အလ် ကာဗိဿွ်- အရာခပ်သိမ်းကို ကန့်သတ်၊ တားဆီးထိန်းချုပ်နိုင်တော်မူသော အရှင်
“Al-Qaabid ( ٱلْقَابِضُ – အလ် ကာဗိဿွူ)” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။
“Al-Qaabid” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အရာခပ်သိမ်းကို ကန့်သတ်၊ ထိန်းချုပ်၊ တားဆီးနိုင်စွမ်းရှိခြင်းကို ညွှန်ပြတဲ့ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ တားဆီးကန့်သတ်နိုင်ခြင်းကို ရည်ညွှန်းပါတယ်။
အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အရာခပ်သိမ်းကို ထိန်းချုပ်နိုင်စွမ်းရှိပြီး အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် သင့်တင့်လျောက်ပတ်မှုရှိနေစေရန် ကန့်သတ်မှု (သို့) တားဆီးမှုများကို လုပ်နိုင်စွမ်းရှိကြောင်းကိုလည်း အလေးအနက်ဖော်ဆောင်ထားပါတယ်။
“Al-Qaabid” ဆိုတဲ့ နာမတော်သည် ကျွန်မတို့အတွက် ဘယ်လို Reminder (သတိပေးချက်) အနေနဲ့ ရှိနေပါသလဲ။
အီမာန်သက်ဝင်ယုံကြည်သူများအတွက် “Al-Qaabid” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ တားဆီးကန့်သတ်နိုင်ခြင်းဂုဏ်တော်ကို သတိပြုမိစေပါတယ်။ ထို့အပြင် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် အရာခပ်သိမ်းကို ပေါများစေနိုင်သကဲ့သို့ ရှားပါးမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကန့်သတ်ထိန်းချုပ်မှုရဲ့ နောက်ကွယ်တိုင်းမှာလည်း ကျွန်မတို့ဘဝအတွက်၊ ကျွန်မတို့အတွက် အကောင်းဆုံးဖြစ်စေနိုင်ဖို့ဆိုတဲ့အချက်ကိုလည်း သတိပြုမိဖို့လိုပါတယ်။ အမှန်စင်စစ် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည်သာလျင် ကျွန်မတို့စားနပ်ရိက္ခာ၊ ကျွန်မတို့အသက်၊ ဘဝ နှင့် စိတ်နှလုံးသားကို ထိန်းချုပ်ကန့်သတ်ပေးနိုင်တဲ့ တစ်ပါးတည်းသောအရှင်ဖြစ်ပါတယ် ဆိုတာကို ကျွန်မတို့ သင်ခန်းစာယူနိုင်ပါတယ်။
