Skip to content

အအပိုင်း (၁၅) အလ် ကဝါအဒ် အလ်-ဖိကိယာဟ် အကြောင်းမိတ်ဆက်

အပိုင်း ၁၄ အထိမှာ ပညာရှင်ကြီးတွေက အသစ်အသစ်ပေါ်ပေါက်လာတဲ့ မေးခွန်းတွေအတွက် ရင်းမြစ်တစ်ခုမှနေတစ်ခုကို အခြေခံပြီး ဆင်ခြင်သုံးသပ်ခြင်းဖြစ်တဲ့ အစ်ဂျ်သီဟဒ် မှာ မည်သို့မည်ပုံ ဆောင်ရွက်ကြတယ်ဆိုတာကို ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ 📖

ဒီလိုပြုလုပ်လာကြရင်း ရာစုနှစ်ပေါင်းများစွာ ကြာလာတဲ့အခါ ပညာရှင်ကြီးတွေက အချက်တစ်ချက်ကို သတိပြုမိလာကြတယ်။ 🔍

ဖိက်ဟ်ရဲ့ လုံးဝမတူညီတဲ့ကဏ္ဏတွေတစ်လျောက်လုံးမှာ တူညီတဲ့ နောက်ခံလော့ဂျစ် အတွေးအခေါ် က ပြန်ပြန်ပေါ်လာနေတဲ့ အချက်ပါပဲ။

မေ့လျော့တတ်တဲ့သူတစ်‌ယောက်အတွက် နမားဇ်ဝတ်ပြုခြင်းက ဘာကြောင့် လျော့ပေါ့ချက်ဖြစ်နေရတယ်ဆိုတဲ့ တူညီတဲ့ သဘောတရားတစ်ခုကပဲ ကုန်သွယ်မှုပြုရမှာ အတင်းအကြပ်ဖိအားကြောင့်ချုပ်ဆိုခံရတဲ့ သဘောတူညီချက်တစ်ခုက ဘာကြောင့် ပျက်ပြယ်သွားတယ်ဆိုတဲ့အချက်ကို ရှင်းပြပေးနေပါတယ်။

ဒီလို ထပ်ခါတလဲလဲပေါ်လာနေတဲ့ပုံစံတွေ ကို နောက်ဆုံးမှာ ရှင်းလင်းတိုတောင်း တိကျတဲ့ ဖော်ပြချက်အနေဖြင့် အနှစ်ချုပ်ခဲ့ပါတယ်။ ✨

ဒီဖော်ပြချက်တွေကို ဥပဒေရေးရာသဘောထား (ကိုင်ဒါဟ်) ဖြစ်တဲ့

အလ် ကဝါအစ်ဒ် အလ်-ဖိကိယာဟ် လို့ခေါ်ပါတယ်။ ⚖️


ကိုင်ဒါဟ် Qā’idah (قاعدة) ဆိုတာဘာလဲ

Qā’idah (قاعدة) ဆိုတဲ့ စကားလုံးက အခြေခံအုတ်မြစ် ကို ဆိုလိုခြင်းဖြစ်ပြီး 🏛️

ကာအ်‌ဗာဟ် ကို အဗ္ဗရာဟီမ်း () တည်ဆောက်ခဲ့တုန်းက စူရာဟ် အလ်-ဗကရာဟ် (အာယာဟ် ၂း၁၂၇) မှာသုံးခဲ့တဲ့ စကားလုံးနဲ့ တူတူပဲဖြစ်ပါတယ်။

ဥပဒေရေးရာ အသုံးအနှုန်းအားဖြင့်ဆိုရင် Qā’idah သည်

➡️ စီရင်ချက်တစ်ခုအားဖြင့်

➡️ မတူညီတဲ့ ကိစ္စပေါင်းများစွာကို ဖြေရှင်းပေးနိုင်သည့်

➡️ တိုတောင်းပြီး ရှင်းလင်းတိကျတဲ့ သဘောတရားတစ်ရပ် ဖြစ်ပါတယ်။

Qā’idah က စီရင်ချက်တွေရဲ့ ဆင်းသက်လာပုံ / ထွက်ပေါ်လာပုံ အတွက် အသုံးပြုခဲ့တဲ့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး။

အဲ့ဒီနည်းလမ်းက အူစူးလ် အလ်-ဖိက်ဟ် ရဲ့ ကဏ္ဍဖြစ်ပါတယ်။ 📚

Qā’idah သည်

ရာစုနှစ်ပေါင်းများစွာအတွင်း ဆင်းသက်ပေါ်ထွက်လာခဲ့သည့် စီရင်ချက်ပုံစံတွေကို စုပေါင်း အနှစ်ချုပ်ထားတဲ့ စံပုံစံ / အညွှန်းတစ်ခု ဖြစ်ပါတယ်။


🌍 ကမ္ဘာသုံးအခြေခံကိုင်ဒါဟ် ငါးချက် (သို့မဟုတ် ခြောက်ချက်)

ရှေးကတည်းက ထုတ်လာခဲ့တဲ့ ဥပဒေ‌ရေးရာ ကိုင်ဒါဟ် ရာပေါင်းများစွာ ထဲကမှ

ဖိက်ဟ်ရဲ့ ကဏ္ဍတစ်ခုချင်းစီတိုင်းဖြစ်တဲ့

  • 🙏 ခဝပ်ကိုးကွယ်ခြင်း
  • 💰 အရောင်းအဝယ်ပြုခြင်း
  • 👨‍👩‍👧‍👦 မိသားစုနှင့်ဆက်စပ်နေသည့် ဥပဒေ
  • ⚖️ ရာဇဝတ်မှုဆိုင်ရာ ဥပဒေ

အစရှိတဲ့ ကဏ္ဍတိုင်းမှာ ပါဝင်နေတဲ့ သေးငယ်တဲ့ ပင်မပုံစံတစ်ခု ကို ပညာရှင်ကြီးများက ရှာဖွေသတ်မှတ်ထားခဲ့ပါတယ်။

“ဒီအခြေခံကိုင်ဒါဟ်တွေမှာ ရရှီအအ်ရဲ့ အနှစ်သာရ တစ်ခုလုံးအနေဖြင့် ပါဝင်နေပြီး ကျန် ကိုင်ဒါဟ်တွေကတော့ ဒီအခြေခံကနေ ပြန်ပြီးအကျယ်တဝင့်ရှင်းလင်းထားချက်တွေဖြစ်တယ်” ဆိုတဲ့ အဆိုတောင် ရှိပါတယ်။

ဂန္ဒဝင်ပညာရှင်ကြီးများက

အခြေခံကိုင်ဒါဟ်ကို ငါးချက် လို့သုံးပြီး

တစ်ချို့ ခေတ်ပြိုင်ပညာရှင်တွေ ကတော့

၆ ချက်မြောက် တစ်ချက် ကို ထပ်ထည့်ထားပါတယ်။


📜 ကမ္ဘာသုံးအခြေခံကိုင်ဒါဟ်များ

(Al-Qawāʿid Al-Khams Al-Kubrā)

الأمور بمقاصدها

Al-umūru bi-maqāṣidihā

➡️ လုပ်ဆောင်ချက်များ၏နောက်ကွယ်မှ နိယာဟ် (ရည်ရွယ်ချက်) များအားဖြင့် လုပ်ဆောင်ချက်ကို အကဲဖြတ်ပါသည်။ 🎯

اليقين لا يزول بالشك

Al-yaqīnu lā yazūlu bil-shakk

➡️ သေချာတဲ့ဆိုတဲ့အချက်ကို သံသယအားဖြင့် ပစ်ပယ်လို့မရနိုင်ပါ။ 🧭

المشقة تجلب التيسير

Al-mashaqqatu tajlibu al-taysīr

➡️ အခက်အခဲများရင်ဆိုင်နေရခြင်းက လျော့ပေါ့သက်ညှာမှုကို ဖြစ်ပေါ်စေသည်။ 🌿

الضرر يزال

Al-ḍararu yuzāl

➡️ အန္တရာယ်ကျရောက်စေနိုင်မှုကို ဖယ်ရှားသုတ်သင်ရှင်းလင်းရမည်။ ⚠️

العادة محكّمة

Al-ʿādatu muḥakkamah

➡️ ရိုးရာဓလေ့ထုံးတမ်းသည် စီရင်ချက်၏ အခြေခံဖြစ်နိုင်ပါသည်။ 🏛️

I’māl al-kalām awlā min ihmālihi

➡️ စကားလုံးများကို အဓိပ္ပာယ်ရှိအောင် သုံးသပ်ခြင်းသည် လျစ်လျူရှုလိုက်ခြင်းထက် ပိုသင့်လျော်သည်။ 💬


⭐ ဒီကိုင်ဒါဟ်တွေက ဘာလို့ အရေးကြီးတာလဲ

ကိုင်ဒါဟ်တွေကို မပြဌာန်းခဲ့ခင်တုန်းက

ဖိက်ဟ်ရဲ့စီရင်ချက်တွေက ပြန့်ကျဲနေတဲ့ ကိစ္စပေါင်းများစွာကို စုစည်းထားတဲ့ ကြီးမားကျယ်ပြန့်တဲ့ စီရင်ချက်ပေါင်းချုပ်ကြီးတစ်ခု အဖြစ် ရှိနေခဲ့ပါတယ်။

“တစ်ခုနှင့် တစ်ခုကြား ယူဆချက်တွေ အချိတ်အဆက်ကင်းမဲ့နေတဲ့ အပေါ်ယံအားဖြင့် ဆက်စပ်မှုမရှိခြင်း” ဆိုပြီး မွတ်စ်တာဖာ အလ်-ဇာကာ မှ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

ဒီအခြေခံကိုင်ဒါဟ်တွေက

➡️ ဒီလို ပြန့်ကျဲနေတဲ့အရာတွေကို

➡️ အစီအစဉ်တကျဖြစ်စေတာ ပါ။ 📚

နောက်ထပ်အရေးကြီးအချက်ဖြစ်တဲ့

အစ္စလာမ့်ဥပဒေသည် အချိတ်အဆက်မရှိတဲ့ အမိန့်တော်များစုပုံထားတာ မဟုတ်ဘူး ဆိုတာကို ပေါ်လွင်စေခဲ့တာပဲ ဖြစ်ပါတယ်။

အစ္စလာမ့်ဥပဒေသည်

➡️ တစ်ခုနှင့်တစ်ခု ကျိုးကြောင်းဆီလျော်စွာချိတ်ဆက်ထားတဲ့ ဥပဒေစနစ်တစ်ခု ဖြစ်ပြီး

ဒီတိုတောင်းတဲ့ ကိုင်ဒါဟ်တစ်ခုချင်းစီ က

ဒီစနစ်ရဲ့ အဓိက မူကြမ်း ပဲဖြစ်ပါတယ်။ ⚖️


📖 နောက်လာမဲ့ ၅ ပိုင်းမှာ

ကမ္ဘာသုံးဆိုင်ရာ ကိုင်ဒါဟ်တစ်ချက်ခြင်းစီ အကြောင်းကို

  • 📜 ကျမ်းမြတ်ကုရ်အာန် သို့မဟုတ် စွန္နဟ်ထဲက ဖြစ်ပေါ်လာတာလား
  • 🙏 ခဝပ်ကိုးကွယ်ခြင်းတွေ
  • 💰 အရောင်းအဝယ်ဆိုင်ရာ စာချုပ်စာတမ်းတွေ
  • 👨‍👩‍👧‍👦 မိသားစုနှင့် ဆက်နွယ်နေတဲ့ ကိစ္စတွေ

အစရှိတဲ့ အလားတူကိစ္စတွေမှာ

ကိုင်ဒါဟ်အတိုလေးတစ်ခုကနေ

ဘယ်လိုပုံစံချိတ်ဆက်သက်ရောက်နေလဲ

အစရှိတဲ့ အကြောင်းအရာတွေအားဖြင့်

ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၁၆) နိယာဟ်က အရာရာပါပဲ အပိုင်း (၁၇) သံသယက သေချာမှုကို မဖျက်ဆီးနိုင်သည့်အခါ…

Leave a Reply

Your email address will not be published. Required fields are marked *