Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟓 𝐅𝐨𝐜𝐮𝐬 𝐨𝐧 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞𝐬


ပြီးခဲ့တဲ့ ပို့စ် မှာတော့ Allah (سبحانه وتعالى) မှ ကျွန်မတို့အပေါ် ချီးမြှင့်ပေးထားတဲ့ အရာတွေအားလုံးအတွက် ကျေးဇူးတင်တတ်တဲ့စိတ်ကို မွေးမြူတတ်တဲ့ အလေ့အကျင့် အကြောင်းပြောခဲ့သလို ဒီနေ့မှာတော့ ကောင်းမွန်တဲ့အရာတွေအပေါ် ပိုပြီးအာရုံစိုက်တတ်တဲ့ အလေ့အကျင့်မွေးမြူတတ်ဖို့ ပြောသွားမှာပဲ ဖြစ်ပါတယ်။

“ဘယ်အရာကိုပဲ အာရုံစိုက်မိပါစေ၊ အဲ့ဒီအရာက ပိုပြီး ဖြစ်ဖြစ်လာတယ်” ဆိုတဲ့ ဆောင်ပုဒ်လေးတစ်ခုကို ကြားဖူးမိကောင်း ကြားဖူးမိနိုင်ပါတယ်။

အဲ့ဒါတကယ် အမှန်ပါပဲ။

ကျွန်မတို့ ဘဝရဲ့ အကြောင်းအရာတစ်ခုခုအပေါ်မှာ အချိန်ပေးပြီး နစ်မြှုပ်နေလေလေ၊ အာရုံပိုပေးလွန်းလေလေ ကျွန်မတို့မျက်စိရှေ့မှောက်မှာတင် ပြောင်းလဲမှုတွေက ပိုကြီးလာတာကို တွေ့ရတတ်သလို အဲ့ကိစ္စအပေါ်မှာ ပိုပြီး အာရုံထားတတ်လာပါတယ်။

တကယ်လို့သာ ကျွန်မတို့က အကြောက်တရားတွေ၊ သံသယတွေကို သာ ပိုပြီး အာရုံစိုက်မိနေမယ်ဆိုလျင် ကျွန်မတို့ဘဝထဲကို ဒီ အကြောက်တရားတွေ၊ သံသယတွေကို ပို ဖိတ်ခေါ်မိပါလိမ့်မယ်။

အဲ့ဒီအစား ကျွန်မတို့ရဲ့ ကောင်းမွန်တဲ့အရာတွေကိုသာ ပိုအာရုံစိတ်မယ်၊ အကောင်းတွေကိုပိုပြောင်းပြီး မြင်တတ်အောင်ကြည့်မယ်ဆိုရင် အရာအားလုံးက သူ့နေရာနှင့် သူ အဆင်ပြေသွားပါလိမ့်မယ်။

ဒါ့ကြောင့် Habit No.5 အနေနဲ့ ဖြစ်သမျှ ကိစ္စတွေမှာ တတ်နိုင်သမျှ အကောင်းဖက်က မြင်တတ်ဖို့၊ အခက်အခဲတွေကြားထဲကနေ အကောင်းကို ရှာပြီး ကြိုးစားဖြတ်သန်းသွားဖို့ တိုက်တွန်းချင်ပါတယ်။

နောက်နေ့မှာရော ဘယ်လိုအလေ့အကျင့်တွေ ထပ်မျှဝေပေးသွားမလဲဆိုတာ စောင့်မျှော်ရင်း အလေ့အကျင့်လေးတွေကို ထပ်တူ လိုက်ကြိုးစားလုပ်ဆောင်ကြည့်ကြပါဦးနော်။ 

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟒 𝐆𝐫𝐚𝐭𝐢𝐭𝐮𝐝𝐞 𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟔 𝐊𝐧𝐨𝐰 𝐘𝐨𝐮𝐫 𝐏𝐮𝐫𝐩𝐨𝐬𝐞 𝐢𝐧 𝐋𝐢𝐟𝐞