ဥပဒေပညာရှင်တစ်ဦးက ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်တွေကို ဖွင့်ပြီး စာသားဖော်ပြချက်တစ်ခုကို ဖတ်ရှုလေ့လာတဲ့အခါ အဓိပ္ပာယ်ကို ရိုးရိုးလေး ဖတ်ရှုကြတာမဟုတ်ပါဘူး။ 📚 သူတို့က တိကျတဲ့မေးခွန်းတစ်ခုအတွက်ကို အဖြေရှာတဲ့အနေနဲ့ ဖတ်ရှုကြတာပါ၊ ဒီစာသားဖော်ပြချက်က ဥပဒေစည်းမျဉ်းတစ်ခု ကို ဘယ်လိုပုံစံနှင့် ရှင်းလင်းစွာ ထုတ်ပေးနိုင်မှာလဲ။ ⚖️ အဖြေက ဒီစာသားဖော်ပြချက်ကို ဘယ်လိုပုံစံအသုံးပြုနိုင်သလဲဆိုတာနဲ့ နောက်ထပ်စာသားဖော်ပြချက်တစ်ခုကနေ ပထမတစ်ချက်ကို ပယ်ချနိုင်ခြင်းရှိ/မရှိကနေ ဆုံးဖြတ်ပေးပါတယ်။
မွတ်စ်လင်မ်ဥပဒေပညာရှင်တွေက ကျယ်ပြန့်တဲ့အဓိပ္ပာယ်ကနေ တိကျတဲ့အဓိပ္ပာယ်ရောက်သည်အထိ စာသားဖော်ပြချက်တွေရဲ့ ရှင်းလင်းမှုကို အဆင့် ၄ ဆင့် သတ်မှတ်ထားပါတယ်။ 🪜
1️⃣ ဇာဟရ် (الظاهر) – သိသာထင်ရှားတဲ့အဓိပ္ပာယ် ✨
ဇာဟရ် စာသားဖော်ပြချက်တစ်ခုမှာ သိသာထင်ရှားတဲ့ အဓိပ္ပာယ်တစ်ခုရှိတယ်ဆိုပေမဲ့ တခြားဖြစ်နိုင်ခြေရှိတဲ့ အဓိပ္ပာယ်တွေလည်း ရှိနေနိုင်ပါသေးတယ်။ အာယာဟ်တစ်ခုက အကြောင်းအရာတစ်ခုကို ရည်ညွှန်းနေတယ်ဆိုပေမဲ့ ဝေါဟာရအရ ဒုတိယ အဓိပ္ပာယ်ပြန်ဆိုမှုပြုလို့ရနိုင်ပါသေးတယ်။
စာသားတစ်ခုက ဇာဟရ် ဖြစ်နေတဲ့အခါမှာ သူ့ရဲ့ ထင်ရှားတဲ့အဓိပ္ပာယ်ကိုအခြေခံပြီး ဥပဒေပြုကြတယ်ဆိုပေမဲ့ တစ်ချိန်တည်းမှာပဲ အကျယ်တဝင့်ပိုမိုဖော်ပြတာ ဒါမှမဟုတ် တခြားစာသားအားဖြင့်ကန့်သတ်တာမျိုးကိုလည်း ခွင့်ပြုပေးထားပါတယ်။
ပညာရှင်ကြီးတွေကြား ဥပဒေဆိုင်ရာ သဘောထားကွဲလွဲမှုအများစုက ထင်ရှားတဲ့ အဓိပ္ပာယ် ၂ခု ခြင်း အားပြိုင်လာကြတဲ့အခါကနေ စတင်ပါတယ်။ ⚖️
2️⃣ နဆ်ွ (النص) – တိကျတဲ့ အဓိပ္ပာယ် 🎯
နဆ်ွ စာသားဖော်ပြချက်က ပိုပြီးတိကျပါတယ်။ ဝေါဟာရက ပိုပြီးတိကျတဲ့ အဓိပ္ပာယ်ကို ဖော်ပြပေးနေပြီး အခြားတစ်နည်းဖြင့် ဖော်ပြချက်ကို အရမ်းကြီးဖော်ဆောင်လို့မရပါဘူး။
ကျမ်းမြတ်ကုရ်အာန်ထဲမှာ ခိုးတဲ့လက်ကို ဖြတ်ရမယ်လို့ ဖော်ပြထားတဲ့အခါ ဒါက နဆ်ွ ဖြစ်ပြီး စည်းမျဉ်းကို တိုက်ရိုက်ဖော်ပြပေးထားပါတယ်။ ✋
ဒါပေမဲ့ နဆ်ွ တစ်ခုကို အခြားစာသားအားဖြင့် ပိုပြီး တိကျအောင် လုပ်ပေးတာ ဒါမှမဟုတ် ကန့်သတ်တာ လုပ်လို့ရပါသေးတယ်။ ဥပမာအားဖြင့် ဤစီရင်ချက်ကို အနိမ့်ဆုံးတန်ဖိုး (နီစာဘ်) ထက်ကျော်လွန်၍ ခိုးဝှက်ခြင်းနှင့် သင့်တင့်လုံခြုံသည့်ထိန်းသိမ်းစောင့်ရှောက်မှု (ဟိရ်ဇ်) ဖြင့်ထားရှိခြင်းမှ ခိုးဝှက်သည့်အခါတွင်သာ အသုံးပြုရန် စွန္နဟ်အားဖြင့် ကန့်သတ်ထားပါတယ်။
နဆ်ွသည် စီရင်ချက်ကိုဖော်ပြပေးပြီး စွန္နဟ်သည် ယင်းစီရင်ချက်၏ အတိုင်းအတာကို သတ်မှတ်ပေးထားပါတယ်။ 📏
3️⃣ မူဖက်စ္စ်ရ် (المفسَّر) – အကျယ်တဝင့်ဖော်ပြထားသည့် အဓိပ္ပာယ် 🔍
မူဖက်စ္စ်ရ် သည် စာသားဖော်ပြချက်မှ ရှင်းလင်းချက်အားဖြင့် ဒါမှမဟုတ် ဒွိဟဖြစ်စေနိုင်သည့်အချက်အားလုံးကို ဖယ်ရှားပေးနိုင်သည့် သက်ဆိုင်ရာ အထောက်အထားအားဖြင့် သေချာစွာအလုံးစုံ အကျယ်တဝင့်ရှင်းပြပေးနေပါတယ်။
မူဖက်စ္စ်ရ် ကို တခြားပုံစံတစ်မျိုးနှင့် အဓိပ္ပာယ်ထွက်မရသလို တခြားစာသားဖြင့် ကန့်သတ်တာ၊ ပိုပြီးလေးနက်စေတာမျိုး လုပ်လို့မရနိုင်ပါဘူး။
မူဖက်စ္စ်ရ် တစ်ခုကို နောက်ပိုင်းမှ ဝဟီကျလာတဲ့စီရင်ချက်တစ်ခုအားဖြင့်သာ အရှေ့က မူဖက်စ္စ်ရ်ရဲ့ နေရာကို အပြီးအစားထိုးလိုက်ခြင်းအားဖြင့် ပယ်ဖျက်တာမျိုးပဲ ပြုလုပ်လို့ရနိုင်ပါတယ်။ 🕊️
4️⃣ မူဟ်ကမ် (المحكَم) – အတိအကျအကောင်အထည်ဖော်ထားသည့် အဓိပ္ပာယ် 🏛️
မူဟ်ကမ်သည် အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။ ⬆️ အဓိပ္ပာယ်က သတ်မှတ်ပြီးသား၊ နောက်ဆုံးဖြစ်ပြီး ပယ်ဖျက်တာ၊ လေးနက်စေတာ ဒါမှမဟုတ် ဘယ်လိုပြန်လည်သုံးသပ်ခြင်းမှ ပြုလုပ်လို့မရတဲ့ စာသားဖော်ပြချက်တွေဖြစ်ပါတယ်။
သာသနာရဲ့ အခြေခံအကြောင်းတရားတွေ၊ ပင်မကျင့်ဝတ်ဆိုင်ရာအမိန့်ပေးချက်တွေက မူဟ်ကမ်တွေဖြစ်ပါတယ်။ ဘယ်လောက်ပဲ ခိုင်မာပါတယ်ဆိုတဲ့ အထောက်အထားမျိုးကမှ မူဟ်ကမ်ကို ပယ်ချလို့မရပါဘူး။ 🔒
ဒီအဆင့်တွေက ဘာလို့အရေးကြီးတာလဲ။ ❓
စာသားဖော်ပြချက် ၂ ခုရဲ့ အဓိပ္ပာယ်က ဆန့်ကျင်တဲ့သဘောဆောင်နေတဲ့အခါ ဘယ်တစ်ခုကိုလက်ခံမလဲဆိုတဲ့ ပညာရှင်တိုင်းကြုံတွေ့နေရတဲ့ မေးခွန်းတစ်ခုကို ဒီအဆင့် ၄ ခုက ဖြေရှင်းပေးနိုင်ပါတယ်။
သာရ်ဂျစ်ဟ် (التَّرجيح) လို့ခေါ်တဲ့ ဦးစားပေးစည်းမျဉ်းက ရှင်းပါတယ်၊
တိကျတဲ့အဓိပ္ပာယ် (နဆ်ွ) က သိသာထင်ရှားတဲ့အဓိပ္ပာယ် (ဇာဟရ်) ထက်ပိုဦးစားပေးသင့်တာဖြစ်ပြီး
အကျယ်တဝင့်ဖော်ပြထားသည့် အဓိပ္ပာယ် (မူဖက်စ္စ်ရ်) က တိကျတဲ့အဓိပ္ပာယ် (နဆ်ွ) ထက် ပိုဦးစားပေးသင့်တာဖြစ်ပါတယ်။
အတိအကျအကောင်အထည်ဖော်ထားသည့် အဓိပ္ပာယ် (မူဟ်ကမ်) ကတော့ တခြားစာသားဖော်ပြချက် တွေအားလုံးထက် ဦးစားပေးအဆင့်ပဲဖြစ်ပါတယ်။ 🥇
ဒါကြောင့်ပဲ ပညာရှင်ကြီးတွေက ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နဟ်ကို တစ်ခုပြီးမှ တစ်ခုဖတ်တာထက် တပြိုင်တည်းတူတူဖတ်ရှုဖို့ မိန့်ကြားထားကြတာ ဖြစ်ပါတယ်။ 📖
ကျမ်းမြတ်ကုရ်အာန်ထဲက ယေဘုယျစာသားတစ်ခုက များသောအားဖြင့် ဇာဟရ် သိသာထင်ရှားတဲ့အဓိပ္ပာယ်ဖြစ်ပြီး စွန္နဟ်ရဲ့ အကျယ်တဝင့်ရှင်းလင်းချက်နှင့်အတူ ဖတ်ရှုဖို့လိုပါတယ်။ စွန္နဟ်ကို ကျော်သွားလိုက်တဲ့ ဥပဒေပညာရှင်တစ်ဦးအတွက် သိသာထင်ရှားတဲ့အဓိပ္ပာယ်ကနေ ပိုပြီးတိကျတဲ့ ကျင့်သုံးလို့ရမဲ့ စီရင်ချက်ကို ပြောင်းလဲပေးနိုင်တဲ့ အသေးစိတ်ဖော်ပြချက်ကို လွတ်သွားနိုင်ပါတယ်။ ⚠️
ဥပဒေဆိုင်ရာစာသားဖော်ပြချက်တစ်ခုကို ဖတ်ရှုတာက တစ်နည်းအားဖြင့် စည်းကမ်းချက်ဥပဒေတစ်ခု ထုတ်တာဖြစ်ပါတယ်။ ⚖️
ဒီလိုအဆင့် ၄ ဆင့်ထဲမှာမှ တည်ရှိနေတဲ့အဆင့်သတ်မှတ်ချက်ပေါ်အလိုက် တူညီတဲ့အာယာဟ်ကနေ ကွဲပြားစွာ လုပ်ဆောင်နိုင်သလို စာသားဖော်ပြချက်တစ်ခုစီရဲ့ အဆင့်ကို သိနားလည်ခြင်းက တရားမျှတတဲ့ ဥပဒေဆိုင်ရာဆင်ခြင်သုံးသပ်မှုရဲ့ အစလည်း ဖြစ်ပါတယ်။ 🌿
