Skip to content

Ar-Razzaq (The Total Provider)

အရ် ရဇ္ဇားက်- သတ္တဝါ အပေါင်းတို့အား စားနပ်ရိက္ခာချီးမြှင့်တော်မူသော အရှင်

Ar-Razzaq ( ٱلْرَّزَّاقُ – အရ် ရဇ္ဇားကု )” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။

“Ar-Razzaq” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် ရိက္ခာနှင့်ထောက်ပံ့မှုအားလုံး၏ အဆုံးစွန်သော အရင်းအမြစ်ဖြစ်ကြောင်းကို ညွှန်ပြပေးနေတဲ့ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ သတ္တဝါအပေါင်းတို့အား စားနပ်ရိက္ခာချီးမြှင့်ပေးခြင်းဂုဏ်တော်ကို ရည်ညွှန်းပါတယ်။

အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် သတ္တဝါအားလုံးအတွက် လိုအပ်သော စားနပ်ရိက္ခာမှန်သမျှကို ထောက်ပံ့မှုပေးနေတဲ့ တစ်ပါးတည်းသောအရှင်ဖြစ်ကြောင်းကိုလည်း အလေးအနက်ဖော်ဆောင်နေပါတယ်။

“Ar-Razzaq” ဆိုတဲ့ နာမတော်သည် ကျွန်မတို့အတွက် ဘယ်လို Reminder (သတိပေးချက်) အနေနဲ့ ရှိနေပါသလဲ။

အီမာန်သက်ဝင်ယုံကြည်သူများအတွက် “Ar-Razzaq” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် စားနပ်ရိက္ခာနှင့်ထောက်ပံ့မှုအားလုံးတို့၏ အဆုံးစွန်သောအရင်းအမြစ်ဖြစ်တဲ့အတွက် ကျွန်မတို့အခက်အခဲဖြစ်တိုင်း၊ လိုအပ်တဲ့အချိန်တိုင်းမှာ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ထံ ဆုတောင်းဒုအာအ်ပြုဖို့နဲ့ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ ထောက်ပံ့မှုကိုလည်း ယုံကြည်ဖို့ အရေးကြီးကြောင်း သတိပေးနေပါတယ်။

တစ်ခါတစ်လေ ကျွန်မတို့တွေဟာ အလုပ်တွေအဆင်မပြေတဲ့အခါ၊ ဝင်ငွေစုဆောင်းမှုမရှိလို့ မသေချာမှုတွေများတဲ့အခါတိုင်းမှာ စိတ်ပူပန်သောကရောက်တတ်ကြပါတယ်။ “Ar-Razzaq” ဆိုတဲ့ နာမတော်အတိုင်း အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည်သာ ကျွန်မတို့ရဲ့ ရိက္ခာ၊ ထောက်ပံ့မှုချီးမြှင့်ပေးနေတဲ့အရှင်ဆိုတာကို ကျွန်မတို့အမှတ်ရမိ၊ ဆင်ခြင်မိမယ်ဆိုရင် နောက်နေ့ရိုဇီအတွက် ကျွန်မတို့သောကတွေကို လျော့ချမိနိုင်မှာ အသေအချာပါပဲ။

Al Asma Ul Husna - 99 Names of Allah (سُبْحَانَهُ وَتَعَالَى‎)

Al-Wahhaab (The Supreme Bestower, The Giver of Gifts) Al-Fattah (The Opener, The Judge)

Leave a Reply

Your email address will not be published. Required fields are marked *