အရ် ရဟီးမု – အလွန်တရာ သနားကြင်နာတော်မူသောအရှင်
Ar-Raheem” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။
Ar-Raheem ဆိုတဲ့ နာမတော်သည် “Ar-Rahmaan” ဟူသောနာမတော်နှင့် ဆက်စပ်နေပြီး ဖန်ဆင်းရှင်၏ မြင့်မြတ်သောကရုဏာတော်ကို ရည်ညွှန်းပါတယ်။
အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) မှ ဖန်ဆင်းခံလူသားအားလုံးအပေါ် ကောင်းချီးမင်္ဂလာများကို မပြတ်မဆဲချီးမြှင့်ပေးနေတယ်ဆိုတဲ့ အနက်အဓိပ္ပာယ်နှင့်အတူ ခွင့်လွတ်ခြင်းနှင့် ကရုဏာတရားထားခြင်း အားလုံးရဲ့ အဆုံးစွန်သောအရင်းအမြစ်ဖြစ်တယ်ဆိုတာကို အလေးပေးဖော်ပြနေပါတယ်။
Ar-Raheem” ဆိုတဲ့ နာမတော်သည် ကျွန်မတို့ အတွက် ဘယ်လို သတိပေးချက်အနေနဲ့ ရှိနေပါသလဲ ။
အီမာန်သက်ဝင်ယုံကြည်သူများအတွက် Ar-Raheem ဆိုတဲ့ နာမတော်သည် ကျွန်မတို့အပေါ် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى)မှ ချီးမြှင့်ပေးသနားတော်မူသော မရေမတွက်နိုင်လောက်အောင် များပြားလှတဲ့ ကောင်းချီးများကို သတိတရရှိနေစေရန် နှင့် ထို သနားကရုဏာတော်များအတွက် ကျေးဇူးတင်ရှိခြင်း၏ အရေးပါမှုကို အမှတ်ရနေစေရန် သတိပေးနေပါတယ်။
