Skip to content

အပိုင်း (၂၄) အစ္စလာမ့်မိသားစုဥပဒေ

(စည်းမျဉ်းမျှသာမဟုတ်၊ စနစ်တစ်ခုသာဖြစ်သည်)


🧬 حِفْظُ النَّسْلِ (Hifẓ al-Nasl)

အစ္စလာမ့်မိသားစုဥပဒေနောက်ကွယ်က Maqāsid ရည်ရွယ်ချက် – မျိုးရိုးစဉ်ဆက်ကိုထိန်းသိမ်းခြင်း


🧩 ရည်ရွယ်ချက်တစ်ခုအောက်မှ မဏ္ဍိုင် ၃ ခု

အစ္စလာမ့်မိသားစုဥပဒေကို အများအားဖြင့် လူပုဂ္ဂိုလ်တစ်ဦးအတွက် ရည်ရွယ်ထားတဲ့ စီရင်ချက်များပေါင်းချုပ်အနေဖြင့် သတ်မှတ်ထားလေ့ရှိကြပါတယ်၊ ဘယ်သူက ဘယ်သူ့ကို လက်ထပ်ထိမ်းမြားလို့ ရတယ်၊ သွာလက်ခ် ကွာရှင်းပြတ်ဆဲခြင်းကို ဘယ်လိုလုပ်ဆောင်ကြတယ်၊ ဘယ်သူက ရှယ်ယာဘယ်လောက်ကို အမွေရတယ် အစရှိသည်တို့ပေါ့။

ဒါပေမဲ့တကယ်တော့ ဒီစီရင်ချက်တွေက သီးသန့်အကြောင်းအရာတွေမဟုတ်နေပါဘူး။

ဒီစီရင်ချက်တွေက မျိုးရိုးစဉ်ဆက်၊ မိသားစုဖွဲ့စည်းပုံနှင့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်အလိုက် လူသားဂုဏ်သိက္ခာအစရှိသည်တို့ကို ထိန်းသိမ်းထားဖို့ ဆိုတဲ့ Maqāsid ရရှီအအ် ရဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ hifẓ al-nasl (حِفْظُ النَّسْلِ) ကို ဦးတည်ပြီး ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဆက်စပ်နေတဲ့ ဥပဒေစနစ်တစ်ခုကို ဖြစ်ပေါ် စေတာပါ။


📌 Maqāsid ရရှီအအ် မှာ အတိအလင်းဖော်ပြထားသော အချက်များ

  • 🚫 ဇီနာအ် (တရားမဝင်သည့် အမျိုးသား၊ အမျိုးသမီးကြား လိင်ပိုင်းဆိုင်ရာ ဆက်ယှက်နေထိုင်မှု) ကို တားမြစ်ခြင်း
  • 💍 နိကာဟ်ကို တရားဝင်ပြဌာန်းခြင်း
  • 📊 အမွေစားအမွေခံစနစ်

ဒါတွေအားလုံး က ဦးတည်ချက်တစ်ခုတည်းအတွက် ရှိနေတာပါ။

ဒီ မဏ္ဍိုင် ၃ ခု ထဲက တစ်ခုကို ဖယ်လိုက်မယ်ဆိုရင် ဥပဒေစနစ်ဖွဲ့စည်းပုံက ညီညွတ်မှုပျောက်သွားပါလိမ့်မယ်။


🔗 မဏ္ဍိုင် ၃ ခုကို အတူတကွ နားလည်ခြင်း

ဒီမဏ္ဍိုင် ၃ ခုဖြစ်တဲ့

  • 💍 လက်ထက်ထိမ်းမြားခြင်း
  • ⚖️ ကွာရှင်းပြတ်ဆဲခြင်း
  • 📊 မွေစားမွေခံ

ကို အတူတကွ နားလည်ထားဖို့လိုပါတယ်။


💍 လက်ထပ်ထိမ်းမြားခြင်း

သတ်မှတ်ထားသည့်အခွင့်အရေးများဖြင့် စာချုပ်ကတိကဝတ်တစ်ခု

အစ္စလာမ့်ဥပ‌ဒေထဲက နိကာဟ်ဆိုတာက ʿaqd-عَقْد စာချုပ်တစ်ခုပဲဖြစ်ပါတယ်။

နိကာဟ်မှာ

  • ✔️ ကမ်းလှမ်းခြင်းနှင့် လက်ခံခြင်း (إِيجَاب وَقَبُول)
  • 👥 မျက်မြင်သက်သေ
  • 💰 ဇနီးသည်လောင်းတစ်ဦးတည်းကသာ ပိုင်ဆိုင်နိုင်ခွင့်ရှိသည့် မဟရ် ပေးအပ်ခြင်း

တို့ပါဝင်ပါတယ်။


💰 မဟရ်၏ သဘောတရား

မဟရ်ရဲ့ အများဆုံးပေးနိုင်တဲ့ ပမာဏဆိုပြီးမသတ်မှတ်ထားတာကို ဥပဒေပညာရှင်တိုင်းက သဘောတူထားကြပေမဲ့ အနည်းဆုံးပမာဏအပေါ်မှာတော့ သဘောထားခြင်း ကွဲလွဲကြပါတယ်။

ပညာရှင်ကြီးများ လုံးလုံးလျောလျောသဘောတူညီထားတဲ့က မဟရ်ရဲ့ သဘောသဘာဝကိုသာဖြစ်ပြီး မဟရ်သည် ဇနီးသည်တစ်ဦးတည်းနှင့်သာ သက်ဆိုင်ပါတယ်၊ သူမရဲ့ မိသားစုနှင့် မသက်ဆိုင်သလို သူမရဲ့ လွတ်လပ်စွာသဘောတူညီချက်မပါရှိဘဲ မဟရ်ပေးခြင်းကို လျော့ပေးလိုက်လို့မရပါဘူး။


👨‍👩‍👧 အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ

နိကာဟ်ဆိုတဲ့ စာချုပ်သည် ရပိုင်ခွင့်၊ အခွင့်အရေးတွေနှင့် တာဝန်ဝတ္တရားများ ပါဝင်ထားတဲ့ တိကျတဲ့ ဖွဲ့စည်းမှုစနစ်တစ်ခုကို အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။

ခင်ပွန်းသည်သည် nafaqah-نَفَقَة ထိန်းသိမ်းစောင့်ရှောက်မှုနှင့် စားဝတ်နေရေးကို တာဝန်ယူရပါတယ်။


🚫 ကန့်သတ်ချက်များ

နိကာဟ်အပေါ်မှာ ဇနီးသည်လောင်းရဲ့ သဘောတူညီချက်ကို ဥပဒေအားဖြင့် လိုအပ်ပြီး တစ်ချို့ မဇ်ဟဘ်တွေမှာ အပျိုတစ်ယောက်ရဲ့ နှုတ်ဆိတ်နေခြင်းကို သဘောတူညီချက်အဖြစ် ထည့်တွက်စဉ်းစားပါတယ်၊ ဒါပေမဲ့ ဖိအားပေးပြီး သဘောတူခိုင်းတာမျိုး၊ လိမ်လည်တာမျိုးက နိကာဟ်ကို ပျက်ပြယ်စေနိုင်ပါတယ်။

mawāniʿ-مَوَانِع နိကာဟ်မှာအတားအဆီးဖြစ်စေတဲ့ စနစ်က သွေးသားတော်စပ်မှု၊ လက်ထပ်ထိမ်းမြားခြင်းနှင့် မွေးစားထားခြင်းကြောင့် ဆက်နွယ်မှုများကို တားဆီးထားပြီး ဘယ်သူက ဘယ်သူနှင့် လက်ထပ်ထိမ်းမြားခြင်းပြုနိုင်တယ်ဆိုတဲ့ စည်းဘောင်တွေကိုလည်း သတ်မှတ်ပေးထားပါတယ်။


⚖️ ကွာရှင်းပြတ်ဆဲခြင်း

စနစ်တကျဖွဲ့စည်းထားတဲ့ ဖြေရှင်းနည်းများ

အစ္စလာမ့်ဥပဒေမှာ ကွာရှင်းပြတ်ဆဲခြင်း သွလာက်ခ် ကို ခွင့်ပြုရုံတင်မဟုတ်ပါဘူး၊ နှစ်ဖက်လုံးကို ကာကွယ်ပေးဖို့အတွက်ကိုလည်း တိကျစွာ ဥပဒေနှင့် ထိန်းချုပ်ထားပါတယ်။

အမျိုးအစားများ

  • 🔹 rajʿī- رَجْعِي (ပြန်ပြောင်းလို့ရသော)
  • 🔹 bāʾin- بَائِن (ပြန်ပြောင်းလို့မရသော)

⏳ ʿiddah (စောင့်ဆိုင်းကာလ)

ʿiddah(عِدَّة) ဆိုသည်မှာ ရာသီ ၃ ကြိမ်ပေါ်သည့် အချိန်ကာလ သို့မဟုတ် သုံးလ စောင့်ဆိုင်းခြင်း အချိန်ကာလ ဖြစ်ပြီး

ဒါက

  • 👶 သန္ဓေသားအတွက် မိဘပိုင်ဆိုင်ခွင့်
  • ⚖️ ဇနီးသည်ရဲ့ ဥပဒေရေးရာ အဆင့်အတန်း
  • 🤝 ပြန်လည်ပေါင်းထုပ်နိုင်သော အခွင့်အရေး

တို့ကို ကာကွယ်ပေးပါတယ်။


🤝 khulʿ

ဇနီးသည်ဘက်မှလည်း khulʿ-خُلْع လို့ခေါ်တဲ့ မဟရ်ကို ခင်ပွန်းသည်အားပြန်လည်ပေးအပ်ခြင်းအားဖြင့် ကွာရှင်းပြတ်ဆဲခြင်းကို အစပြုလို့ရပြီး ဒါက နိကာဟ်တစ်ခုတည်းမှာ ပိတ်မိနေတာမျိုး မဖြစ်ရလေအောင် သေချာမှုရှိစေပါတယ်။


📊 မွေစားမွေခံ

မျိုးရိုးစဉ်ဆက်အလိုက် ပိုင်ဆိုင်မှုကို မျှဝေခြင်း

အစ္စလာမ့်မွေစားမွေခံဥပဒေစနစ် သည် ဖိက်ဟ်ရဲ့ အသေးစိတ်ကျတဲ့ နယ်ပယ်တွေထဲမှာ အသေးစိတ်အကျဆုံး ဖြစ်ပါတယ်။

📖 ကျမ်းမြတ်ကုရ်အာန်ထဲမှာ သတ်မှတ်ပြီးသားပမာဏ (farāʾid-فَرَائِض) ကို ဖော်ပြထားပြီး

➡️ ashāb al-farāʾid (အရင်ဆုံးရရှိသူများ)
➡️ ʿasabāt (ကျန်ပမာဏရရှိသူများ)

အဖြစ် ခွဲခြားထားပါတယ်။


📜 wasiyyah (သေတမ်းစာ)

သေတမ်းစာဖြင့် အမွေပေးခြင်းကို ၃ ပုံ ၁ ပုံ အများဆုံးအနေဖြင့် သတ်မှတ်ထားပါတယ်။

တမန်တော်မြတ် Muhammad ﷺ မှ
“ ၃ ပုံ ၁ ပုံ က လိုတာထက်ပိုမို၍ လုံလောက်ပြီးဖြစ်ပါတယ်။
အကယ်၍ သင့်မွေခံထိုက်သူတွေကို ဥစ္စာစည်းစိမ်ချန်ရစ်ခဲ့မည်ဆိုပါ
ဆင်းဆင်းရဲရဲ မလောက်မငှ ထားရစ်ခဲ့ခြင်းထက်
ချမ်းသာကြွယ်ဝစွာထားပေးခဲ့ခြင်းက ပို၍ကောင်းသည် ”

ဟု မိန့်တော်မူခဲ့ပါတယ်။


🧩 နိဂုံးချုပ်

ဒီ ၃ ချက်ကို အဓိကပေါင်းစည်းစေတာကတော့ အစ္စလာမ့်ဥပဒေသည် အမိန့်ပေးချက်သတ်သတ်အနေနဲ့ မဟုတ်ဘဲ ဖွဲ့စည်းပုံတစ်ခုကိုပါ တည်ဆောက်ပေးထားတာဖြစ်ပါတယ်။

✔️ တရားဝင်ဖြစ်စေမဲ့ အခြေအနေတွေ
✔️ ရပိုင်ခွင့်တွေ
✔️ တာဝန်ဝတ္တရားတွေ
✔️ လူသားတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးမှု

တို့ပါဝင်ပါတယ်။

မိသားစုဥပဒေထဲမှာ အဓိက အကျိုးစီးပွားကတော့

  • 👨‍👩‍👧 မိသားစုပေါင်းစပ်ခြင်းကို ခိုင်မာခြင်း
  • 🧬 မျိုးရိုးစဉ်ဆက်ကို ခိုင်ခံ့စေခြင်း

ဖြစ်ပါတယ်။

💍 နိကာဟ်က ဒီအချက်ကို တရားဝင်ဖြစ်စေပါတယ်။
⚖️ ကွာရှင်းပြတ်ဆဲခြင်းက ပြဿနာတွေ မဖြစ်ဘဲ အေးချမ်းစွာဖြေရှင်းနိုင်ဖို့ ထိန်းချုပ်ပေးထားပါတယ်။
📊 မွေစားမွေခံခြင်းကတော့ သေဆုံးသွားတဲ့တိုင်အောင် စည်းစိမ်ဥစ္စာကို ထိန်းသိမ်းထားနိုင်ဖို့ သေချာမှုရှိစေပါတယ်။

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၂၃) ဘာလို့ Ribā ကို တားမြစ်ထားတာလဲ။ အပိုင်း (၂၅) အစ္စလာမ့်ပြစ်မှုဆိုင်ရာ ဥပဒေ

Leave a Reply

Your email address will not be published. Required fields are marked *