Skip to content

ပါရာ ငါး(Juz Five)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ ငါး

Juz ၅ မှာတော့ ထင်ရှားသည့်ဖြစ်စဉ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဝဟီချပေးခဲ့တဲ့ အာယဟ်တွေအများကြီးပါဝင်ပါတယ်။ ဒီအာယဟ်တွေကို အမျိုးမျိုးသောအဖြစ်အပျက်တွေကို တုံ့ပြန်နိုင်ဖို့အတွက် မဒီနာဟ်ကဏ္ဍရဲ့ အစောပိုင်းနှစ်တွေကနေ အလယ်ပိုင်းနှစ်တွေကြားမှာ ဝဟီချပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီထင်ရှားတဲ့ဖြစ်စဉ်တွေထဲက တစ်ခုကတော့ အာအိရှာဟ်( رضي الله عنها ) ရဲ့ လည်ဆွဲပျောက်ဆုံးမှုနှင့် ဆက်စပ်နေခဲ့ပြီး အဲ့ဒီဖြစ်စဉ်ကနေ ဒီစူရာဟ် အလ်-နိစာအ်ထဲက သယမ်မွမ် အာယာဟ်ကို ချပေးခဲ့တာပဲ ဖြစ်ပါတယ်။

 ကြင်ရာတော် အာအိရှဟ်က ပြောပြခဲ့သည်မှာ (“တစ်ကြိမ်သော်” ကျွန်မတို့ သည် တမန်တော်မြတ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လမ်) နှင့် အတူ တမန်တော်မြတ်၏ အချို့ ခရီးများတွင် အတူ ခရီးထွက်ခဲ့ကြပါသည်။ သို့ ခရီးထွက်ရာတွင် ဗိုင်ဒါ သို့မဟုတ် ဇာတုလ်ဂျိုက်ရှ် ရောက်ကြသည့်အခါ ကျွန်မ၏ လည်ဆွဲ ဘယက်တန်ဆာ ပြတ်ကျ ပျောက်ဆုံးသွားပါသည်။ ထိုဘယက်ကို ရှာဖွေရန် တမန်တော်မြတ်(ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လမ်) ဆိုင်းငံ့ နေတော်မူခဲ့ပါသည်။ တမန်တော်မြတ်နှင့် အတူ တပည့်သားများလည်း ဆိုင်းငံ နေခဲ့ကြပါသည်။

ထိုနေရာတွင် ရေမရှိခဲ့ပါ။ ထိုအခါ တပည့်သားများသည် အဗူဗတ်က်ရ် ဆွစ်ဒ်ဒီက်ထံ သွား၍ (အို..အဗူ ဗတ်က်ရ်) “အာအိရှဟ် မည်သို့ ပြုသနည်း၊ အသင်မမြင်သည်လော၊ သူမ(အာအိရှဟ်) သည် တမန်တော်မြတ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လမ်)နှင့် တကွ လူတွေအား ရေမရှိသည့် နေရာတွင် ရပ်ဆိုင်းထားသည်။ လူတွေမှာလည်း ရေမပါ”ဟု ပြောဆိုတိုင်တန်းကြပါသည်။

ထိုအခါ (ဖခင်ဖြစ်သူ) အဗူဗတ်က်ရ် ရောက်ရှိလာပါသည်။ ထိုအချိန်တွင် တမန်တော်မြတ်(ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လမ်) သည် ကျွန်မ၏ပေါင်ပေါ်တွင် မိမိ၏ ဦးခေါင်းကို မှီကာ အိပ်ပျော်နေတော်မူပါသည်။ ဖခင်က (ကျွန်မအား) “နင်ဟယ် တမန်တော်မြတ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လမ်)နှင့် တပည့် သား များအား ရေမရှိသည့်နေရာတွင် ရပ်ဆိုင်းထားသည်။ ထိုသူတို့မှာ ရေလည်းမပါ” ဟု ပြောဆို ပြစ်တင်ပါသည်။ ကြင်ရာတော် အာအိရှဟ်က ဆက်လက်၍ ပြောပြခဲ့သည်မှာ (ဖခင်) အဗူဗတ်က်ရ်သည် ကျွန်မအား သတိပေး ဆုံးမ ပဲ့ပြင်ခဲ့ပါသည်။ အလ္လာဟ် အလိုတော်ရှိသမျှ ပြောဆိုပြစ်တင်ခဲ့ပါသည်။ သို့သော်လည်း ကျွန်မ၏ ပေါင်ပေါ်တွင် တမန်တော်မြတ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လမ်) ရှိနေတော်မူခြင်းကြောင့် ကျွန်မသည် မည်သို့မျှ မလှုပ်ရှားနိုင်ခဲ့ပါ။

မိုးလင်းသည့်အခါ တမန်တော်မြတ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)သည် နိုးထတော်မူပါသည်။ ထိုအချိန်တွင် ရေမရှိပါ။ ထိုအခါ အလ္လာဟ်အသျှင်မြတ်သည် တယမ်မွန်မ်နှင့် စပ်လျဉ်းသည့် (အာယတ်) အမိန့်တော်ကို ထုတ်ပြန် ချမှတ်ဟော်မူလိုက်ပါသည်။

သို့ ဖြစ်ရာ အားလုံးတို့သည် တယမ်မွန်မ် ပြုလုပ်ကြပါသည်။ ထိုအခါ အုစိုက်ဒ် ဗင်န်အလ်-ဟု သွိုင်ရ်က “အို…. အဗူဗတ်က်ရ် ၏ အိမ်သူ အိမ်သားများ၊ ဤသည် အသင်တို့၏ ပထမမင်္ဂလာ မဟုတ်ပါလော”ဟု ပြောဆို ဩဘာပေးလိုက်ပါသည်။ ကြင်ရာတော် အာအိရှဟ်က “ထိုနောက် ကျွန်မ စီးနင်း လိုက်ပါလာခဲ့သော ကုလားအုတ်ကို ထစေပြီး ဖယ်ရှားလိုက်ရာ ထိုကုလားအုတ်အောက်မှ ပျောက်ဆုံးနေသော ဘယက် ပြန်လည်ရရှိလိုက်ပါသည်” ဟု ပြောပြခဲ့လေသည်။ (Sahih al-Bukhari, no. 330)

(ဘာသာပြန်ကိုးကားချက်။ ။ ဗုခါရီကျမ်း မြန်မာဘာသာပြန် (၁) ပြန်ဆိုပြုစုသူ: ဃာဇီ သီရိပျံချီ မုဟမ္မဒ် ဟာရှင်မ်)

 ဒီ Juz ၅ မှာပါဝင်တဲ့ စိတ်ဝင်စားဖွယ်အကြောင်းရင်းတွေကြောင့် ဝဟီချပေးခဲ့တဲ့ အခြားသော အာယဟ်အတွဲတွေကတော့ အာယာဟ် ၁၀၅ မှ ၁၁၅ ဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးရောက်နေပါစေ တရားမျှတမှုရှိဖို့အရေးကြီးကြောင်းကို ဆွေးနွေးထားပါတယ်။ ဒီအာယဟ်တွေကို အုပ်ချုပ်မှုစနစ်ကို ကြိုးကိုင်ဖို့ကြိုးစားခဲ့တဲ့ အယောင်ဆောင်တစ်ဦးနှင့် ဆက်စပ်ပြီး ဝဟီချပေးခဲ့တာပဲဖြစ်ပါတယ်။

 Qatadah bin An-Nu’man က ဇာတ်ကြောင်းပြန်ပြောပြခဲ့တယ်။
“Bishr, Bushair နှင့် Mubashshir တို့အတူရှိနေကြတဲ့ Banu Ubairiq လို့ ခေါ်တဲ့ အိမ်ထောင်စုတစ်ခု ရှိခဲ့ဖူးတယ်။ Bushair သည် တမန်တော်မြတ်(ﷺ) ၏ နောက်လိုက် ဆွဟာရ်ဘာကြီးတွေအပေါ် ပုတ်ခတ်ပြောဆိုထားသည့် ကဗျာလင်္ကာကို ရွတ်ဆိုမည့် အယောင်ဆောင်တစ်ဦးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ သူဟာ ဒီအကြောင်းအရာက အာရဗ်ထဲကတချို့ဖြစ်တယ်လို့ သတ်မှတ်လိမ့်မယ်။ ထို့နောက်မှာ သူက အဲ့အတွက်ကြောင့်သာ အခုလိုပြောခဲ့ရတာပါလို့ ပြောပါလိမ့်မယ်။
ဒီကဗျာလင်္ကာကို တမန်တော်မြတ်ကြီးရဲ့ နောက်လိုက် ဆွဟာရ်ဘာကြီးတွေပြန်ကြားတဲ့အခါမှာ ‘အို အလ္လာဟ်အရှင်မြတ်။ ဒီလိုကဗျာလင်္ကာကို ထိုကဲ့သို့သော ညစ်ညမ်းရိုင်းစိုင်းသည့်လူသားမှလွဲ အခြားမည်သူမျှ ပြောဆိုခြင်းမရှိ” (သို့) ထိုသူပြောခဲ့သကဲ့သို့ ဆွဟာရ်ဘာဟ်ကြီးတွေမှ “ဤကဗျာလင်္ကာကို Ibn Al-Ubairiq မှ ပြောဆိုခဲ့သည်”ဟု ပြောလာကြပါလိမ့်မည်။”
Qatadah က ပြောခဲ့ပါတယ် “ထိုသူတို့သည် မသိနားမလည်ခြင်း နှင့် အစ္စလာမ်အကြား ဆင်းရဲချို့တဲ့သည့် အိမ်ထောင်စုတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က အလ်-မဒီနာဟ်မှ လူတွေရဲ့ အစားအစာဆိုလို့ စွံပလွန်သီးနှင့် မုယောစပါးသာ ရှိခဲ့ပါတယ်။ လူတစ်ယောက်က အဆင်ပြေတယ်ဆိုရင် တတ်နိုင်တာနှင့်အမျှ ဂျုံတွေကို သူ့အတွက်သူ ဝယ်ပြီး သိုလှောင်ထားဖို့ အက်ရှ်-ရှမ်းမှ တင်သွင်းပါလိမ့်မယ်။ သူ့မှီခိုနေရတဲ့သူတွေအတွက်ကတော့ စားစရာဆိုလို့ စွံပလွန်သီးနှင့် မုယောစပါးသာ ရှိခဲ့ပါတယ်။
ဒါ့ကြောင့် အက်ရှ်-ရှမ်းမှ သွင်းကုန်တွေရောက်လာတာနှင့် ကျွန်ုပ်၏ဦးလေးဖြစ်သူ Rifa’ah bin Zaid မှ ထိုဂျုံအမြောက်အမြားကိုဝယ်ပြီး သူ့ရဲ့ ဒိုင်းကာတွေ၊ ဓားတွေကို သိုလှောင်ထားတဲ့နေရာမှာ သိမ်းထားခဲ့ပါတယ်။ သို့သော်လည်း ထိုအရာတွေက သူ့အိမ်ကနေ ယူဆောင်သွားခြင်း ခံခဲ့ရပါတယ်။
သိုလှောင်ရုံက အဖောက်ခံရပြီးနောက် အစားအစာတွေနှင့်အတူ လက်နက်တွေပါ ယူဆောင်သွားခြင်း ခံခဲ့ရတယ်။ နောက်နေ့မနက်မှာတော့ ကျွန်ုပ်၏ဦးလေး Rifa’ah ရောက်လာခဲ့ပြီး ပြောခဲ့တယ် ‘အို ငါ၏တူတော်မောင်! ညအချိန်မှာ ငါတို့ ဓားပြအတိုက်ခံခဲ့ရပြီး ငါတို့ရဲ့ သိုလှောင်ရုံကိုဖောက်ပြီး အစားအသောက်တွေနှင့် လက်နက်တွေအားလုံးပါသွားခဲ့တယ်’”
Qatadah က ဆက်ပြောခဲ့ပါတယ် “အိမ်မှာရှိသူတွေက အဖြစ်အပျက်ကို ကြားကြပြီး လာရောက်မေးမြန်းခဲ့ကြသလို တချို့လူတွေကလည်းပြောခဲ့ကြတယ် ‘Banu Ubairiq က ညအချိန်ကြီးမှာ ချက်ပြုတ်နေတာကို ငါတို့မြင်ခဲ့တယ်၊ ကြည့်ရတာ အသင်တို့အိမ်က အစားအစာတချို့များ သူတို့ရှိရောက်နေသလားပဲ’”
Qatadah က ပြောခဲ့ပါတယ်” ကျွန်ုပ်တို့တွေက ထိုသူတို့ကို အိမ်တွင်းကိစ္စအကြောင်း မေးခွန်းထုတ်နေကြတဲ့အချိန်မှာ Banu Ubairiq က ‘အို အလ္လာဟ်အရှင်မြတ်၊ အသင်တို့ရှာနေတဲ့သူက ရိုးသားဖြောင့်မတ်ပြီး အစ္စလာမ်သာသနာကို လက်ခံထားတဲ့ Labid bin Sahl မှတစ်ပါး အခြားသူဖြစ်နိုင်တယ်လို့ ကျွန်ုပ်တို့ မထင်ဘူး’ လို့ ပြောခဲ့ပါတယ်။ ဒီအကြောင်းကို Labid ကြားတဲ့အခါမှာ သူ့ဓါးကိုဝှေ့ယမ်းပြီး “ငါခိုးတယ်ဟုတ်လား! အို အလ္လာဟ်အရှင်မြတ်၊ ဒီခိုးမှုကို သက်သေပြရင်ပြ ဒါမှမဟုတ် ဒီဓါးနှင့်တွေ့တော့မယ်’ လို့ ပြောခဲ့ပါတယ်။ ထိုအခါမှာ ထိုလူတွေက ‘အို အသင်လူသား၊ ငါတို့ကိုလွှတ်ထာပေးပါ။ ဒါတွေကို ခိုးယူသူက အသင်မဟုတ်ပါဘူး’ လို့ ပြောခဲ့ကြတယ်။ ဒီလိုနှင့် ကျွန်ုပ်တွေဟာ အိမ်တွင်းမှလူတွေကို စိတ်ကျေနပ်မှုရရှိသည်အထိမေးမြန်းခဲ့ကြတယ်။ ဒါ့ကြောင့် ကျွန်ုပ်ရဲ့ ဦးလေးက ‘တူတော်မောင်၊ မောင်မင်းကိုယ်တိုင် တမန်တော်မြတ်(ﷺ) ထံသွားပြီး ဒီကိစ္စကို အကြောင်းကြားသင့်တယ်’ လို့ ပြောခဲ့တယ်။”
Qatadah က ပြောခဲ့တယ် “ဒီလိုနှင့် ကျွန်ုပ်လည်း တမန်တော်မြတ် (ﷺ) ထံသွားရောက်ပြီး ‘ကျွန်ုပ်တို့ရဲ့ မိသားစုဝင်တွေထဲမှာ အကျင့်ပျက်သူများရှိကြပြီး ထိုသူတွေသည် ကျွန်ုပ်ရဲ့ ဦးလေး Rifa’ah bin aid အပေါ်ကို ပူးပေါင်းကြံစည်ခဲ့ကြတယ်။ သူတို့တွေက ဦးလေးရဲ့ သိုလှောင်ရုံကိုဖောက်ပြီး လက်နက်တွေနှင့် အစားအစာတွေကို ယူဆောင်သွားခဲ့ကြတယ်။ ကျွန်ုပ်တို့အတွက် အစားအစာတွေကို မလိုအပ်တော့ပေမဲ့ လက်နက်တွေကိုတော့ ပြန်ပေးစေလိုပါတယ်’”
ထို့နောက်မှာတော့ တမန်တော်မြတ်(ﷺ) က “ ဒီကိစ္စကို ငါကိုယ်တော် ဆုံးဖြတ်ပေးတော်မူမည်” ဟု မိန့်တော်မူခဲ့တယ်။
ဒီအကြောင်းကို Banu Ubairiq ကြားသိတဲ့အခါမှာ ထိုကိစ္စနှင့် ပတ်သက်ပြီး ပြောပြဖို့ သူတို့ထဲက Usair bin ‘Urwah လို့ခေါ်တဲ့ လူတစ်ယောက်ကို ခေါ်လာခဲ့တယ်။ သူတို့အိမ်ထဲက လူတစ်ချို့ကလည်း စုဝေးလိုက်ကြပြီး “အို တမန်တော်(ﷺ)၊ Qatadah bin An-Nu’man နှင့် သူ့ဦးလေးသည် ကျွန်ုပ်တို့ထဲမှ ရိုးသားဖြောင့်မတ်သည့် အစ္စလာမ် မိသားစုထံသို့လာ‌‌ရောက်ပြီး သက်သေ (သို့) အတည်ပြုခြင်းမရှိဘဲ သူတို့ပစ္စည်းကို ခိုးယူပါတယ်လို့ စွပ်စွဲခဲ့တယ်” ဟု ပြောခဲ့ကြတယ်။
Qatadah က ပြောခဲ့တယ် “ တမန်တော်မြတ်(ﷺ) ထံသို့သွားရောက်ပြီး အသိပေးတဲ့အခါမှာ တမန်တော်(ﷺ) မှ ‘အသင်တို့သည် ရိုးသားဖြောင့်မတ်ပြီး အစ္စလာမ်ဟု လူသိများကြသည့် မိသားစုတစ်စုထံသို့သွားပြီး သက်သေ (သို့) အတည်ပြုချက်မရှိပါဘဲ ခိုးယူသည်ဟု စွပ်စွဲခဲ့တယ်’ ဟု မိန့်တော်မူခဲ့တယ်။ ဒါ့ကြောင့် ကျွန်ုပ်မှာ ပိုင်ဆိုင်မှုတစ်ချို့လည်း ဆုံးရှုံးခဲ့ရသလို တမန်တော်မြတ်(ﷺ) မှလည်း ထိုအကြောင်းနှင့် ပတ်သက်ပြီး ပြောကြားခြင်းလည်းမရှိသဖြင့် အိမ်သို့ ပြန်လာခဲ့ရတယ်။ ကျွန်ုပ်ဦးလေး Rifa’ah မှ ကျွန်ုပ်ကို ဘာလုပ်ခဲ့သနည်း ဟု မေးမြန်းတဲ့အခါမှာ တမန်တော်မြတ်(ﷺ) မိန့်တော်မူသည့်အတိုင်း ပြန်ပြောခဲ့ပါတယ်။ ထိုအခါ ကျွန်ုပ်ဦးလေး က ‘ဒါက ငါတို့ အကူအညီတောင်းခံတော်မူတဲ့ အလ္လာဟ်(ﷺ) မှ လာတဲ့အမိန့်ဖြစ်တယ်’ လို့ပြောခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေကနေ သိပ်မကြာလိုက်ခင်မှာပဲ ကျမ်းမြတ်ကုရ်အာန် မှ အောက်ပါ အာယဟ်များ ဝဟီကျလာခဲ့ပါတယ်။

“အသင်(တမန်တော်)သည်လူများကြားတွင်အလ္လာဟ် အရှင်မြတ်အနေနှင့် အသင့်အား ပြသတော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ရန် ငါအရှင်မြတ်သည် အသင်၏ထံသို့ မှန်ကန်မှုနှင့် တကွ ကျမ်းမြတ်ကုရ်အာန်ကို အမှန်ပင် ချပေးသနားတော်မူခဲ့သည်။ ထို့ပြင် အသင်သည် သစ္စာဖောက်လိမ်လည်လှည့်ဖြား အလွဲသုံးစား လုပ်သောသူများဘက်မှ ကာကွယ်ချေပပြောဆိုသူ မဖြစ်လေနှင့်။”

“ထို့ပြင် အသင်(တမန်တော်)သည် အလ္လာဟ်အရှင်မြတ်ထံတွင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။”

“ထို့ပြင် မိမိကိုယ်မိမိ လိမ်လည်လှည့်ဖြားသူများဘက်မှ အသင်သည် ခုခံပြောဆိုခြင်းမပြုပါနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်သစ္စာမဲ့ပြီး မကောင်းမှု၌ နစ်မွန်းနေသူများကို နှစ်သက်တော်မမူပေ။”

“သူတို့သည်လူများကိုမူ (ရှက်သောကြောင့် သူတို့၏အပြစ်များမှ) ဖုံးကွယ်နေကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်ကိုမူ အရှင်မြတ်သည် သူတို့နှင့် အတူရှိနေပါလျက် (မရှက်ကြသည့်အပြင်) ဖုံးကွယ်နိုင်ခြင်းမရှိကြပေ။ အကြင် အခါတွင်သူတို့သည် အရှင်မြတ်နှစ်သက်တော်မူခြင်းမရှိသော စကားရပ်များကို ညအချိန် တိတ်ဆိတ်စွာကြံစည်နေကြသည်။ ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် သူတို့ ပြုမူကြသော အမှုကိစ္စအဝဝကိုလည်း လွှမ်းခြုံသိရှိနေတော်မူသည်။”

“အသင်တို့သည် ထိုသစ္စာဖောက်များဘက်မှ ဤဘဝတွင်ခုခံချေပပြောဆိုခဲ့ကြသည်။ ထို့နောက် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင်သူတို့ဘက်မှ အရှင်မြတ်အား မည်သူခုခံချေပပြောဆိုမည် နည်း။ သို့မဟုတ် သူတို့အတွက် ကာကွယ်ပေးမည့် တာဝန်ခံ မည်သူရှိမည်နည်း။”

“ထို့ပြင် မည်သူမဆို မကောင်းမှုတစ်စုံတစ်ခု ကျူးလွန်မိလျှင် သို့မဟုတ် သူသည် သူ့ကိုယ်သူ နှိပ်စက်လျှင်၊ ထို့နောက် သူသည် အလ္လာဟ်အရှင်မြတ်ထံတွင်လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံလျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အလွန်လွတ်ငြိမ်းချမ်းသာပေးတော်မူသောအရှင်၊ အလွန်သနားတော်မူသောအရှင်အဖြစ်တွေ့ရှိလိမ့်မည်။”

“ထို့ပြင် မည်သူမဆို မကောင်းမှုကို ရှာဖွေလျှင်ထိုသူသည် သူ့ကိုယ်သူနစ်နာအောင် (သူ့ကိုယ်နှင့် ဆန့်ကျင်ပြီး) ရှာဖွေခြင်းပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူသည်။”

“ထို့ပြင် မည်သူမဆို သေးငယ်သောအပြစ်ကိုဖြစ်စေ၊ သို့မဟုတ် ကြီးလေးသောအပြစ်ကိုဖြစ်စေ ကျူးလွန်ပြီးနောက် ထိုပြင် မှုနှင့် ပတ်သက် ၍အပြစ်ကင်းသောသူ တစ်ဦးတစ်ယောက်ကို စွပ်စွဲခဲ့လျှင် ထိုသူသည် အမှန်စင်စစ် (ကြီးမားသော)စွပ်စွဲမှုနှင့် ထင်ရှားသော ပြစ်မှုကို ကျူးလွန်ခဲ့ပြီ ဖြစ်သည်။”

(ကျမ်းမြတ်ကုရ်အာန် ၄:၁၀၅-၁၁၂)

ဒါ့ကြောင့် ဒီအာယဟ်များချပေးပြီးတဲ့အခါမှာ တမန်တော်မြတ်(ﷺ) သည် လက်နက်များကို သယ်ဆောင်ပြီး Rifa’ah ကို ပြန်ပေးအပ်ခဲ့တယ်။

Qatadah က ပြောခဲ့တယ် “လက်နက်တွေ ကျွန်ုပ်ဦးလေးဆီ ပြန်ရောက်လာတဲ့အခါမှာ ကျွန်ုပ်ဦးလေးက အမြင်အာရုံမကောင်းတော့တဲ့ လူအိုတစ်ယောက်ဖြစ်နေခဲ့ပြီ။ ကျွန်ုပ်ဦးလေးသည် တကယ်စိတ်ရင်းမမှန်ဘဲ အစ္စလာမ်ထဲသို့ဝင်ရောက်ခဲ့တယ်လို့ ကျွန်ုပ်ထင်ခဲ့တယ်။ ဒါပေမဲ့ လက်နက်တွေပြန်ပေးတဲ့အခါမှာ ‘ငါ့တူတော်မောင်၊ ဒါက အလ္လာဟ့်လမ်းစဉ်အတွက်ဖြစ်ခဲ့တာ” လို့ ကျွန်ုပ်ဦးလေးက ပြောခဲ့တယ်။ အဲ့ဒီအခါမှာ သူအစ္စလာမ်သို့ဝင်ရောက်ခြင်းက စစ်မှန်တဲ့စိတ်ရင်းဖြစ်တယ်ဆိုတာကို ကျွန်ုပ်သိခဲ့ရတယ်။

ဝဟီကျလာတဲ့အချိန်မှာ Bushair သည် ရုပ်တုကိုးကွယ်သူတွေထံသို့ သွားရောက်ခဲ့ပြီး Sulafah bint Sa’d bin Sumayyah နှင့်အတူ နေထိုင်ခဲ့တယ်။ ထို့ကြောင့် မြင့်မြတ်လှတဲ့ အလ္လာဟ်( سبحانه وتعالى ) မှ အောက်ပါ အာယဟ်များကို ဝဟီချပေးခဲ့တယ်။”

“ထို့ပြင် မည်သူမဆို သူ့အတွက် တရား လမ်းမှန်သည် ထင်ရှားခဲ့ပြီးနောက် ရစူလ်တမန်တော်ကို ဆန့်ကျင်မည်၊ ၎င်းပြင် ထိုသူသည် အီမာန်ယုံကြည်သူများ၏လမ်းစဉ်မှလွဲ၍ အခြားလမ်းစဉ်ကို လိုက်နာ မည်ဆိုလျှင်၊ ငါအရှင်မြတ်သည် ထိုသူ့အား သူကိုယ်တိုင် လှည့်သည့်ဘက်သို့လှည့်ပေးတော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုသူ့အား ဂျဟန္နမ်ငရဲဘုံထဲသို့ ထည့်သွင်းတော်မူမည်။ ထို့ပြင် ထို ဂျဟန္နမ်ငရဲဘုံသည် အလွန်ယုတ်ညံ့သော ပြန်လည်ရာစခန်းဖြစ်သည်။”

“အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်သည်ကို လုံးဝခွင့်လွှတ်ချမ်းသာပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုအရာမှလွဲ၍ အခြားအပြစ်ကိုမူ အရှင်မြတ်အလိုရှိတော်မူသောသူအား ခွင့်လွှတ်တော်မူမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်လျှင် ထိုသူသည် (မှန်ကန်သောလမ်းမှ)အလွန်ဝေးလံသော လမ်းမှားသို့ အမှန်စင်စစ် လွဲမှားသွားပြီဖြစ်သည်။”
(ကျမ်းမြတ်ကုရ်အာန် ၄:၁၁၅-၁၁၆)

ဒီဇာတ်လမ်းတွေက မဒီနာဟ်မှာ မွတ်စ်လင်မ်တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို နားလည်စေပါတယ်။ ဒီဇာတ်လမ်းတွေမှာပါဝင်နေတဲ့အဓိကအကြောင်းအရာတွေနှင့် ထိုသူတွေကြောင့် ချပေးခဲ့တဲ့ အာယဟ်တွေက ဖန်ဆင်းရှင် အလ္လာဟ်( سبحانه وتعالى ) ကို ယုံကြည်ဖို့ နှင့် တမန်တော်မြတ် (ﷺ) ကို နာခံတတ်ဖို့အရေးကြီးကြောင်းတွေပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ကျွန်မတို့တွေက ဥပဒေတစ်ခု (သို့မဟုတ်) စမ်းသပ်မှုတစ်ခုရဲ့ နောက်ကွယ်က တွေးခေါ်မှု/အမြော်အမြင် (Wisdom) ကို နားမလည်နိုင်ကြပါဘူး။

အဲ့လိုအခြေအနေတွေမှာတောင် အလ္လာဟ်( سبحانه وتعالى ) ကို ယုံကြည်ခြင်းနှင့် အမိန့်တော်ကို မြဲမြံစွာနာခံတတ်ခြင်းတို့က အောင်မြင်မှုသို့သွားရာ လမ်းကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို ယနေ့ခေတ်မှာကျွန်မတို့နားမလည်နိုင်တဲ့ စမ်းသပ်မှုတွေက ရေရှည်မှာ ကျွန်မတို့ဘဝရဲ့ အရေးပါဆုံးသောအခိုက်အတန့်တွေ ဖြစ်သွားတတ်ပါတယ်။
မဒီနာဟ်ယဉ်ကျေးမှု၊ အသိုင်းအဝိုင်းမှ လူသားသဘာဝကိုလည်း ဒုတိယဇာတ်လမ်းကနေပြီးတော့ ကျွန်မတို့ မြင်ယောင်ကြည့်လို့ရပါတယ်။ အယောင်ဆောင်တွေသည် အီမာန်သက်ဝင်ယုံကြည်သူတွေကြား ရှိနေတတ်ကြပြီး ဘယ်သူက အယောင်ဆောင်ပါဆိုတာ ခွဲခြားရ မလွယ်ကူလှပါဘူး။ မကြာခဏဆိုသလို ဒီလိုအယောင်ဆောင်တွေကြောင့် လူ့အသိုင်းအဝိုင်းပြဿနာအကြီးစားကြီးတွေဖြစ်ပေါ်စေခဲ့ပြီး ဒါတွေကို ဖြေရှင်းနိုင်ဖို့ ဝဟီကျလာခဲ့တာမျိုးတွေတောင် ရှိခဲ့ပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ ဝဟီချပေးခဲ့ခြင်းသည် အယောင်ဆောင်တွေကို ထုတ်ဖော်ပေးလိုက်သလို အီမာန်ကိုစစ်မှန်စွာ သက်ဝင်ယုံကြည်သူတို့ရဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်ပေးခဲ့ပါတယ်။ 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ လေး(Juz Four) ပါရာ ခြောက်(Juz Six)

Leave a Reply

Your email address will not be published. Required fields are marked *