Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟑 𝐊𝐞𝐞𝐩𝐢𝐧𝐠 𝐠𝐨𝐨𝐝 𝐜𝐨𝐦𝐩𝐚𝐧𝐲


ကျွန်မတို့ လူရယ်လို့ဖြစ်လာပြီဆိုရင် တစ်ဦးတစ်ယောက်တည်း သီးသန့်နေထိုင်လို့မရပါဘူး။

ဘယ်လောက်ပဲတော်ပြီးထက်မြက်သူတွေပဲဖြစ်ဖြစ်၊ ကိုယ့်အားကိုယ်ကိုးတဲ့သူပဲဖြစ်ဖြစ် အနားမှာ မိတ်ဆွေကောင်းတွေရှိဖို့လိုပါတယ်။

“လူတစ်ယောက်အကြောင်းသေချာသိချင်ရင် သူ့ဘယ်လိုလူတွေနဲ့ပေါင်းသင်းလဲဆိုတာကိုကြည့်ပြီးသိနိုင်တယ်” ဆိုတဲ့ စကားတစ်ခုလိုပဲ ကျွန်မတို့ဘယ်လိုအကျင့်စရိုက်ရှိလဲဆိုတာ ကျွန်မတို့နားမှာရှိတဲ့ ပတ်ဝန်းကျင်၊ အဆွေခင်ပွန်းကိုကြည့်ပြီး သိနိုင်ပါတယ်။

လူတစ်ယောက်မှာရှိတဲ့ အပြုအမှုတွေဆိုတာက သူကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ သူနေထိုင်ပေါင်းသင်းတဲ့ မိတ်ဆွေ၊ ဆရာသမားတွေရဲ့ လွှမ်းမိုးမှုအများကြီးရှိနေပါတယ်။

ပင်ကိုယ်ကဘယ်လိုလူဖြစ်နေပါစေ ကိုယ်ပေါင်းသင်းတဲ့သူက ကြိုးစားနေတဲ့ လူတော်တွေဖြစ်နေမယ်ဆိုရင် ကိုယ်လည်း သူတို့လို ကြိုးစားနေတဲ့လူတော်တစ်ယောက်ဖြစ်လာနိုင်သလို ကိုယ်ဘယ်လောက်တော်တော် အားမပေးတဲ့ ပတ်ဝန်းကျင်၊ ဇွဲလုံ့လမရှိတဲ့ သူငယ်ချင်းမိတ်ဆွေတွေပဲရှိနေမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ်ပါ လူညံ့ဖြစ်လာနိုင်ပါတယ်။

ဒါ့ကြောင့် ဒီနေ့အတွက် အလေ့အကျင့်က မိတ်ဆွေကောင်းတွေရှာဖွေပြီး နေထိုင်တတ်ဖို့ ကြိုးစားအားထုတ်ဖို့ပဲ ဖြစ်ပါတယ်။

 á€•ထမဌးဆုလးဥန္နဲအ ကိုယ်က ဘယ်လိုလူတွေနဲ့ မိတ်ဆွေဖွဲ့ထားသလဲဆိုတာ အရင် ပြန်သုံးသပ်ပါ။

 á€˜á€á€™á€žá€Ź ကိုယ်ဖြစ်ချင်တဲ့ပုံစံနဲ့နေထိုင်နေတဲ့သူတွေနဲ့ အဆွေခင်ပွန်းဖွဲ့ပါ။

 á€€á€­á€Żá€šá€şá€œá€ąá€¸á€…ဏးဥဏးကဝတဲအဆရဏသမဏးတွ္ နဲ့ အဆက်အသွယ်လုပ်ပါ။

 á€€á€­á€Żá€šá€ˇá€şá€•á€á€şá€á€”á€şá€¸á€€á€ťá€„á€şá€€ ကိုယ်ရှင်သန်ချင်တဲ့နေရာမျိုး မဟုတ်နေခဲ့ရင် ရုန်းထွက်ဖို့ကြိုးစားပါ။

 á€€á€­á€Żá€šá€ˇá€şá€™á€­á€á€şá€†á€˝á€ąá€›á€„်းတွ္က ကိုယ်မကြိုက်တဲ့ပုံစံတွေဖြစ်နေခဲ့ရင် အကောင်းဘက်ကို ပြင်ယူနိုင်ဖို့ကြိုးစားပါ။ ဘယ်လိုမှ ပြင်မရခဲ့ရင်လည်း ကိုယ်ကိုယ်တိုင်ပါ မနစ်မြုပ်သွားဖို့ ကြိုးစားရုန်းကန်ပါ။

 á€á€…á€şá€á€Ťá€á€…á€şá€œá€ą ကိုယ့်အတွက် မိတ်ဆွေကောင်းရဖို့ဆိုတာ ကိုယ့်ဘက်ကနေ ကြိုးစားအားထုတ်တတ်ဖို့လည်း လိုပါတယ်။

 á€€á€­á€Żá€šá€şá€œá€­á€Żá€á€ťá€„á€şá€á€˛á€ˇá€˜á€á€•á€Żá€śá€…á€śá€€á€­á€Żá€›á€ąá€Źá€€á€şá€–á€­á€Żá€ˇ ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်ရပါမယ်။

ဒီနေရာမှာ အစ္စလာမ့်ရှုထောင့်အနေနဲ့ မိတ်ဆွေကောင်းဆိုတာက ချမ်းသာကြွယ်ဝပြီး အောင်မြင်ကျော်ကြားနေသူတွေကိုသာ ဆိုလိုတာမဟုတ်ပါဘူး။

ဘယ်လိုအခြေအနေမှာရှိနေပါစေ ဖန်ဆင်းရှင်နှင့် နီးကပ်ဖို့ကြိုးစားနေတဲ့ လူတိုင်းက မိတ်ဆွေကောင်းပဲဖြစ်ပါတယ်။

ဒါမှသာ ကျွန်မတို့တွေအားလုံးက မိတ်ဆွေကောင်းတွေနဲ့အတူ ဘဝရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဖန်ဆင်းရှင် နဲ့နီးစပ်မှုရနိုင်ဖို့ ကြိုးစားနေတဲ့ လူကောင်းတွေဖြစ်လာကြမှာပါ။

ဒါ့ကြောင့် ကျွန်မရဲ့ မိတ်ဆွေတို့ကိုလည်း အဆွေခင်ပွန်းကောင်းတွေနဲ့ ပေါင်းသင်းတဲ့အလေ့အကျင့်တစ်ခု လုပ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟐 𝐒𝐭𝐚𝐲𝐢𝐧𝐠 𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥𝐥𝐲 𝐀𝐜𝐭𝐢𝐯𝐞 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟒 𝐀𝐯𝐨𝐢𝐝 𝐜𝐨𝐦𝐩𝐚𝐫𝐢𝐧𝐠 𝐰𝐢𝐭𝐡 𝐨𝐭𝐡𝐞𝐫𝐬