Skip to content

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… အရှင်မြတ်ချီးမြှင့်ပေးထားသည့် ကင်းလွတ်ခွင့်များကို လက်ခံခြင်း

ကျွန်မတို့ဟာ အခုအချိန်ထိ ကျွန်မတို့မှာရှိလာဖို့ ကြိုးစားနေတဲ့ အရည်အသွေးတွေအကြောင်း နဲ့ အလ္လာဟ် (سبحانه وتعالى) မှ သတ်မှတ်ထားတဲ့ လူသားတွေဆောင်ကြဉ်းပေးလာနိုင်တဲ့အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီလို ခက်ခဲတဲ့အခြေအနေတွေမှာ ကျွန်မတို့ဟာ ချစ်တက်မြတ်နိုးတက်တဲ့၊ သနားကရုဏာထားတက်တဲ့၊ ရက်ရောတက်တဲ့ အရှင်သခင်တစ်ပါး ကျွန်မတို့မှာ ရှိတယ်ဆိုတာကို အသိအမှတ်ပြုရပါမယ်။ အရှင်မြတ်ဟာ သူ့ကျေးကျွန်တွေကို နှိပ်စက်ညှဉ်းပန်းချင်တာ မဟုတ်ပါဘူး။ ကျွန်မတို့ဟာ တမန်တော်မြတ် (ﷺ) ဆီကနေ အလ္လာဟ် (سبحانه وتعالى) အကြောင်း တမန်တော်မြတ် (ﷺ) ကြီးရဲ့ မိန့်ဆိုချက်ဖြစ်တဲ့ “အလ္လာဟ် (سبحانه وتعالى) သည် အရှင်မြတ်ရဲ့ ခွင့်ပြုချက်များကို လူသားများလက်ခံနိုင်ခြင်းအား လွန်စွာချစ်မြတ်နိုးပါသည်” မှ ကောင်းစွာနားလည်သဘောပေါက်ကြပြီးသား ဖြစ်ပါတယ်။

အီမာမ်အဟ်မဒ် (رحمه الله) ရဲ့ နောက်ထပ် ဆင့်ပွားမှတ်တမ်းတစ်ခုမှာ “အရှင်မြတ်သည် အရှင့်ကို မနာခံခြင်းမှ ရှောင်ကြဉ်စေချင်သလိုပဲ၊ အရှင့်ရဲ့ လက်ဆောင်တွေကို လက်ခံစေချင်တယ်၊ အရှင်ချမှတ်ပေးထားတဲ့ လွယ်ကူတဲ့ နည်းလမ်းတွေကို လိုက်နာစေချင်တယ်၊ အရှင့်ရဲ့ ကင်းလွတ်ခွင့်တွေကို လက်ခံစေချင်တယ်” လို့ ဖော်ပြပါတယ်။

 နောက်ထပ် မှတ်တမ်းတစ်ခုက ဒီလိုပြောပါတယ် – “အရှင်မြတ်ဟာ ပိုခက်ခဲတဲ့ အရာတွေ၊ ပိုခက်တဲ့ကိစ္စတွေကို ရွေးချယ်စေလိုသလို အဲဒီအရာတွေမှာ မပါမဖြစ်ပါဝင်တဲ့ ရုန်းကန်မှုနဲ့ ဝန်ထုပ်ဝန်ပိုးတွေ ရှိနေကြပါတယ်။ ဒီအတိုင်းပဲ၊ အသင့်အတွက် အလွယ်ကူဆုံးဖြစ်အောင် အရှင်ပြုလုပ်ပေးထားတဲ့ အကြောင်းအရာတွေကိုလည်း အသုံးပြုစေဖို့ ချစ်မြတ်နိုးပါတယ်။” ဥပမာအားဖြင့်၊ ရမဿွာန်လမှာ အစာရှောင်ရင်း သွားလာရတာက ခက်ခဲနေရင် အစာမရှောင်ဘဲနေနိုင်ပါတယ်။ အဲဒီလို မရှောင်ဘဲနေတာမျိုးဟာ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ကို ဒုက္ခမခံစေလိုလို့ပါ။ အလ္လာဟ် (سبحانه وتعالى) က ခရီးသွားနေတဲ့သူအတွက် လက်ဆောင်တစ်ခု ပေးထားပြီး အလ္လာဟ် (سبحانه وتعالى) က ထိုလက်ဆောင်ကို လူတစ်ယောက်အနေနဲ့ အသုံးချပြီး လက်ခံတာကို ချစ်မြတ်နိုးပါတယ်။ တမန်တော်မြတ် (ﷺ) က ဆွဟာဗာဟ်နှစ်စုကို မြင်ပြီး “အကျိုးရလဒ်ဟာ အစာရှောင်ခြင်းကို ဖျက်ပြီး ခရီးသွားခဲ့သူတွေဆီမှာ ရှိတယ်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့ဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ လက်ဆောင်ကို လက်ခံသုံးစွဲခဲ့လို့ပဲ” လို့ မိန့်တော်မူခဲ့ပါတယ်။လူတွေက ခရီးသွားနေတယ်ဆိုရင်၊ သူတို့ရဲ့ ဆွလာဟ်ကို တိုတောင်းအောင်ပြုမလား (ကဇွာ) ဒါမှမဟုတ် ပြည့်ပြည့်ဝဝ ပြုကြမလား? ခရီးမှာ ဆွလာဟ်ကို တိုတောင်းအောင် ပြုခြင်းက ပိုပြီး အကျိုးရှိပါတယ်၊ အဘယ်ကြောင့်ဆိုသော် ကျွန်မတို့ဟာ တမန်တော်မြတ် (ﷺ) ရဲ့ စွန္နဟ်အတိုင်း လိုက်ပြီး အလ္လာဟ် (سبحانه وتعالى) ထံက ကင်းလွတ်ခွင့်နဲ့ လက်ဆောင်ကို လက်ခံလိုက်လို့ပါ။

ကျွန်မတို့ အစာရှောင်ခြင်းကို ဖြတ်တဲ့အခါမှာ (ဝါဖြတ်လိုက်တဲ့အခါ) တမန်တော်မြတ် (ﷺ) က ကျွန်မတို့ကို ပြောပြခဲ့တာက “ကိုယ်တော့်ရဲ့ ကျေးကျွန်တွေထဲမှာ ကိုယ်တော့်ကို အချစ်ဆုံးကတော့ သူတို့ရဲ့ အစာရှောင်ခြင်းကို လျင်မြန်စွာ ဖြတ်ချလိုက်တဲ့သူတွေပဲ” လို့ ပြောခဲ့ပါတယ်။ မဂ်ရစ်ဘ်အချိန်ရောက်ပြီးနောက် ကျွန်မတို့ရဲ့ ဝါဖြေလိုက်ဖို့ အချိန်ဆွဲ၊ နှောင့်နှေးနေစေလိုတာ မဟုတ်ပါဘူး။ မဂ်ရစ်ဘ်အချိန်စတဲ့အခါ၊ အလ္လာဟ် (سبحانه وتعالى) သည် ကျွန်မတို့ စွန်ပလွံသီးလေးတစ်လုံးစားလိုက်ဖို့ ရေတစ်ဖန်ခွက် သောက်လိုက်ဖို့ကို လိုလားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ၊ အလ္လာဟ် (سبحانه وتعالى) ဟာ ကျွန်မတို့ suhūr ကို ဖဂျရ်အချိန်အထိ နှောင့်နှေးစေချင်ပါတယ်၊ ခွင့်ပြုထားတဲ့အချိန်မတိုင်ခင်အထိ နှောင့်နှေးစေချင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဒါဟာ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ကို ပေးထားတဲ့ လက်ဆောင်တွေကို အသုံးချနေကြောင်း ပြသနေပါတယ်။ ကျွန်မတို့မှာ ရက်ရောစွာပေးဖို့ ချစ်တဲ့ အရှင်တစ်ပါး ရှိပါတယ်။ ရမဿွာန်ရဲ့ နောက်ဆုံး ညတွေမှာ ကျွန်မတို့ ဆုတောင်းတာကို မှတ်မိပါတယ် – “ယာအလ္လာဟ် (سبحانه وتعالى)! အရှင်မြတ်သည် အလွန်တရာခွင့်လွှတ်တော်မူတတ်ပြီး ရက်ရောတတ်သည့် အရှင်ဖြစ်ပါတယ်။ အရှင်သည် ခွင့်လွှတ်ခြင်းကို မြတ်နိုးတော်မူသည့်အတွက် ကျွန်တော်မျိုးမတို့ကို ခွင့်လွှတ်ပေးတော်မူပါ။”

တမန်တော်မြတ် (ﷺ) က အလ္လာဟ် (سبحانه وتعالى) ရဲ့ ရက်ရောမှုကို ချစ်ခြင်းနဲ့တွဲဖက်ပြောတာပါ။ အလ္လာဟ် (سبحانه وتعالى) ဟာ ကျွန်မတို့ကို ခွင့်လွှတ်ဖို့ချစ်သလို၊ ကျွန်မတို့ကို ရက်ရောစွာဆက်ဆံဖို့ ချစ်သလိုပဲ၊ အရှင်မြတ်က ကျွန်မတို့ကို ပေးတဲ့အခါ ကျွန်မတို့က သူ့လက်ဆောင်တွေကို လက်ခံဖို့ ချစ်ပါတယ်။ ဒါပေမယ့် ဒါဟာ (ဖဿဝါ) တရားဝင် ထင်မြင်ချက်တစ်ခုမှာ ကင်းလွတ်ခွင့် (rukhṣah) ကို ယူတာ (အမြဲတမ်း အလွယ်ကူဆုံး ဖဿဝါကို ယူခြင်း) ကို ဆိုလိုတာ မဟုတ်ပါဘူး။ ရှရီယဟ်တရားတော်မှာ၊ ဖစ်က်ဟ်ဥပဒေမှာ၊ သာသနာတော်မှာ လွယ်ကူခြင်းတရားတွေ၊ ကင်းလွတ်ခွင့်တွေ ထည့်သွင်းပေးထားတဲ့အပေါ်မှာ ကျွန်မတို့ဟာ ဒီအရာတွေကို လက်ခံပြီး အလ္လာဟ် (سبحانه وتعالى) ကို ကျေးဇူးတင်ရမယ်လို့ ဆိုလိုတာပါ။ ဒါကတော့ အလ္လာဟ် (سبحانه وتعالى) ကို ကိုယ်တိုင် ကျေးဇူးတင်ခြင်းထင်ဟပ်မှုတစ်ခုဖြစ်ပြီး အလ္လာဟ် (سبحانه وتعالى) သည် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ချစ်မြတ်နိုးသည့်အရှင်ဖြစ်သလို ခွင့်လွှတ်ပေးတတ်သည့်အရှင်လည်း ဖြစ်ပါတယ်၊ ကျွန်မတို့အတွက် အရာရာကို လွယ်ကူအောင် လုပ်ပေးဖို့လည်း ချစ်မြတ်နိုးပါတယ်။

 အရှင်မြတ်ဟာ ကုရ်အာန်ကျမ်းတော်မြတ်မှာ “အလ္လာဟ် (سبحانه وتعالى) သည် အသင်တို့အပေါ် မှ ဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးစေချင်ပါတယ်” လို့ မိန့်တော်မူခဲ့ပါတယ်။ နောက်ထပ်ကတော့ “အလ္လာဟ် (سبحانه وتعالى) သည် အသင်တို့အတွက် လွယ်ကူခြင်းကို အလိုရှိပြီး ခက်ခဲခြင်းကို မလိုလားပါ” လို့ ဖော်ပြပါတယ်။ စူရဟ် အလ်-ဗကရဟ်မှ ဒီအာယာဟ်တော်ဟာ အလ္လာဟ် (سبحانه وتعالى) က ဖျားနာနေသူနဲ့ ခရီးသည်တစ်ယောက်အတွက် အစာမရှောင်ဘဲနေဖို့ ကင်းလွတ်ခွင့်ပေးတဲ့ အကြောင်းအရင်းထဲက တစ်ခုပါ။ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို နာကျင်စေပြီး ဒါက အလ္လာဟ် (سبحانه وتعالى) အတွက်လို့ မပြောသင့်ပါဘူး၊ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ကို ပေးထားတဲ့ ကင်းလွတ်ခွင့်ကို၊ လက်ဆောင်ကို လက်ခံသင့်ပါတယ်။ ဒီအတွက် အလ္လာဟ် (سبحانه وتعالى) ကို ကျေးဇူးတင်ပြီး ဒါဟာ ကျွန်မတို့ လုပ်နိုင်တဲ့ အကောင်းဆုံး အရာဖြစ်ပါတယ်။ ခွင့်လွှတ်ဖို့ ချစ်တတ်တဲ့၊ ရက်ရောဖို့ ချစ်တတ်တဲ့၊ အရှင့်ထံမှလက်ဆောင်တွေ လက်ခံခြင်းကို ချစ်တတ်တဲ့ အရှင်သခင်အတွက်ကိုပေါ့။

ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား အရှင်မြတ်ထံမှ ခွင့်လွှတ်ခြင်းကို ရရှိတဲ့သူများ ဖြစ်ခွင့်ရကြဖို့၊ ယခုဒွန္နယာဟ်နှင့်နောင်အာခေရဟ် နှစ်ဘဝလုံးတွင် အရှင်မြတ်ထံမှ လက်ဆောင်များကို လကခံသုံးစွဲသူများ ဖြစ်ခွင့်ရဖို့ တောင်းဆုဒုအာအ်ပြုအပ်ပါတယ်။ အာမီးန်။

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…တမန်တော်မြတ်လမ်းစဉ်ကို လိုက်ကြသူများ အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… အလှတရား