Skip to content

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… ဗလီဝတ်ကျောင်းတော်(မက်စ်ဂျဒ်)

ကျွန်မတို့ ဆွလာဟ်နဲ့ သန့်စင်ခြင်းအကြောင်း ပြောခဲ့ပြီးပါပြီ။ အခု ကျွန်မတို့ မက်စ်ဂျဒ် (ဗလီဝတ်ကျောင်းတော်) အကြောင်း ပြောကြရအောင်။ ကျွန်မတို့ မက်စ်ဂျဒ်ရဲ့ အရေးပါပုံအကြောင်း ဟဒီးဆ်တော်တွေ အများကြီး ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒီအကြောင်းအရာအောက်မှာ ထပ်ပြီး လေ့လာကြည့်ကြရအောင်။

 တမန်တော်မြတ် (ﷺ) မိန့်တော်မူခဲ့တာက أَحَبُّ الْبِلاَدِ إِلَى اللهِ مَسَاجِدُهَا “အလ္လာဟ် (سبحانه وتعالى) အတွက် အချစ်ဆုံးနေရာတွေကတော့ မက်စ်ဂျဒ်တွေ ဖြစ်ပြီး၊ အလ္လာဟ် (سبحانه وتعالى) အတွက် အမုန်းဆုံးနေရာတွေကတော့ ဈေးတွေပဲ ဖြစ်ပါတယ်။” ကျွန်မတို့ မက်စ်ဂျဒ်တွေနဲ့ ကျွန်မတို့ဘဝမှာ ထိုမက်စ်ဂျဒ်တွေရဲ့ အရေးပါမှုအကြောင်း၊ အဲဒါက အလ္လာဟ် (سبحانه وتعالى) ချစ်မြတ်နိုးခြင်းအရ ဘာအဓိပ္ပာယ်ရှိတယ်ဆိုတာကို မကြာခဏ ပြောကြလေ့ရှိပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ၊ ဒါဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ အိမ်တော်ဖြစ်ပြီး အလ္လာဟ် (سبحانه وتعالى) ကို ရှာဖွေရန် အဓိကအရာအဖြစ် သတ်မှတ်တဲ့သူတိုင်းအတွက်၊ အလ္လာဟ် (سبحانه وتعالى) ချစ်တဲ့အရာအားလုံးဟာ ထိုသူချစ်တဲ့အရာတွေ ဖြစ်လာပါတယ်။ အလ္လာဟ် (سبحانه وتعالى) ရဲ့ အိမ်တော်ဟာ ထိုသူရဲ့ ကိုယ်ပိုင်အိမ် ဖြစ်လာတယ်။ ဒါကြောင့် တမန်တော်မြတ် (ﷺ) က الْمَسْجِدُ بَيْتُ كُلِّ مُؤْمِنٍ “မက်စ်ဂျဒ်ဟာ သက်ဝင်ယုံကြည်သူ (မုအ်မင်န်) တိုင်းရဲ့ အိမ်ပါ” လို့ မိန့်တော်မူခဲ့တာပါ။

 တမန်တော်မြတ် (ﷺ) က ဇနီးမယားတွေ မက်စ်ဂျဒ်ကို သွားတာကို တားမြစ်ကြသူတွေကို ကန့်ကွက်ခဲ့ပြီး ပြင်းထန်တဲ့ စကားနဲ့ ပြောခဲ့တာကတော့ لاَ تَمْنَعُوا إمَاءَ اللهِ مَسَاجِدَ اللهِ “အလ္လာဟ် (سبحانه وتعالى) ရဲ့ အမျိုးသမီးကျေးကျွန်တွေကို အလ္လာဟ် (سبحانه وتعالى) ရဲ့ အိမ်တော်တွေဆီ သွားတာကို မတားနဲ့” ဘာကြောင့်လဲဆိုတော့ ဒီအလ္လာဟ် (سبحانه وتعالى) ရဲ့ အိမ်တော်တွေဟာ သူတို့ရဲ့ အိမ်လည်း ဖြစ်ဖို့ ရည်ရွယ်ထားလို့ပါ။ ယုံကြည်သူတိုင်း၊ ကလေးတစ်ယောက်တောင်မှ အလ္လာဟ် (سبحانه وتعالى) ရဲ့ အိမ်တော်ကို သူတို့ဘဝမှာ အဓိကအိမ်အဖြစ် သတ်မှတ်သင့်ပါတယ်။ ထိုနေရာဟာ သူတို့အတွက် ကရုဏာတော်၊ အေးချမ်းသာယာမှု၊ စိတ်ဓာတ်ခွန်အားတွေ ရဖို့ သွားတဲ့နေရာဖြစ်ပြီး၊ လူတစ်ယောက်ရဲ့ဘဝမှာ မက်စ်ဂျဒ်ရဲ့ အခန်းကဏ္ဍကို တခြားဘာနဲ့မှ အစားမထိုးနိုင်ပါဘူး။ ယုံကြည်သူတွေ စုဝေးပြီး ဟလ္လကာ (အစည်းအဝေး) လို သို့မဟုတ် စုဝေးမှုပြုလုပ်နိုင်တဲ့ တခြားနေရာတွေလည်း ရှိပါတယ်။ သူတို့ လူမှုရေးအတွက် စုပြီး တွေ့နိုင်တဲ့ နေရာတွေရှိသလို၊ တခြားနေရာတွေမှာလည်း ဆွလာဟ်ပြုနိုင်ပါတယ်။ ကျွန်မတို့ ကိုယ့်အိမ်မှာ စုဝေးဆွလာဟ်ပြုလို့ရသော်လည်း၊ မက်စ်ဂျဒ်လိုနေရာမျိုး ဘယ်နေရာမှ မရှိပါဘူး။ ဘာကြောင့်လဲ?

 မက်စ်ဂျဒ်ဟာ စဂျ်ဒဟ် (Prostration) ပြုတဲ့နေရာ၊ အလ္လာဟ် (سبحانه وتعالى) ကို သတိရဖို့နေရာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒါဟာ အလ္လာဟ် (سبحانه وتعالى) အချစ်ဆုံးနေရာ ဖြစ်ရတာပါ။ ဈေးထဲမှာ လူဘယ်နှစ်ယောက်က အလ္လာဟ် (سبحانه وتعالى) ကို သတိရကြပါသလဲ? ဇိစ်ကရ် (အလ္လာဟ်ကို သတိရခြင်း) နဲ့ ဇိစ်ကရ် မရှိခြင်းကို နှိုင်းယှဉ်ကြည့်ပါ – အလ္လာဟ် (سبحانه وتعالى) ကို သတိရနေခြင်းနဲ့ အလ္လာဟ် (سبحانه وتعالى) ကို မသတိရခြင်းကို ဆန်းစစ်ကြည့်ပါ။ တမန်တော်မြတ် (ﷺ) ခေတ်တုန်းက ညဘားတန်း သို့မဟုတ် ညတွင်းအပျော်ခန်းဆိုတဲ့ သဘောမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် လူတစ်ယောက်ရဲ့ဘဝမှာ အဓိကကျတဲ့ နေရာနှစ်ခုဖြစ်တဲ့ ဈေးနဲ့ မက်စ်ဂျဒ်ကိုပဲ ဆွေးနွေးကြရအောင်ပါ။ ဈေးတွေမှာ အလ္လာဟ် (سبحانه وتعالى) ကို သတိရဖို့ အရမ်းခက်ခဲပါတယ်။ ဒါကြောင့်လည်း ဈေးထဲဝင်တဲ့အခါ ဖွင့်ဆိုရမယ့် ဒီဆုတောင်း (ဒုအာ) ဟာ အဖိုးတန်လှတဲ့ ကုသိုလ်တရား ရရှိစေပါတယ်၊

لاَ إِلَهَ إِلاَّ اللهُ وَحْدَهُ لاَ شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ، يُحْيِي وَيُمِيتُ وَهُوَ حَيٌّ لاَ يَمُوتُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ
“အလ္လာဟ် (سبحانه وتعالى) မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာမရှိ၊ အရှင်မြတ်သည်သာ တစ်ပါးတည်းသောအရှင်ဖြစ်၍ တွဲဖက်ကိုးကွယ်ခံ မရှိပါ။ အရှင်မြတ်သည် အလုံးစုံကို စိုးပိုင်တော်မူသော အရှင်ဖြစ်ပြီး ချီးမွမ်းခြင်းအားလုံးသည်လည်း အရှင်မြတ်အတွက်သာ ဖြစ်ပါသည်။ အရှင်မြတ်သည် ထာဝရှင်သန်တော်မူပြီး မည်သည့်အချိန်ကာလတွင်မှ ကွယ်လွယ်တော်မူမည်မဟုတ်ပေ။ အရှင်မြတ်သည် အသက်များကိုဖန်ဆင်းတော်မူပြီး အသက်များကိုသေဆုံးစေနိုင်တော်မူပါသည်။ အမှန်စင်စစ် အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် တွင် စွမ်းဆောင်နိုင်စွမ်းရှိတော်မူသောအရှင်ဖြစ်ပါသည်။”

 တမန်တော်မြတ် (ﷺ) က ဈေးထဲဝင်တဲ့အခါ ဒီဆုတောင်း (ဒုအာအ်) အထူးဖတ်ရှိခြင်းအတွက် ကြီးမားတဲ့ ကုသိုလ်အကျိုးအကြောင်း မိန့်ကြားခဲ့တာက ဈေးထဲမှာ အလ္လာဟ် (سبحانه وتعالى) ကို သတိရဖို့ မလွယ်လို့ပါ။ မက်စ်ဂျဒ်ထဲမှာတော့ ကျွန်မတို့က အလ္လာဟ် (سبحانه وتعالى) ကို သတိရမှုတွေနဲ့ ဝန်းရံထားခံရပါတယ် (ဒါမှမဟုတ် ဝန်းရံထားသင့်ပါတယ်)။ တမန်တော်မြတ် (ﷺ) က အလ္လာဟ် (سبحانه وتعالى) ကို သတိရတဲ့နေရာတွေနဲ့ အလ္လာဟ် (سبحانه وتعالى) ကို သတိမရတဲ့နေရာတွေဆိုတဲ့ အယူအဆကို ကျွန်မတို့ဘဝရဲ့ တခြားလူမှုစုဝေးမှုအသီးသီးနဲ့ ကျွန်မတို့ လုပ်ဆောင်တဲ့အရာတွေအားလုံးအထိ ချဲ့ကားခဲ့ပါတယ်။ အရှင်မြတ်က မင်္ဂလာ (ကောင်းချီး) အများဆုံးရတဲ့ စုဝေးမှုတွေဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့နာမတော်ကို ဖော်ပြတဲ့ အစည်းအဝေးတွေဖြစ်ပြီး၊ အဆိုးဆုံးအစည်းအဝေးတွေကတော့ အရှင်မြတ်ရဲ့ နာမတော်ကို လုံးဝပင် မဖော်ပြတဲ့ အစည်းအဝေးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ စုဝေးမှုတွေ၊ မက်စ်ဂျဒ်အပြင်ဘက် ကျွန်မတို့ရဲ့နေရာတွေမှာ အလ္လာဟ် (سبحانه وتعالى) ကို သတိရဖို့ဟာ အမှန်ပင် အရေးကြီးတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟဒီးဆ်တော်ဟာ ပိုကြီးမားတဲ့ ရှုထောင့်ရှိပါတယ်၊ အထူးသဖြင့် ၂၁ ရာစုမှာ မက်စ်ဂျဒ်တွေဟာ ဇိစ်ကရ် နေရာသက်သက်သာ မဟုတ်တော့တဲ့ ခေတ်မှာပါ။

 Imam al-Nawawī (رحمه الله) က ဒီဟဒီးဆ်တော်အပေါ် မှတ်ချက်ပြုရာမှာ မက်စ်ဂျဒ်ဟာ အလ္လာဟ် (سبحانه وتعالى) ချစ်မြတ်နိုးရတဲ့ အကြောင်းတရားတွေထဲက တစ်ခုကတော့ အဲဒီကို လာရောက်တဲ့သူတွေအကြား မွေးမြူပျိုးထောင်ပေးတဲ့ အပြန်အလှန်ဆက်ဆံရေးပုံစံကြောင့် ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့ ကရုဏာတော်ကို ရှာဖွေရန် လာရောက်တဲ့နေရာတစ်ခုပဲ မဟုတ်ဘဲ၊ ကရုဏာတော်ကို အပြန်အလှန်ဖလှယ်ရန် နေရာတစ်ခုလည်း ဖြစ်သင့်ပါတယ်။ ဈေးထဲမှာတော့ ကျွန်မတို့ ခွဲခြားမှုတွေ သို့မဟုတ် အငြင်းပွားမှုတွေကို တွေ့ရလေ့ရှိပါတယ်။ လိမ်လည်မှုတွေ၊ စျေးညှိမှုတွေ၊ မုသားကျိန်ဆိုမှုတွေနဲ့ အမျိုးမျိုးတွေလည်း ရှိပါတယ်။ Imam al-Nawawī (رحمه الله) မှ မက်စ်ဂျဒ်ဟာ အဲဒီအရာတွေ ဘာမှမရှိတဲ့နေရာ ဖြစ်သင့်ပါတယ်တဲ့။ ဒါဟာ စည်းလုံးညီညွတ်စေတဲ့နေရာ၊ ကရုဏာတော်၊ အေးချမ်းတည်ငြိမ်မှု၊ သဟဇာတရှိမှုနဲ့ ခွန်အားပေးမှုတွေရှိတဲ့နေရာ ဖြစ်သင့်ပါတယ်။ မုသားကျိန်ဆိုမှုတွေအစား အလ္လာဟ် (سبحانه وتعالى) ကို ဆုတောင်းခြင်း၊ လိမ်လည်မှုနေရာမှာ သစ္စာတရားနဲ့ ဝန်ခံခြင်းတွေ လုပ်ရမည့်နေရာ ဖြစ်ပါတယ်။

ဒါဟာ မက်စ်ဂျဒ်နေရာနဲ့ ဈေးနေရာ တိုက်ရိုက်နှိုင်းယှဉ်ခြင်းသက်သက် မဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုရင် တမန်တော်မြတ် (ﷺ) က ကျွန်မတို့ကို ဒီနေရာနှစ်ခုစလုံးမှာ ကျင့်ဝတ်နဲ့အညီ ဘယ်လိုနေထိုင်ရမလဲဆိုတာ သင်ကြားပေးခဲ့ပါတယ်။ အဓိကကတော့ ကျွန်မတို့ မက်စ်ဂျဒ်ကို တမန်တော်မြတ် (ﷺ)၊ မွတ်စလင်မ်အားလုံး၊ အလ္လာဟ် (سبحانه وتعالى) အတွက် အချစ်ဆုံးနေရာ ဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာပါ။ ကျွန်မတို့ ဒီမက်စ်ဂျဒ်ကို တမန်တော်မြတ် (ﷺ) တည်ထောင်ခဲ့တဲ့ မဒီနီ (မဒီနာမြို့) အသိုင်းအဝိုင်းမျိုး ဖြစ်လာအောင် ဘယ်လိုလုပ်ဆောင်မလဲ၊ ကျွန်မတို့ မက်စ်ဂျဒ်မှာ အလ္လာဟ် (سبحانه وتعالى) ကို သတိရရုံသက်သက်သာ မဟုတ်ဘဲ၊ ဇိစ်ကရ် (အရှင်မြတ်အားသတိရခြင်း) ကနေတစ်ဆင့် မက်စ်ဂျဒ်တွေထဲမှာ တစ်ယောက်နဲ့တစ်ယောက်ကြား အထူးဆက်ဆံရေးပုံစံကို ပျိုးထောင်ပြီး အဲဒီစိတ်ဓာတ်ကိုပဲ ဈေးထဲအထိ ယူဆောင်သွားနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာပဲ ဖြစ်ပါတယ်။

ကျွန်မတို့ အသိအမှတ်ပြုရမှာကတော့ တမန်တော်မြတ် (ﷺ) က “မက်စ်ဂျဒ်ဟာ ရောင်းဝယ်ဖို့နေရာ မဟုတ်ဘူး” လို့ မိန့်တော်မူခဲ့ပါတယ်။ အရှင်မြတ်က “သင်တို့ မက်စ်ဂျဒ်ထဲမှာ ကုန်သွယ်နေတဲ့သူတွေကို မြင်ရင် သူတို့ကို ပြောလိုက်ပါ ‘သင်တို့ရဲ့ အရောင်းအဝယ်မှာ ကောင်းချီးမင်္ဂလာ မရှိပါစေနဲ့'” လို့လည်း မိန့်တော်မူခဲ့ပါတယ်။ ဒါကြောင့် မက်စ်ဂျဒ်ဟာ အလ္လာဟ် (سبحانه وتعالى) ကို သတိရရန်အတွက်သာ သီးသန့်သတ်မှတ်ထားတဲ့နေရာ ဖြစ်ရပါမယ်။

ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့၏ ဘဝအား ကရုဏာတော်နဲ့ ငြိမ်သက်မှုများဖြင့် ပြည့်နှက်စေပြီး၊ ထိုအရာများကို ကျွန်မတို့ဘဝရဲ့အရေးပါဆုံးသောအရာများအဖြစ် ဖြစ်ခွင့်ပေးသနားတော်မူပါ။ ကျွန်မတို့ရဲ့ မက်စ်ဂျဒ်များကိုလည်း တမန်တော်မြတ် (ﷺ) ရဲ့ မက်စ်ဂျဒ်နဲ့ အနီးဆုံးတူညီမှုရှိလာအောင် ဆောင်ရွက်နိုင်စွမ်းပေးသနားခြင်းအားဖြင့် အရှင်မြတ်၏အချစ်ဆုံးများဖြစ်လာနိုင်ခွင့်ပေးသနားတော်မူပါ။ အာမီန်း။

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… သန့်ရှင်းစင်ကြယ်မှု အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…သင့်မိခင်