သွယ်မှုပြုကြတဲ့အခါ သို့မဟုတ် ဈေးညှိကြတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုကို ကြည့်ကြပါရအောင်။ အရှေ့အလယ်ပိုင်းဒေသမှာ နေထိုင်တဲ့သူတွေ မဟုတ်ရင်၊ ဥပမာ သင်က အွမ္မရာဟ် သို့မဟုတ် ဟဂျ်သွားတဲ့အခါ သို့မဟုတ် ပစ္စည်းတွေရဲ့ စျေးနှုန်း သတ်မှတ်ထားခြင်းမရှိတဲ့ နိုင်ငံတချို့သွားတဲ့အခါ စျေးဝယ်ကြပြီဆိုရင် စျေးညှိကြရပါတယ်။ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ကို ရိုဇီ (စားနပ်ရိက္ခာ) နဲ့ အခြေအနေတွေကို ပေးထားပါတယ်။ လူတချို့အတွက် ဒေါ်လာအပိုတစ်ရွက်က သိပ်အရေးမကြီးပေမယ့် တချို့အတွက်တော့ အဲ့ဒါက ရောင်းဝယ်မှု အောင်မြင်ခြင်းသို့ မအောင်မြင်ခြင်းကို ဆုံးဖြတ်နိုင်ပါတယ်။

တမန်တော်မြတ် (ﷺ) က ဒီဟဒီးဆ်တော်မှာ إِنَّ اللَّهَ يُحِبُّ سَمْحَ الْبَيْعِ سَمْحَ الشِّرَاءِ سَمْحَ الْقَضَاءِ “အလ္လာဟ် (سبحانه وتعالى) က ဝယ်တဲ့အခါမှာ ရက်ရောသူ၊ ရောင်းတဲ့အခါမှာ ရက်ရောသူ၊ ပြန်ဆပ်တဲ့အခါမှာ ရက်ရောသူများကို ချစ်တော်မူ၏” လို့ မိန့်တော်မူခဲ့ပါတယ်။ ဒီဟဒီးဆ်တော်ရဲ့ အဓိပ္ပာယ်က အကြွေးပြန်ဆပ်ဖို့တောင်းခံတဲ့အခါ လွယ်ကူမှုရှိစေပြီးတော့ မည်သည့်အတွက်နဲ့မှ အတိုးနှုန်း သို့မဟုတ် ရီဗာ (ချေးငှါးငွေအတွက်အတိုး) ကောက်ခံခြင်းမျိုး မပါရှိနေဖို့ပဲဖြစ်ပါတယ်။

 အလ္လာဟ် (سبحانه وتعالى) က ကုရ်အာန်မှာ ပထမဆုံး သတိပေးခဲ့တဲ့ လူအုပ်စုတွေထဲက တစ်စုကတော့ وَيْلٌ لِلْمُطَفِّفِينَ “အချိန်အတွယ်မှာ လိမ်ညာသူတွေအတွက် ပျက်စီးခြင်းသာ ရှိစေသတည်း” လို့ ဖော်ပြခဲ့ပါတယ်။ ဒါက ရောင်းဝယ်မှုက နည်းနည်းလေး ပိုရဖို့ အချိန်အတွယ်မှာ နည်းနည်းလေး ပိုဆောင်းယူလိုက်တာမျိုးကို ဆိုလိုပါတယ်။ မုအ်မင်(သက်ဝင်ယုံကြည်သူ) တစ်ယောက်ဟာ နည်းနည်းလေး ပိုရဖို့ထက် စီးပွားရေးလုပ်ရာမှာ တခြားသူကို မတရားလုပ်မိလို့ အလ္လာဟ် (سبحانه وتعالى) ဆီက ဒဏ်ခံရမှာကို ပိုပြီးစိုးရိမ်ကြပါတယ်။

တမန်တော်မြတ် (ﷺ) က ရိုးသားတဲ့ကုန်သည်တွေနဲ့ အရောင်းသမားတွေကို အလ္လာဟ် (سبحانه وتعالى) နှစ်သက်တယ်လို့ ပြောခဲ့ပါတယ်။ ရိုးသားတဲ့ကုန်သည်၊ လူတွေကို မလိမ်ညာတဲ့သူ၊ ပိုမယူတဲ့သူတွေကို အရှင်က နှစ်သက်ပါတယ်။ ထိုသူတို့က သူတို့ပိုလိုအပ်တာကို အလ္လာဟ် (سبحانه وتعالى) နဲ့ တမန်တော်မြတ် (ﷺ) ဆီကပဲ ရှာကြတယ်။ ဝယ်သည်ဖြစ်စေ၊ ရောင်းသူဖြစ်စေ၊ အကြွေးနဲ့ ပြန်ဆပ်မှု ကိစ္စဖြစ်စေပေါ့။ ကုန်သွယ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး မျိုးစုံသော ဟဒီးဆ်တော်တွေ ရှိပါတယ်။

ဒါပေမယ့် ဒါဟာ ကျွန်မတို့ ဝယ်တဲ့အခါ သို့မဟုတ် ရောင်းတဲ့အခါ လူမိုက်လိုဆက်ဆံဖို့ မဆိုလိုပါဘူး။ လိမ်လည်ခံရတဲ့သူ ဖြစ်ဖို့ မဆိုလိုဘဲ ဈေးဆစ်ရာမှာ အရမ်းအလွန်အကျွံ လုပ်သူ မဖြစ်ဖို့ ဆိုလိုပါတယ်။ ဒါဟာ လိမ်လည်သူတစ်ယောက် မဖြစ်ဘဲ တစ်ဖက်သားကို ထည့်သွင်းစဉ်းစားတတ်သူ ဖြစ်ဖို့ဆိုလိုတာပါ – ဒါဟာ မမျှတတဲ့နည်းလမ်းနဲ့ ဒရ်ဟမ်း(Dirham)၊ ဒီနာ (Dinar) သို့မဟုတ် ဒေါ်လာ ပိုရဖို့အတွက် ကိုယ့်ရဲ့ အခြေခံစည်းမျဉ်းတွေကို စွန့်လွှတ်ခြင်း သို့မဟုတ် အလျှော့ပေးခြင်း မလုပ်တဲ့သူကို ဆိုလိုပါတယ်။ ပိုက်ဆံရှာရတာ မဆိုးပေမယ့် တချိန်တခါမှာ ကျွန်မတို့ရဲ့ နှလုံးသားမှာ ရက်ရောမှုလည်း ရှိဖို့လိုပါတယ်။ အကယ်လို့ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ကို စျေးကွက်ထဲဝင်ပြီး အရာအားလုံးကို လွယ်လွယ်ကူကူ ဝယ်နိုင်တဲ့ အခြေအနေမျိုး ပေးထားရင် ပိုတဲ့ ဒရ်ဟမ်း သို့မဟုတ် ဒေါ်လာ အတွက် ပူစရာမလိုပါဘူး။ တစ်ဖက်မှာ စျေးရောင်းနေသူအတွက် ငါး ဒရ်ဟမ်း၊ ငါး ဒေါ်လာပို ရတာမျိုးသာဆိုရင် သူ့အတွက် အကြီးအကျယ် ကွာခြားသွားနိုင်ပါတယ်။ သူတို့ကို ပေးလိုက်ပါ၊ အကြောင်းက သူတို့ အမှန်တကယ် လိုအပ်ချက်ရှိတယ်ဆိုတာ သိလို့ပါ။ ဒါဟာ အိဟ်ဇာန် (မွန်မြတ်မှု) ရဲ့ အစိတ်အပိုင်းတစ်ခုပါ – ဝင်ငွေရဖို့ ရိုးသားစွာ ရုန်းကန်နေတဲ့သူကို ရက်ရောမှုနဲ့ ဆက်ဆံတာပါ။

တစ်ချို့နိုင်ငံတွေမှာ၊ တစ်ရှူးဘူး ရောင်းဖို့ကြိုးစားနေတဲ့သူတွေ သို့မဟုတ် တခြား အသေးအဖွဲ့ပစ္စည်းတွေ ရောင်းဖို့ကြိုးစားနေတဲ့သူတွေကို ကျွန်မတို့ တွေ့ရတတ်ပါတယ်။ အင်ရှာအလ္လာဟ်၊ သူတို့ဆီက ဝယ်ခြင်းဟာ (Sadaqa) ဆွဒရ်ကာ (ဒါန) ပေးနည်းတစ်ခုအနေနဲ့ ကျွန်မတို့ကို နစ်နာမှုမရှိစေပါဘူး။ ဒါဟာ ရိုးသားတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုနဲ့ ရုန်းကန်နေရတဲ့သူကို ဂုဏ်ပြုဖို့အတွက် ဖြစ်ပါတယ်။ အမြဲမှတ်ထားပါ၊ အလ္လာဟ် (سبحانه وتعالى) က ဝယ်ခြင်း၊ ရောင်းခြင်းနဲ့ ပြန်ဆပ်ခြင်းတို့မှာ တစ်ဖက်သားကို ထည့်သွင်းစဉ်းစားတတ်သူကို ချစ်ပါတယ်။

ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား ရက်ရောသူများအထဲမှ တစ်ဦး ဖြစ်ခွင့်ပေးသနားတော်မူပါ။ အာမီးန်။

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…မထင်ရှားကြသူများ  အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…တမန်တော်မြတ်လမ်းစဉ်ကို လိုက်ကြသူများ