Skip to content

Al-Fattah (The Opener, The Judge)

အလ် ဖသ္သားဟ်- အခက်အခဲများကို အလွန်တရာပြေလည်စေတော်မူသော အရှင်၊ အမြင့်မြတ်ဆုံး စီရင်ဆုံးဖြတ်တော်မူသော အရှင်

“Al-Fattah ( ٱلْفَتَّاحُ – အလ် ဖသ္သားဟု)” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။

 “Al-Fattah” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အခက်အခဲအတားအဆီးများကိုဖယ်ရှားပေးပြီး၊ အောင်မြင်မှုတံခါးများကိုဖွင့်ပေးတဲ့အရှင် ဖြစ်ကြောင်းကို ညွှန်ပြပေးနေတဲ့ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ အခက်အခဲများကို အလွန်တရာပြေလည်စေတော်မူသော၊ အမြင့်မြတ်ဆုံး စီရင်ဆုံးဖြတ်တော်မူသော ဂုဏ်တော်ကို ရည်ညွှန်းပါတယ်။

 အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ လမ်းညွှန်မှုအောက်တွင် ကျွန်မတို့မသိမနားလည်တဲ့ပြဿနာတွေ၊ အတားအဆီးတွေအတွက် ဖြေရှင်းစရာနည်းလမ်းတွေ တွေ့လာနိုင်သလို အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည်သာလျှင် အမြင့်မြတ်ဆုံးစီရင်ဆုံးဖြတ်ပေးနိုင်သည့်အရှင်၊ အောင်မြင်မှုတွေရဲ့ သော့ချက် အဖြစ် အလေးအနက်ဖော်ဆောင်ထားပါတယ်။

“Al-Fattah” ဆိုတဲ့ နာမတော်သည် ကျွန်မတို့အတွက် ဘယ်လို Reminder (သတိပေးချက်) အနေနဲ့ ရှိနေပါသလဲ။

အီမာန်သက်ဝင်ယုံကြည်သူများအတွက် “Al-Fattah” ဆိုတဲ့ နာမတော်သည် အထက်ကပြောခဲ့သလိုပဲ ပြဿနာတစ်စုံတစ်ရာ၊ အခက်အခဲအတားအဆီးတစ်ခုခု နှင့်ကြုံတွေ့လာတိုင်း ပြဿနာတွေ အလွယ်တကူရှင်းသွားနိုင်ဖို့၊ အဖြေရှာတွေ့နိုင်ဖို့ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ကို ယုံကြည်အားကိုးပြီး အကူအညီတောင်းခံသင့်ကြောင်း သတိပေးနေပါတယ်။

Al Asma Ul Husna - 99 Names of Allah (سُبْحَانَهُ وَتَعَالَى‎)

Ar-Razzaq (The Total Provider) Al-Aleem (The All Knowing, The Omniscient)

Leave a Reply

Your email address will not be published. Required fields are marked *