အလ် အဇီးဇ်- အရာခပ်သိမ်းကို လွှမ်းမိုးတော်မူသော အရှင်
Al-Azeez” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။
“Al-Azeez” ဆိုတဲ့နာမတော်သည် အစ္စလာမ့်သာသနာတွင် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ တန်ခိုးအကြီးဆုံးနှင့် ကြီးကျယ်ခမ်းနားမှုအရှိဆုံးသော နာမတော်များထဲမှ တစ်ခုဖြစ်ကြောင်းကို ရည်ညွှန်းပါတယ်။
အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည်အလွန်တရာစွမ်းအားကြီးမားပြီး မည်သည့်အခက်အခဲ၊ အတားအဆီးမျိုးကို မဆို ကျော်လွှားနိုင်စွမ်းရှိခြင်းကို အလေးအနက်ဖော်ဆောင်နေပါတယ်။
“Al-Azzez” ဆိုတဲ့ နာမတော်သည် ကျွန်မတို့အတွက် ဘယ်လို Reminder (သတိပေးချက်) အနေနဲ့ ရှိနေပါသလဲ။
အီမာန်သက်ဝင်ယုံကြည်သူတို့အတွက် ဤနာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အဆုံးစွန်သော ခွန်အားနှင့် ပံ့ပိုးကူညီပေးသောအရင်းအမြစ်တစ်ခုဖြစ်သည့်အတွက် ကျွန်မတို့အကူအညီလိုအပ်တဲ့အချိန်တိုင်းမှာ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ထံသို့ အကူအညီတောင်းခံနိုင်ကြောင်း သတိပေးနေပါတယ်။ ထို့အပြင် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အရာခပ်သိမ်းကို ဖန်ဆင်းသူ၊ ထိန်းသိမ်းစောင့်ရှောက်ပေးသူဖြစ်တဲ့အတွက် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် မည်သည့်အရာမှ လိုအပ်ချက်မရှိ၊ ပြီးပြည့်စုံလုံလောက်မှုရှိကြောင်းကိုလည်း သတိပြုမိစေပါတယ်။
