အလ် မုဟိုင်ယ်မိနု- ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်
Al-Muhaymin” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။
“Al-Muhaymin” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ အကွယ်မရှိအရာအားလုံးကို သိမြင်၊ ထိန်းချုပ်နိုင်သည့် ဂုဏ်တော်ကို ရည်ညွှန်းပြီး အရာခပ်သိမ်းကိုအဆုံးအစွန်သော အုပ်ထိန်းသူ၊ ထိန်းသိမ်းစောင့်ရှောက်ပေးသူဖြစ်ကြောင်းညွှန်ပြပေးနေပါတယ်။
အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် ဖန်ဆင်းခံအားလုံးအပေါ်အမြဲစောင့်ကြည့်ပေးနေပြီး အရာအားလုံးကို အတိုင်းအတာမရှိ သိမြင်နိုင်သူ၊ ထိန်းသိမ်းစောင့်ရှောက်ပေးသည့် အရှင်ဖြစ်ကြောင်းကိုလည်း အလေးအနက်ဖော်ဆောင်ပေးနေပါတယ်။
“Al-Muhaymin” ဆိုတဲ့ နာမတော်သည် ကျွန်မတို့အတွက် ဘယ်လို သတိပေးချက်အနေနဲ့ ရှိနေပါသလဲ။
အီမာန်သက်ဝင်ယုံကြည်သူများအတွက် ဤနာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည်ကျွန်မတို့ကို အမြဲစောင့်ကြည့်ပေးနေသလို ကျွန်မတို့ကိုယ်တိုင်ကလည်း ကျွန်မတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်၊ အယူအဆတွေနှင့် စိတ်နှလုံးသားကိုလည်း အမြဲထိန်းသိမ်းစောင့်ကြည့်သုံးသပ်ရန်အရေးကြီးကြောင်း သတိပေးနေပါတယ်။
