Skip to content

အပိုင်း (၈) အူစူးလ် အလ်-ဖိက်ဟ် Usool al-Fiqh (أصول الفقه) ဆိုတာ ဘာလဲ။

နမားဇ်ဝတ်ပြုတာ 🕌၊ ရိုဇာစောင့်ထိန်းတာ 🌙၊ တားမြစ်ထားတဲ့အရာတွေကိုရှောင်ကြဉ်တာ 🚫၊ လုပ်ဆောင်ရမဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းတာ ✅ အစရှိတဲ့ အစ္စလာမ့်စည်းမျဉ်းတွေကို သင့်တစ်ဘဝလုံးလိုက်နာကျင့်သုံးနေကြမှာပါ။ ဒါပေမဲ့ ဒီလိုစည်းမျဉ်းတွေဖြစ်လာဖို့ ပညာရှင်ကြီးတွေက ဘယ်ကနေ ဘယ်လိုအစပြုပြီး ထုတ်ကြသလဲဆိုတာကို တွေးကြည့်မိဖူးလား 🤔။ အဖြေတွေရဲ့ နောက်ကွယ်က နည်းလမ်းက ဘာလဲ။ အဲ့ဒီနည်းလမ်းမှာ နာမည်ရှိပါတယ်၊ အူစူးလ် အလ်-ဖိက်ဟ် လို့ခေါ်ပြီး ဖိက်ဟ်ရဲ့ အခြေခံစည်းမျဉ်း ဖြစ်ပါတယ် 📖။

ဒီလိုလေး စဉ်းစားကြည့်ကြရအောင်။ ဆရာဝန်တစ်ယောက်က လူနာတွေကိုကုသဖို့အတွက ကုသနည်းတွေကို ဒီတိုင်းအလွတ်ကျက်ထားတာမဟုတ်ပါဘူး 🩺။ ကုသနည်းတွေကို မလေ့လာခင်မှာ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ တို့၊ ရောဂါအမည်တပ်ခြင်းရဲ့ သဘောသဘာဝတို့ အစရှိတာတွေကို အရင်လေ့လာသင်ယူရပါတယ် 📘။ ဒီလိုအခြေခံအုတ်မြစ်မရှိဘဲနဲ့ တစ်ခါမှ အရင်ကမတွေ့ဖူးတဲ့ Case တစ်ခု ကို ကောင်းမွန်စွာကုသပေးနိုင်မှာမဟုတ်ပါဘူး။ ဒီလိုဆရာဝန်သိထားတဲ့ ကုသနည်းတွေဆိုတာက ဖိက်ဟ်(တကယ့်စည်းမျဉ်း) နဲ့ အလားသဏ္ဏန်တူပြီး ဒီလိုစည်းမျဉ်းတွေဖြစ်ပေါ်လာဖို့ နောက်ကွယ်က သိပ္ပံပညာရပ်က အူစူးလ် အလ်-ဖိက်ဟ် ဖြစ်ပါတယ် 🧠။

အူစူးလ် အလ်-ဖိက်ဟ် သည် အရေးကြီးတဲ့ အကြောင်းအရာ ၃ ခု ကို ခြုံငုံထားပါတယ်။

  • ပထမတစ်ခုက အစ္စလာမ့်ဥပဒေရဲ့ သမားရိုးကျ ဖွဲ့စည်းတည်ဆောက်ပုံကို လေ့လာခြင်းဖြစ်ပါတယ် ⚖️။ ဥပဒေရေးရာဆုံးဖြတ်ချက် (ဟူကွမ်းရှာရီအ်-Hukm Shar’i (الحكم الشرعي)) ဆိုတာ အမှန်တကယ် ဘာကိုပြောတာလဲ။ စည်းမျဉ်းအမျိုးအစား ဘယ်နှစ်မျိုးရှိနေတာလဲ။ ဒီစည်းမျဉ်းတွေအကုန်လုံးက ပြီးပြည့်စုံတဲ့ ဥပဒေစနစ်တစ်ခုဖြစ်ပေါ်လာဖို့ ဘယ်လိုဆက်စပ်နေတာလဲ အစရှိတဲ့ အကြောင်းအရာတွေကို လေ့တာတာပါ 🔎။
  • ဒုတိယတစ်ခုက အစ္စလာမ့်ဥပဒေရဲ့ ရင်းမြစ်တွေကို ရှာဖွေသတ်မှတ်ပြီး ရှင်းပြပေးခြင်းဖြစ်ပါတယ် 📚။ အဓိကပထမရင်းမြစ်တွေအကုန်လုံးကို ပညာရှင်ကြီးများက သဘောတူလက်ခံထားကြပြီး ဒုတိယတစ်ဆင့်ခံရင်းမြစ်တွေမှာတော့ ကျောင်းတော်ကြီးတစ်ခုနှင့်တစ်ခုက တစ်ခါတစ်လေ ကွဲလွဲနေကြတာမျိုးရှိပါတယ်။
  • တတိယတစ်ခုကတော့ အစ်ဂျ်တီဟဒ် (Ijtihad — الاجتهاد) လို့ခေါ်တဲ့ အနက်အဓိပ္ပာယ်ပြန်ဆိုခြင်း နည်းလမ်းတွေကို ကိုင်တွယ်ခြင်းဖြစ်ပါတယ် 🧠📖။ ပညာရှင်တစ်ဦးက ကျမ်းမြတ်ကုရ်အာန်ရဲ့ အာယာဟ်တော်တစ်ခု သို့မဟုတ် ဟီးဆ်တော်တစ်ခုကနေ စည်းမျဉ်းတစ်ခုထုတ်တဲ့အခါ ထိုပညာရှင်အသုံးပြုတဲ့ တိကျတဲ့အကူကြိယာ (tools) 🛠️ နဲ့ သဘောတရားတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။

အူစူးလ် အလ်-ဖိက်ဟ် မရှိဘူးဆိုရင် ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နဟ်ကနေ တန်းပြီးတော့ စည်းမျဉ်းတစ်ခုထုတ်ဖို့ဆိုတာက ထင်သလောက် မလွယ်ကူနေပါဘူး 📖။ ကျမ်းမြတ်ကုရ်အာန်ထဲမှာ အမိန့်ပေးချက်တွေ၊ တိုက်တွန်းနှိုးဆော်ချက်တွေ၊ ခွင့်ပြုချက်တွေနှင့် ကြေငြာချက်တွေပါဝင်နေပြီး ဒါတွေအားလုံးက တစ်ခုနဲ့ တစ်ခု လေးနက်ပုံခြင်းမတူညီပါဘူး။ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ တိကျတဲ့ အမိန့်ပေးချက်တစ်ခုပါတဲ့ အာယာဟ်တစ်ခုက အခြေအနေလိုက်ပြီး လုပ်ဆောင်ဖို့ တိုက်တွန်းချက်ပါနေတဲ့ အာယာဟ်တစ်ခုနှင့် မတူညီပါဘူး။ အူစူးလ် အလ်-ဖိက်ဟ် သည် ဒီလိုကွဲပြားမှုတွေကို မည်သို့မည်ပုံဖတ်ရှုရမည်ဆိုတာ ပညာရှင်တစ်ဦးကို သင်ကြားပေးနေတဲ့ သိပ္ပံပညာရပ်ပဲ ဖြစ်ပါတယ် 🎓။

အူစူးလ် အလ်-ဖိက်ဟ် သာမရှိဘူးဆိုရင် ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နဟ်ကို စိတ်နှလုံးသားနှင့်ဖတ်ရှုနေသူတောင် လိုက်နာရမည့် ဝတ္တရားတစ်ခုနှင့် ခိုင်မာတဲ့တိုက်တွန်းချက်တစ်ခုကို ယုံကြည်စိတ်ချရစွာ ခွဲခြမ်းစိတ်ဖြာနိုင်မှာ မဟုတ်သလို နောက်ပိုင်းမှာပါလာတဲ့စာသားဖော်ပြချက်က အရှေ့မှာဖော်ပြခဲ့တဲ့စာသားကို ပယ်ချလိုက်တယ်ဆိုတာမျိုးကိုပါ သိနိုင်ဖို့ ခက်ပါလိမ့်မယ်။ နည်းလမ်း (Method) ဖြစ်တဲ့ အူစူးလ် အလ်-ဖိက်ဟ် ကို မသိဘဲ စည်းမျဉ်း (Ruiling) ဖြစ်တဲ့ ဖိက်ဟ်ကိုပဲသိတာက မြေပုံတစ်ခုရှိပြီး ဘယ်လိုအသုံးပြုရမလဲ မသိနေသလိုမျိုး ဖြစ်နေမှာပါ 🗺️❓။

အူစူးလ် အလ်-ဖိက်ဟ် သည် အစ္စလာမ့်ပညာရှင်တွေအတွက်သာမကဘဲ အစ္စလာမ်နှင့်သက်ဆိုင်တဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ကိုင်နေတဲ့ စီးပွားရေးပညာရှင်တွေ 💼၊ ရှေ့နေတွေ ⚖️၊ ဘဏ်လုပ်ငန်းလုပ်ကိုင်သူတွေနှင့် စာရင်းအင်းပညာရှင်တွေအတွက်ပါ သူတို့ရဲ့ လုပ်ငန်းကို မှန်ကန်စွာနဲ့ လုပ်ဆောင်နိုင်ဖို့အတွက် ဒီစည်းမျဉ်းစည်းကမ်းတွေကို အောက်သက်ကြေနေဖို့လိုအပ်ပါတယ်။ ဒါက လူ့ဘောင်တစ်ခုလုံးရဲ့ ဉာဏ်ပညာဆိုင်ရာ အမှတ်အသား တစ်ခုလည်းဖြစ်ပါတယ် ။

နောက်လာမဲ့ အပိုင်းတွေမှာတော့ ဒီ သိပ္ပံပညာရဲ့ အဓိက အစိတ်အပိုင်းတွေဖြစ်တဲ့ ဥပဒေရေးရာဆုံးဖြတ်ချက်များရဲ့ ဘဘောသဘာဝ၊ အစ္စလာမ့်ဥပဒေရဲ့ ရင်းမြစ်များ၊ ဥပဒေရေးရာ လှစ်ဟာမှုများကို ဖြည့်နိုင်ဖို့ ပညာရှင်တွေအသုံးပြုကြတဲ့ ကြိယာများ (tools) 🛠️ နှင့် အစ္စလာမ့်ဥပဒေကို ဖွဲ့စည်းထားခြင်းရဲ့ အဓိက ရည်ရွယ်ချက်တွေ ကို ဆက်ပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီနေ့ပြောခဲ့တဲ့အကြောင်းရာက အစသာဖြစ်ပြီးတော့ ဒါကိုနားလည်ခြင်းအားဖြင့် စည်းမျဉ်း(Ruiling) တိုင်းမှာ နည်းလမ်း (Method)ရှိတယ်ဆိုတဲ့အချက်နှင့် အဲ့ဒီနည်းလမ်းက အူစူးလ် အလ်-ဖိက်ဟ်ဆိုတဲ့ အမည်နာမရှိတယ်ဆိုတာကို သိရှိနိုင်စေဖို့ပဲဖြစ်ပါတယ် ✨။

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၇) အစ္စလာမ့်စည်းမျဉ်းဥပဒေတွေက ဘယ်ကနေဖြစ်ပေါ်လာတာလဲ။ အပိုင်း (၉) အစ္စလာမ့်ဥပဒေ၏ ဘာသာစကား – အရာအားလုံးက ဟလ်လာဟ် (ပိုင်တယ်) ဒါမှမဟုတ် ဟရာမ် (မလုပ်ပိုင်ဘူး) ချည့်ပဲလား။

Leave a Reply

Your email address will not be published. Required fields are marked *