အလ် ဝဟ္ဟားဗ်- ဆုချီးမြှင့်တော်မူသော အရှင်၊ ရက်ရောစွာ ပေးကမ်းချီးမြှင့်တော်မူသော အရှင်
Al-Wahhaab (ٱلْوَهَّابُ – အလ်ဝဟ္ဟားဗု )” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။
“Al-Wahhaab” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် ရိက္ခာနှင့် ထောက်ပံ့မှုအားလုံးတို့၏ အဆုံးစွန်သော အရင်းအမြစ်ဖြစ်ခြင်းကို ညွှန်ပြပေးပြိး အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ ရက်ရောစွာပေးကမ်းချီးမြှင့်တတ်ခြင်း နှင့် လက်ဆောင်ထောပနာပေးကမ်းချီးမြှင့်ခြင်း ဂုဏ်တော်ကို ရည်ညွှန်းပါတယ်။
“Al-Wahhaab” ဆိုတဲ့ နာမတော်သည် ကျွန်မတို့အတွက် ဘယ်လို Reminder (သတိပေးချက်) အနေနဲ့ ရှိနေပါသလဲ။
အီမာန်သက်ဝင်ယုံကြည်သူများအတွက် “Al-Wahhaab” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ ရက်ရောစွာပေးကမ်းချီးမြှင့်တတ်ခြင်း နှင့် လက်ဆောင်ထောပနာပေးကမ်းချီးမြှင့်ခြင်း သဘောသဘာဝ ရှိခြင်းကို သတိပြုမိစေပါတယ်။ ကျွန်မတို့ စားဝတ်နေရေးနှင့်ပတ်သက်ပြီး အကူအညီလိုအပ်တဲ့အခါတိုင်းမှာ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ ရက်ရောစွာပေးကမ်းချီးမြှင့်ခြင်းကိုအမှတ်ရပြီး ဒုအာအ်တောင်းခံသင့်သလို အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ထံမှလည်း ကျွန်မတို့ကို ချီးမြှင့်ပေးထားတဲ့ ကျွန်မတို့မှာရှိနေတဲ့ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မဖြုန်းတီး ပေါ့ပေါ့ဆဆ မထားလိုက်ဘဲ ကျေးဇူးတင်စွာဖြင့် အကောင်းဆုံးအသုံးပြုသင့်ပါတယ်။
