နေ့စဉ်ကောင်းသောကိစ္စရပ်များကိုနှလုံးသွင်းခြင်း
ပြီးခဲ့တဲ့အလေ့အကျင့်တွေအနေနဲ့ မကောင်းမြင်စိတ်တွေကိုရှောင်ကြဉ်ဖို့၊ ဘဝမှာ ကိုယ်လိုချင်တာတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် Goal setting ချမှတ်ဖို့ ပြောခဲ့ပါတယ်။
ဒီနေ့အတွက် အလေ့အကျင့်ကတော့ ကျွန်မတို့ရဲ့ မသိစိတ်စွမ်းအား (the power of the unconscious mind) လိုမျိုး ကျွန်မတို့ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်း (the brain’s ability) ကို အသုံးပြုပြီး ပြီးခဲ့တဲ့ အလေ့အကျင့်တွေကို ပိုပြီးအားကောင်းသွားစေဖို့ Daily affirmation ပြုလုပ်ခြင်း ပဲ ဖြစ်ပါတယ်။
Positive Affirmations လို့ခေါ်တဲ့ ကောင်းမွန်တဲ့နှလုံးသွင်းခြင်း ဆိုတာက ကျွန်မတို့မှာရှိနေတဲ့ အဆိုးမြင်စိတ်တွေ၊ ကိုယ့်ကိုယ်ကိုဖျက်လိုဖျက်စီးလုပ်နေတဲ့ အတွေးတွေကို ကျော်လွှားနိုင်အောင် အကူအညီပေးမဲ့ Statements ရေးသားပြောဆိုချက်တွေပဲ ဖြစ်ပါတယ်။
ဒီလို Daily Affirmations Statements တွေကို ထပ်ခါတလဲလဲ ယုံယုံကြည်ကြည်နဲ့ နှလုံးသွင်းကြည့်မယ်ဆိုရင် ကျွန်မတို့ရဲ့ စိတ်ခွန်အားတွေတက်လာပြီးတော့ ဒီအားအင်တွေကနေပဲ ကျွန်မတို့ဘဝအတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ အစပြုလာမှာ ဖြစ်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း နေ့စဉ်နေ့တိုင်း နှလုံးသွင်းနေကြ Daily Affirmations Statements တွေရှိပါတယ်။
မြင်သာအောင် ဥပမာအနေနဲ့ ကျွန်မရဲ့ Affirmation Statements အနည်းငယ်ကို ဖော်ပြချင်ပါတယ်။
- I put Trust in Allah (SWT), He is the best planner.
- I have the freedom to choose. My life is filled with choices & possibilities.
- I trust in my ability to communicate confidently and effectively.
- I have the courage to speak up for myself or others when I know it is the right thing to do.
- My life is filled with love, meaning, and purposes and free from negativity and drama.
- I am motivated and disciplined and I have the energy and initiative to complete whatever I start.
အရင်က မလုပ်ခဲ့ဖူးရင်တောင် ဒီလိုမျိုး ကိုယ့်အတွက် အားတက်စေမဲ့ Affirmation Statements လေးတွေပြင်ဆင်ပြီး နှလုံးသွင်းကြည့်ပါ။
ကျွန်မတို့ဖြစ်ချင်နေတဲ့ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို သိပ်မကြာခင်တွေ့ရမှာ အသေချာပါပဲရှင်။