Skip to content

အပိုင်း (၁၄) အစ်ဂျ်သီဟဒ် နှင့် တက္ကလိဒ် – ဘယ်သူက ဆုံးဖြတ်မှာလဲ၊ ဘယ်သူက လိုက်နာမှာလဲ?

ဟိုးအစောပိုင်းမှာကတည်းက အစ္စလာမ့်ဥပဒေစနစ်မှာ ဘယ်သူတွေက ပညာရည်ပြည့်ဝပြီး ဥပဒေထုတ်နိုင်သူတွေဖြစ်ကြတယ်ဆိုတာနှင့် ဘယ်သူတွေကတော့ လိုက်နာသူတွေဖြစ်ကြတယ်ဆိုတာ ကွဲကွဲပြားပြားရှိပြီးသားဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ အစ်ဂျ်သီဟဒ် နှင့် တက္ကလိဒ် အကြောင်းကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ 🧠⚖️


✨ အစ်ဂျ်သီဟဒ် (الاجتهاد) – ဥပဒေရေးရာဆင်ခြင်သုံးသပ်ခြင်း

အစ်ဂျ်သီဟဒ် ဆိုတဲ့စကားလုံးရဲ့ မူရင်းအဓိပ္ပာယ်က အစွမ်းကုန်အားစိုက်ထုတ်ခြင်းဖြစ်ပါတယ် 💪။ ဒီနေရာမှာတော့ ပညာရည်ပြည့်ဝတဲ့ အစ္စလာမ့် ဥပဒေပညာရှင်ကြီးတစ်ဦးက ပထမရင်းမြစ်တွေထဲကနေ ဥပ‌ဒေရေးရာစီရင်ချက်တစ်ခု ထုတ်တဲ့ လုပ်ငန်းစဉ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။

အစ်ဂျ်သီဟဒ်ကို ပြုလုပ်ဆောင်ရွက်သူကို မွတ်ဂျ်သာဟစ်ဒ် () လို့ခေါ်ပြီးတော့ မွတ်ဂျ်သာဟစ်ဒ် တစ်ဦးမှာ ကျမ်းမြတ်ကုရ်အာန် 📖၊ စွန္နဟ်၊ အစ်ဂျ်မအ် (ပညာရှင်ကြီးများရဲ့ သဘောတူညီချက်) 🤝၊ မကာစစ်ဒ် (အစ္စလာမ့်ဥပဒေ၏ ရည်ရွယ်ချက်များ) 🎯 နှင့် ဥပဒေရေးရာဆင်ခြင်သုံးသပ်ရာမှာ အသုံးပြုတဲ့ လက်စွဲနည်းလမ်းများ အစရှိတာတွေအားလုံးနှင့် ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်းနားလည်သိကျွမ်းထားတဲ့ အသိပညာမရှိမဖြစ် လိုအပ်ပါတယ်။

မွတ်ဂျ်သာဟစ်ဒ် တစ်ခုရဲ့ အဓိက တာဝန်က ၃ ပိုင်းဖြစ်ပါတယ် —

ပထမတစ်ခုက ပထမရင်းမြစ်ဖြစ်တဲ့ ကျမ်းဂန်တွေထဲမှာ အတိအကျဖော်ပြထားတဲ့ စီရင်ချက်တွေအကုန်လုံးကို ထုတ်ပေးပါတယ် 📚။

ဒုတိယတစ်ခုအနေဖြင့် နဂိုတုန်းကရှိထားဖူးတဲ့ case တစ်ခုက စီရင်ချက်ကို အလားတူတဲ့ case အသစ်မှာ ပြောင်းလဲအသုံးပြုနိုင်ဖို့ နှိုင်းယှဉ်ဆင်ခြင်ခြင်းအားဖြင့် ဥပဒေကို ဆန့်တန်းခြင်းဖြစ်ပါတယ် 🔍⚖️။

နောက်ဆုံး တစ်ခုကတော့ အရှေ့က နည်း ၂ ခုလုံးထဲမှာ မပါရှိနေသေးတဲ့ case အသစ်တစ်ခုပေါ်လာခဲ့ပြီဆိုရင် ကျယ်ပြန့်တဲ့သာသနာနဲ့ ဥပဒေရဲ့ ရည်ရွယ်ချက်တွေမှ ဆင်ခြင်သုံးသပ်ခြင်းပဲဖြစ်ပါတယ် 🌍✨။


📌 တက္ကလိဒ် (التقليد) – မွတ်ဂျ်သာဟစ်ဒ် တစ်ဦးထံမှ စီရင်ချက်များကို လိုက်နာခြင်း

တက္ကလိဒ်ဆိုတာက မွတ်ဂျ်သာဟစ်ဒ်တစ်ဦးရဲ့ စီရင်ချက်ကို ဘယ်လိုဘယ်ပုံနည်းထုတ်ထားတယ်ဆိုတဲ့သက်သေအထောက်အထားကို မမေးမြန်းပဲ လိုက်နာခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ် 📜➡️👣။

ဒါကို တစ်ခါတစ်လေ မျက်ကန်းနောက်လိုက် (Blind follow) လုပ်ခြင်းလို့ခေါ်တဲ့ မျက်လုံးစုံမှိတ်ယုံကြည်လိုက်နာခြင်းနဲ့ နားလည်မှုလွဲတတ်ကြပါတယ် 🙈။ တက္ကလိဒ်က blind follow မဟုတ်ပါဘူး ❗

ရှေးဂန္ဒဝင်ဥပဒေပညာရှင်ကြီးများက တက္ကလိဒ်ကို ရှရီအအ်မှခွင့်ပြုထားတဲ့အတိုင်း ပညာရည်ပြည့်ဝတဲ့ ပညာရှိကြီးနောက်လိုက်ခြင်းလို့ အတိအကျ သတ်မှတ်ထားခဲ့ပြီးသားဖြစ်ပါတယ် ✅။ ရရီအအ်ထဲမှာလည်း မွတ်ဂျ်သာဟစ်ဒ်တစ်ဦးလို ပညာရည်မရှိတဲ့ သာမန်မွတ်စ်လင်မ် တစ်ဦးအနေဖြင့် မွတ်ဂျ်သာဟစ်ဒ်ထံမှ စီရင်ချက်များကို လိုက်နာဖို့ ခွင့်ပြုထားပြီးသားဖြစ်ပါတယ် 🤲။ ဒါကြောင့်ပဲ မွတ်စ်လင်မ်တိုင်းက မဇဟ်ဘ်တစ်ခုနောက်ကနေလိုက်နာနေကြခြင်းပဲဖြစ်ပါတယ် 🕌။

နောက်လိုက်ရာမှာ တားဖြစ်ထားတဲ့အချက်ကတော့ ဥပဒေရေးရာအခွင့်အာဏာမရှိတဲ့သူတစ်ယောက်နောက်ကို လိုက်တာ ❌ ဒါမှမဟုတ် မျှတတဲ့စီရင်ချက်တစ်ခုကိုစွန့်ပြီး ကိုယ်ပိုင်နှစ်သက်မှုအတိုင်းလိုက်နာတာတွေပဲ ဖြစ်ပါတယ် ⚠️။


🚪 အစ်ဂျ်သီဟဒ် ၏ ဂိတ်တံခါး

နောက်ပိုင်းဥပဒေပညာရှင်တစ်ချို့က ဥပဒေရေးရာဆင့်ပြန်ချက်တွေကလည်း ပြောင်မြောက်စွာနဲ့ ပြီးမြောက်ခဲ့ပြီးဖြစ်တဲ့အတွက် အစ်ဂျ်သီဟဒ်ရဲ့ ဂိတ်တံခါးကြီးပိတ်ခဲ့ပြီလို့တောင် ပြောလာကြပြီး 🚪🔒 မွတ်စ်လင်မ်တွေအနေဖြင့် ထုတ်ထားပြီးသားဥပဒေတွေကိုသာလိုက်နာသင့်တယ်လို့ ဆိုကြပါတယ်။

ဒီအမြင်ကို မျက်မှောက်ခေတ်ပညာရှင်ကြီးတွေက ငြင်းဆန်ကြပါတယ် ✋။ ပညာရည်ပြည့်ဝတဲ့ ဥပဒေရေးရာဆင်ခြင်သုံးသပ်ချက်တွေကို လိုအပ်နေသေးတယ်၊ အခြေအနေအသစ်အသစ်တွေက မေးခွန်းသစ်ပေါင်းများစွာကို ဖန်တီးနေတာမို့ပဲဖြစ်ပါတယ် ❓🌱။

ယနေ့ခေတ်နှင့် အရင်ကနဲ့ မတူကွဲပြားလာတာကတော့ ခုနောက်ပိုင်းမှာက အစ်ဂျ်သီဟဒ်က ပညာရှင်တစ်ဦးချင်းပြုလုပ်တာထက် နိုင်ငံလုံးဆိုင်ရာ ရှရီအအ်ကောင်စီ (national Shari’ah councils) 🏛️၊ အစ္စလာမ့်ဖိကာဟ်အကယ်ဒမီ (the Islamic Fiqh Academy) 🎓 တို့လိုမျိုး အဖွဲ့လိုက် လုပ်ဆောင်လာကြတာပဲ ဖြစ်ပါတယ်။


📝 အချုပ်

အချုပ်အနေနဲ့ ဆွေးနွေးချင်တာကတော့ မွတ်ဂျ်သာဟစ်ဒ်တွေက ဆင်ခြင်သုံးသပ်ပြီး သာမာန်လူတွေက လိုက်နာကြတာက ကန့်သတ်ထားတဲ့သဘောအနေနဲ့မဟုတ်ပါဘူး။ ဒါက ပြီးပြည့်စုံတဲ့ ဥပဒေရေးရာစနစ်တစ်ခု ကောင်းမွန်စွာလည်ပတ်နေဖို့အတွက်ပဲ ဖြစ်ပါတယ် ⚖️✨။

လူတိုင်းက ဥပဒေပညာရှင်မဖြစ်သလို ဖြစ်ဖို့လည်း မလိုနေပါဘူး။ အရေးကြီးတာက ပညာပြည့်ဝစွာနှင့်ဆင်ခြင်သုံးသပ်ခြင်းဆိုတာ အမှန်တကယ်ရှိနေပြီး ရင်းမြစ်တွေကနေတစ်ဆင့် အထောက်အထားခိုင်မာစွာရှိနေတယ်ဆိုတာနဲ့ ဒါကို လိုက်နာသူတွေကလည်း မတူကွဲပြားနေတယ်ဆိုတာထက် ဒီလည်ပတ်မှုစနစ်ကို သေချာနားလည်နေကြပြီး လိုက်နာနေကြဖို့ပါပဲ 🤝📚

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၁၃) ပညာရှင်ကြီးတွေက ဥပဒေဆိုင်ရာ စာသားဖော်ပြချက်တွေကို ဘယ်လိုဖတ်ရှုကြသလဲ။ အပိုင်း (၁၆) နိယာဟ်က အရာရာပါပဲ

Leave a Reply

Your email address will not be published. Required fields are marked *