Skip to content

Al-Khaaliq (The Creator, The Maker)

အလ် ခါလိက် – အရာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်

Al-Khaaliq” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။

 “Al-Khaaliq” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အရာခပ်သိမ်းကို အဆုံးစွန်သောဖန်ဆင်းရှင် ဖြစ်ကြောင်းကိုညွှန်ပြပေးသည့် ဖန်ဆင်းမွေးမြူခြင်းဂုဏ်တော်ကို ရည်ညွှန်းပါတယ်။

 အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် သက်ရှိ၊ သက်မဲ့အရာခပ်သိမ်းတို့၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် မည်သည်အရာမျှကနေမဆို အရာခပ်သိမ်းကိုဖြစ်ပေါ်လာစေနိုင်သည်အထိ တန်ခိုးအာဏာကြီးမားကြောင်းကို အလေးအနက်ဖော်ဆောင်နေပါတယ်။

“Al-Khaaliq” ဆိုတဲ့ နာမတော်သည် ကျွန်မတို့အတွက် ဘယ်လို Reminder (သတိပေးချက်) အနေနဲ့ ရှိနေပါသလဲ။

 အီမာန်သက်ဝင်ယုံကြည်သူများအတွက် ဤနာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် စကြဝဠာကိုဖန်ဆင်းရှင်ဖြစ်သည့်အတွက် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ ကြီးကျယ်ခမ်းနားမှုနှင့် တန်ခိုးအာဏာကြီးမားမှုကို အမှတ်ရနေစေပြီး အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် ကျွန်မတို့အသက်ရှင်နေထိုင်ရေးနှင့် စားဝတ်နေရေး အဆင်ပြေမှုတို့အတွက် အရာခပ်သိမ်းကိုဖန်ဆင်းပေးနေတယ်ဆိုတဲ့ အချက်ကိုလည်း အသိအမှတ်ပြုရန် အရေးကြီးကြောင်း သတိပေးနေပါတယ်။

Al Asma Ul Husna - 99 Names of Allah (سُبْحَانَهُ وَتَعَالَى‎)

Al-Baari (The Originator, The Evolver, The Maker) Al-Mutakabbir (The Supreme, The Majestic)

Leave a Reply

Your email address will not be published. Required fields are marked *