Skip to content

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…အများအကျိုးပြုသောသူ

ဒီဟဒီးဆ်တော်ကို အလှူဒါနပြုခြင်းနှင့် ဝန်ဆောင်မှု (service)ရဲ့ အရေးပါပုံနဲ့ပတ်သက်ပြီး ရန်ပုံငွေရှာတဲ့ ပွဲတွေမှာ မကြာခဏ ပြောကြလေ့ရှိပါတယ်။ ဒါပေမယ့် ဒီဟဒီးဆ်တော်ကို ကျွန်မတို့ အသေးစိတ် စိစစ်လေ့လာချင်တာက တခြားဟဒီးဆ်တွေနဲ့ အဆိုအမိန့်များစွာအတွက် တံခါးဖွင့်ပေးသလိုဖြစ်နေလို့ပါ – အထူးသဖြင့် အလ္လာဟ် (سبحانه وتعالى) က ဘယ်သူတွေကို ချစ်တယ်ဆိုတာနဲ့ ဘာကြောင့် အဲဒီလူတွေကို ချစ်ရတာလဲဆိုတဲ့ အကြောင်းအရာတွေပေါ့။

 ဒီ blog series ရဲ့ အစောပိုင်းမှာ ‘အိဟ်ဇာန်’ အကြောင်း တင်ပြခဲ့ပြီးပါပြီ – ဒါကတော့ အကောင်းဆုံးလုပ်ဆောင်ခြင်း၊ သာလွန်ခြင်းရဲ့ သဘောတရားဖြစ်သလို အလ္လာဟ် (سبحانه وتعالى) က ဘယ်လိုဆုချပြီး ထူးချွန်မှုကို ချစ်တယ်ဆိုတာလည်း ပါပါတယ်။ အကောင်းဆုံးလုပ်ဆောင်ခြင်း၊ သာလွန်ခြင်းကို အဓိကအားဖြင့် ကျွန်မတို့နဲ့ အလ္လာဟ် (سبحانه وتعالى) ကြားက ဆက်ဆံရေးမှာ ဖော်ပြလေ့ရှိပေမယ့်၊ အဲဒီထူးချွန်မှုကို အလ္လာဟ် (سبحانه وتعالى) ဆီကနေ ရယူဖို့ ကျွန်မတို့က တခြားသူတွေကို ဘယ်လိုဆက်ဆံမလဲဆိုတဲ့ အပေါ်မှာလည်း မူတည်နေပါတယ်။ ဒါ့ကြောင့် ဒီဟဒီးဆ်တော်ကို ဒီအချက်နဲ့ပတ်သက်ပြီး စဉ်းစားကြည့်ပါ။

 တမန်တော်မြတ် (ﷺ) က “အလ္လာဟ် (سبحانه وتعالى) ဆီမှာ အချစ်ဆုံးသော လူသားတွေကတော့ အများအကျိုးသယ်ပိုးကြသူများပဲ ဖြစ်တယ်” လို့ မိန့်တော်မူခဲ့ပါတယ်။ အကောင်းဆုံးသောသူတွေက အကျိုးပြုတဲ့သူတွေဆိုတာထက် အလ္လာဟ် (سبحانه وتعالى) အချစ်ဆုံးသောသူတွေက တခြားသူတွေအတွက် အကောင်းဆုံးဆောင်ရွက်ပေးသူတွေလို့ ဆိုလိုတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ ဂုဏ်တော်တွေကို တခြားလူတွေဆီ ဖြန့်ကျက်ပေးသလို အလ္လာဟ် (سبحانه وتعالى) ရဲ့ချစ်ခြင်းမေတ္တာကို တခြားသူတွေရဲ့ဘဝထဲ ပေးဆောင်သူတွေ ဖြစ်ကြလို့ပါ။ ထိုနည်းကတော့ အလ္လာဟ် (سبحانه وتعالى) ရဲ့ ချစ်ခင်မှုကို ကိုယ့်အတွက် ရရှိဖို့ အကောင်းဆုံးနည်းတစ်ခုပါပဲ။ တမန်တော်မြတ် (ﷺ) က ဒီဟဒီးဆ်ကို ဆက်ပြီး “အမှန်စင်စစ် အလ္လာဟ် (سبحانه وتعالى) ဆီမှာ အချစ်ဆုံးသော အလုပ်တွေကတော့” လို့ မိန့်တော်မူခဲ့ပြီး အခုတော့ တမန်တော်မြတ် (ﷺ) က ကျွန်မတို့ဟာ တခြားသူတွေအတွက် အကျိုးအများဆုံး ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာကို ပြသတော့မှာပါ။

 ပထမဆုံးအနေနဲ့၊ أنَْ تُدْخِلَ عَلَی قَلْبِ أخَِيكَ سُرُورا “သင့်ညီအစ်ကို သို့မဟုတ် ညီအစ်မရဲ့ နှလုံးသားထဲကို ဝမ်းသာမှုတစ်ခု ထည့်ပေးခြင်း”ပါ။ သူတို့ဟာ စိတ်ချမ်းသာမှုကို ယူဆောင်လာပေးကြတယ်။ လူတွေအားငယ်နေချိန်မှာ သူတို့က ပြန်လည်ရပ်တည်နိုင်အောင် ကူညီပေးကြတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်သေးနေတဲ့အခါ၊ သူတို့က အားပေးမြှင့်တင်ပေးကြတယ်။ ဝမ်းနည်းနေချိန်၊ စိတ်ဓာတ်ကျနေချိန် သို့မဟုတ် စိတ်ပူပန်နေချိန်တွေမှာ၊ သူတို့ဟာ နှစ်သိမ့်မှု၊ သက်သာမှုနဲ့ ငြိမ်းချမ်းမှုတွေရဲ့ အရင်းအမြစ် ဖြစ်လာပေးကြတယ်။ သူတို့ဟာ အတွင်းစိတ်ထဲက ဝမ်းသာမှုကို ယူဆောင်လာပေးတယ်၊ သူတို့က ပြုံးပြရုံသက်သက်မဟုတ်ဘဲ၊ ပြုံးနိုင်စေတဲ့ အကြောင်းရင်းတွေကိုပါ ဖန်တီးပေးကြတယ်။ သူတို့ဟာ စိတ်ခံစားမှုအရ အမြဲတမ်း လူတွေအတွက် အသင့်ရှိနေကြတယ်။

 လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ အရာတွေထက် အများအကျိုးပြုသူတွေရဲဲ့ အလ္လာဟ် (سبحانه وتعالى) ထံတော်မှ ပျော်ရွှင်မှုကို ရှာဖွေတဲ့ နည်းလမ်းကတော့ သူတို့ အများအကျိုးပြုနေတာပါပဲ။ သူတို့ကိုယ်တိုင် အလ္လာဟ် (سبحانه وتعالى) ဆီကနေ စိတ်ခံစားမှုအရ နှစ်သိမ့်မှုကို ရယူချင်တဲ့နည်းအတိုင်းပဲ၊ သူတို့က တခြားလူတွေကို အလ္လာဟ် (سبحانه وتعالى) ရဲ့ နှစ်သိမ့်မှုကို သယ်ဆောင်ပေးသူတွေအနေနဲ့ ဆောင်ရွက်ပေးပါတယ်။

 ဒုတိယအနေနဲ့၊ ကျွန်မတို့ အလ္လာဟ် (سبحانه وتعالى) ဆီကနေ ဘာကို ရှာဖွေနေတာလဲ ဆိုတာကို စဉ်းစားကြည့်ရအောင်ပါ။ ကျွန်မတို့ဟာ ဒုက္ခအခက်အခဲတွေ ဖယ်ရှားပေးဖို့ အရှင်မြတ်အကူအညီကိုရှာဖွေကြတယ်။ အဲဒါဟာ လူတွေက အလ္လာဟ် (سبحانه وتعالى) နဲ့ အများဆုံး ဆက်သွယ်ကြတဲ့ အချိန်ပါပဲ။ ဒါပေမယ့် တကယ်လို့ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ကို တခြားသူတွေရဲ့ ဒုက္ခအခက်အခဲကို ဖယ်ရှားပေးတဲ့ နည်းလမ်းအဖြစ် အသုံးပြုခဲ့ရင်ရော? أوَْ تعَنيِ عَنهُْ دَينْاً “တစ်စုံတစ်ယောက်ရဲ့ အကြွေးကို ဖယ်ရှားပေးတာ” သို့မဟုတ် أوَْ تطُْعِمَهُ خُبزًْا “တစ်ယောက်ယောက်ကို မုန့်လေးတစ်ထုတ် ဝယ်ကျွေးလိုက်တာ” မျိုးပေါ့။ သင်က ငွေကြေးဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားပေးတာ သို့မဟုတ် သူတို့အတွက် ထောက်ပံ့ပေးတာပေါ့။

 ဒီအချက်ရဲ့ အဓိပ္ပါယ်က အလွန်နက်နဲပါတယ်။ တမန်တော်မြတ် (ﷺ) က အလေးအနက်မထားသလိုရှိတဲ့ သေးငယ်တဲ့ အပြုအမူလေးတွေကြောင့် ဂျန္နဟ်ထဲ ဝင်ခွင့်ရတဲ့ အကြောင်းတွေကို ကျွန်မတို့ကို ပြောပြတဲ့အခါ၊ ထိုအပြုအမူတွေဟာ အမြဲတမ်း တစ်စုံတစ်ဦးကို ဝန်ဆောင်မှုပေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်နေကြတာကို ကျွန်မတို့ မြင်နိုင်ပါတယ်။ ဥပမာအားဖြင့်၊ ရေငတ်နေတဲ့ ခွေးလေးတစ်ကောင်ကို ရေတိုက်ပေးခဲ့တဲ့ အမျိုးသမီးတစ်ဦး၊ လမ်းပေါ်က အန္တရာယ်ရှိတဲ့ အရာတစ်ခုကို ဖယ်ရှားပေးခဲ့တဲ့ လူတစ်ယောက်တို့ရဲ့ ပုံပြင်တွေပါ။ ကြင်နာမှုနှင့် အတူ သေးငယ်တဲ့ ကောင်းမှုလေးတွေ၊ တစ်စုံတစ်ယောက်အတွက် သို့မဟုတ် တစ်စုံတစ်ခုအတွက် ဝန်ဆောင်မှုပေးတဲ့ သေးငယ်တဲ့ ကောင်းမှုလေးတွေ၊ ဒါမှမဟုတ် လူတစ်ယောက်က လမ်းပေါ်က အန္တရာယ်ရှိတဲ့အရာတစ်ခုကို ဖယ်ရှားပေးတဲ့အခါမှာဆိုရင် ပတ်ဝန်းကျင်ကို ဂရုစိုက်ခြင်းအားဖြင့် လူထုတစ်ရပ်လုံးအတွက် ဆောင်ရွက်ပေးသလို ဖြစ်နေတာကို မြင်တွေ့ရပါတယ်။ ဒီဝန်ဆောင်မှုတွေအားလုံးဟာ ထူးချွန်မြင့်မားတဲ့ အကျိုးဆုလာဘ်တွေနဲ့ ဆက်စပ်နေကြပါတယ်။

 ဘာကြောင့်လဲဆိုတော့၊ ကျွန်မတို့ဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ ဂုဏ်တော်တွေကို လူတွေထံ ချဲ့ထွင်ပြသဖို့ တာဝန်ရှိသလို၊ ကျွန်မတို့က လူတွေကို ချစ်ခြင်းမေတ္တာတွေ မျှဝေပေးရင် အလ္လာဟ် (سبحانه وتعالى) ထံတော်မှနေ ပိုမိုတဲ့ချစ်ခြင်းမေတ္တာကို ရရှိမှာ ဖြစ်တယ်။ ကျွန်မတို့က လူတွေကို ကရုဏာတရားကို မျှဝေပေးရင် အလ္လာဟ် (سبحانه وتعالى) ဆီကနေ ပိုမိုတဲ့ကရုဏာတရားကို ရရှိမှာ ဖြစ်တယ်။ ကျွန်မတို့က ကြင်နာမှုကို မျှဝေပေးရင် အလ္လာဟ် (سبحانه وتعالى) ဆီကနေ ပိုမိုတဲ့ကြင်နာမှုကို ရရှိမှာ ဖြစ်တယ်။ ဒါဟာ ဒီဟဒီးဆ်တော်ကနေ ယူစရာ အရေးအကြီးဆုံး အချက်ပဲ ဖြစ်ပါတယ်။

 လူတစ်ယောက်ကို ကျွန်မတို့ ကြင်နာမှုပြတိုင်း၊ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ ပြတဲ့ ကြင်နာမှုထက် ပိုတဲ့ ကြင်နာမှုမျိုး ကျွန်မတို့တွေကို ပြပေးမှာပါ။ ကျွန်မတို့က တစ်စုံတစ်ယောက်ကို ကျေးဇူးတင်မှုပြရင်၊ အလ္လာဟ် (سبحانه وتعالى) က ထိုထက်ပိုတဲ့ ကျေးဇူးတင်ခြင်းကို ကျွန်မတို့အပေါ် ပြမှာပါ။

 ကျွန်မတို့ရဲ့ တမန်တော်မြတ် (ﷺ) က مَنْ لاَ يرَْحَمْ لاَ يرُْحَمْ “ကရုဏာမပြသူဟာ ကရုဏာမခံရဘူး” လို့ မိန့်ကြားခဲ့ပါတယ်။ ဒါ့ကြောင့် ကရုဏာပြတဲ့သူဟာ ကရုဏာခံရမှာ ဖြစ်ပါတယ်။ ارْحَمُوا مَنْ فِي الأرَْضِ يرَْحَمْكمُْ مَنْ فِي السَّمَاء “မြေပြင်ပေါ်က လူတွေကို ကရုဏာထားပါ၊ ကောင်းကင်ဘုံက အရှင်မြတ်က သင့်ကို ကရုဏာထားပါလိမ့်မယ်”

 အလ္လာဟ် (سبحانه وتعالى) အချစ်ဆုံးသော လူသားတွေကတော့ လူတွေအတွက် အကျိုးအများဆုံး ဆောင်ရွက်နိုင်သူတွေပဲ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အလ္လာဟ် (سبحانه وتعالى) က သူတို့ကို အကျိုးသယ်ဆောင်ပေးသူတွေအနေနဲ့ မြင်ပြီး၊ တခြားသူတွေရဲ့ ဘဝမှာ သက်သာဖို့ ဆောင်ရွက်ပေးတဲ့ အစိတ်အပိုင်းအဖြစ် အသုံးပြုလို့ပါ။ အလ္လာဟ် (سبحانه وتعالى) က ကနဦးကတည်းက ကျွန်မတို့ကို လုပ်ဆောင်ခွင့်ပေးထားတဲ့ ဒီလှပတဲ့ အရာတွေမှာ ကျွန်မတို့ကို အရှင်မြတ်ရဲ့ ဂုဏ်တော်တွေထက်ကျော်လွန်ခွင့် ပေးမှာ မဟုတ်ပါဘူး။

 ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား အရှင်မြတ်ထံတော်ပါးမှာ ချစ်ခင်ခံရသူတွေ ဖြစ်လာဖို့နဲ့ တခြားသူတွေကို ဝန်ဆောင်မှုပေးခြင်းအားဖြင့် အလ္လာဟ် (سبحانه وتعالى) ကို ဝန်ဆောင်ခွင့်ရဖို့ တောင်းဆုပြုအပ်ပါတယ်။ လူသားများရဲ့ နေ့စဉ်ဘဝအတွက် ကရုဏာတရား၊ ရက်ရောမှုနဲ့ စေတနာတရားများချီးမြှင့်ပေးခြင်းတွင် ကောင်းကျိုးသယ်ဆောင်ပေးသည့် လမ်းကြောင်းတစ်ခုအနေဖြစ်ခွင့်ရရန်နှင့် အလ္လာဟ် (سبحانه وتعالى) မှ ကျွန်မတို့ကို ကောင်းသည့်ကိစ္စရပ်တိုင်းအတွက် အစဉ်အမြဲ အသုံးပြုတော်မူပြီး ကျွန်မတို့အတွက်ကောင်းခြင်းကိုလည်း ဆောင်ကြဉ်းပေးတော်မူပါ။ အာမီန်း။ 

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…တရားမျှတမှုရှိခြင်း အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…ခွန်အား