အလ် ဗားရိအ် -အရာခပ်သိမ်းကို စီရင်တော်မူသော အရှင်
Al-Baari” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။
“Al-Baari” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အရာခပ်သိမ်းကို ဖန်ဆင်းမွေးမြူပြီးနောက် အကောင်အထည်ဖော်တော်မူသော အရှင်ဖြစ်ကြောင်းကို ရည်ညွှန်းပါတယ်။
အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် ဖန်ဆင်းခံအားလုံး၏ အရင်းအမြစ်ဖြစ်တော်မူပြီး တည်ရှိနေသမျှ အရာအားလုံးသည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ မြင့်မြတ်သောအလိုတော်နှင့် တန်ခိုးတော်၏ ရလဒ်ဖြစ်ကြောင်း အလေးအနက်ဖော်ဆောင်နေပါတယ်။
“Al-Baari” ဆိုတဲ့ နာမတော်သည် ကျွန်မတို့အတွက် ဘယ်လို Reminder (သတိပေးချက်) အနေနဲ့ ရှိနေပါသလဲ။
အီမာန်သက်ဝင်ယုံကြည်သူများအတွက် “Al-Baari” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အရာခပ်သိမ်းကို ဖန်ဆင်းမွေးမြူ၍ အကောင်အထည်ဖော်ပေးတဲ့ အရှင်ဖြစ်တယ်ဆိုတဲ့အချက်ကို မမေ့လျော့ဘဲ အသိအမှတ်ပြုရန်အရေးကြီးကြောင်းသတိပေးနေပါတယ်။ ထို့ကြောင့် ကျွန်မတို့အခက်အခဲတွေ့တိုင်း၊ လမ်းပျောက်၍ အထောက်အပံ့၊ အကူအညီလိုအပ်တဲ့အချိန်တိုင်းမှာ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ထံ ဆုတောင်းဒုအာအ်ပြုလုပ်သင့်ကြောင့်ကိုလည်း သတိပြုမိစေပါတယ်။
အရေးကြီးတဲ့အချက်တစ်ခုကိုလည်း မမေ့မလျော့သတိရဖို့လိုပါတယ်။ ဒါကတော့ ကျွန်မတို့ရဲ့ ပြင်ပရုပ်ရည်၊ ကိုယ်ဆင်းအင်္ဂါ သည်လည်း အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) မှ ဖန်ဆင်းပေးထားတာ ဖြစ်ပါတယ်။ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် ဖန်ဆင်းခံအားလုံးကိုလည်း တစ်ဦးချင်းစီ အပြစ်နာဆာမရှိ Unique ဖြစ်စွာနဲ့ဖန်ဆင်းပေးထားတာပါ။ ကျွန်မတို့မှာရှိနေတဲ့ အပြစ်အနာအဆာတွေ၊ ချို့ယွင်းချက်တွေ (Flaws) ဆိုတာက ကျွန်မတို့အတွက် သီးသန့် ဖန်ဆင်းပေးထားတာဖြစ်တဲ့အတွက် Perfectly Imperfect ဖြစ်တယ်ဆိုတဲ့ အသိစိတ်နဲ့အတူ ကိုယ့်ကိုယ်ကို လက်ခံဖို့လည်း အရေးကြီးပါတယ်လို့ ဒီနာမတော်တွေကနေ သင်ယူနိုင်ပါတယ်။
