အတ်(စ်)စလားမု- ငြိမ်းချမ်းသာယာမှုအပေါင်းနှင့် ပြည်စုံတော်မူသောအရှင်
As-Salam” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။
“As-Salam” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် ဤကမ္ဘာမြေပြင်တစ်ခွင်လုံးမှာ ငြိမ်းချမ်းခြင်းနှင့် အေးချမ်းခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းကို ရည်ညွှန်းနေပါတယ််။
အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် လုံခြုံမှု၊ ဘေးကင်းမှုနှင့် ငြိမ်းချမ်းမှုကို အဆုံးအစွန်သောပံ့ပိုးပေးသည့်အရှင်ဖြစ်ကြောင်းနှင့် လူသားတို့၏ စိတ်နှလုံးသားထဲတွင် စစ်မှန်သော ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်သည့် တစ်ဦးတည်းသောအရှင်ဖြစ်ကြောင်း အလေးပေးဖော်ပြထားပါတယ်။
“As-Salam” ဆိုတဲ့ နာမတော်သည် ကျွန်မတို့ အတွက် ဘယ်လို သတိပေးချက်အနေနဲ့ ရှိနေပါသလဲ ။
အီမာန်သက်ဝင်ယုံကြည်သူတို့အတွက် ဤနာမတော်သည် ကျွန်မတို့ဘဝတွင် ငြိမ်းချမ်းမှုနှင့် အေးချမ်းမှုကိုရှာဖွေရန် အရေးကြီးကြောင်း၊ အမြဲတမ်း ငြိမ်းချမ်းမှုကို ရရှိနိုင်ရန်၊ လမ်းညွှန်မှုနှင့် ပံ့ပိုးမှုကိုရရှိနိုင်ရန်အတွက် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) နှင့်နီးကပ်မှုရှိဖို့ကြိုးစားရန်လိုအပ်ကြောင်းကို သတိပေးနေပါတယ်။
