Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟕 𝐌𝐨𝐫𝐧𝐢𝐧𝐠 𝐑𝐨𝐮𝐭𝐢𝐧𝐞


Morning Routine အကြောင်းမပြောခင် Routine ဆိုတာ အချိန်မှန် အမြဲတမ်းသတမတ်တည်း အလုပ်တွေကို ပုံမှန်လုပ်တတ်တဲ့အကျင့်တစ်ခုကို ဆိုလိုတာပါ။

Morning Routine ဆိုတာကတော့ မနက်ခင်းတိုင်းကိုယ် လုပ်နေကြအလုပ်ကို လုပ်ဆောင်တာကို ဆိုလိုချင်တာဖြစ်ပါတယ်။

Morning Routine လုပ်ခြင်းက ကျွန်မတို့အတွက် အကျိုးအများကြီးဖြစ်စေနိုင်ပါတယ်။

Morning Routine လုပ်တဲ့နေရာမှာ ပထမဆုံးအရေးကြီးတဲ့အချက်တစ်ခုကတော့ အချိန်ဇယားဆွဲပြီး ကိုယ့်အတွက်အရေးပါတဲ့၊ ကိုယ့်ကိုလည်း ပျော်ရွှင်မှုပေးနိုင်တဲ့ အလုပ်မျိုးကို ဦးစားပေးလုပ်ဖို့ပါပဲ။

ဥပမာအားဖြင့် ကျန်းမာရေးဦးစားပေးတတ်တဲ့သူအဖို့ မိုးလင်းတာနဲ့ ဖုန်းကိုင်တဲ့အကျင့်မျိုးထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂ လေ့ကျင့်တာမျိုး ကို လုပ်သင့်သလို၊ စိတ်အေးချမ်းမှုကို နှစ်သက်သူတွေအတွက် မနက်ခင်း တရားထိုင်တာ၊ ကိုယ်ယုံကြည်ရာဘာသာအလိုက်ဝတ်ပြုတာမျိုး၊ တစ်နေ့တာကို အချိန်မလောက်နိုင်လောက်အောင် အလုပ်များနေသူတွေအတွက် ဦးစားပေးအချိန်ဇယားတစ်ခုကို စိတ်အေးအေးနဲ့ဆွဲတာမျိုး စသည်ဖြင့်ကို ဆိုလိုတာပါ။

ဒါမှသာ ကျွန်မတို့ရဲ့ မနက်ခင်းတွေကို အကျိုးရှိရှိဖြတ်သန်းသွားနိုင်မှာပါ။

မဟုတ်ရင် အရေးမကြီးတဲ့၊ အသုံးမဝင်တဲ့ အရာတွေနဲ့သာ ကျွန်မတို့ရဲ့ မနက်ခင်းတွေက ကုန်ဆုံးမှန်းမသိ ကုန်ဆုံးသွားပါလိမ့်မယ်။

အလုပ်တွေမပြီးနေရင် စိတ်ရှုပ်လာပြီး တစ်နေ့တာလုံး စိတ်အနှောင့်အယှက် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

ဒါဆိုရင် Morning Routine က ဘာတွေအကျိုးရှိစေမလဲ။

ရနိုင်တဲ့ကောင်းကျိုးတွေထဲက အနည်းငယ်ကို မြင်သာအောင် ဖော်ပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ ကျွန်မတို့တွေက ကိုယ့်ရဲ့ မနက်ခင်းမှာလုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီးခြင်းအားဖြင့် ကိုယ့်ရဲ့ တစ်နေ့တာလုံးက အကျိုးရှိရှိနဲ့ အလုပ်တွေများများပိုပြီးမြောက်နိုင်ပါတယ်။

ဒုတိယကောင်းကျိုးကတော့ ထိန်းချုပ်နိုင်စွမ်း (sense of control) ရှိတာပါပဲ။ ကိုယ့်မနက်ခင်းတွေကို ကောင်းကောင်းစီမံခန့်ခွဲတတ်တဲ့သူတွေဟာ တကယ့်ဘဝမှာ ကိုယ်ကြုံတွေ့နေရတဲ့ ကိစ္စတိုင်းကို ကောင်းစွာစီမံတတ်နိုင်စွမ်းတွေရှိလာကြပါတယ်။

အဲ့လိုပါပဲ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ဆုံးဖြတ်နိုင်စွမ်းပါ။ မနက်ခင်းလေးအတွင်းမှာ ဘာကိုအရင်လုပ်သင့်ပြီး ဘာကိုတော့ မလုပ်သင့်ဘူးဆိုတဲ့ ဆုံးဖြစ်ကောင်းကောင်းချနိုင်တဲ့အကျင့်ကောင်း ပိုင်ဆိုင်ထားတဲ့အတွက် ဘဝမှာအရေးကြီးတဲ့ကိစ္စတွေကြုံလာတိုင်းမှာ ဆုံးဖြတ်ချက်မှန်မှန် ချမှတ်နိုင်မှာမလွဲမသွေပါဘဲ။

ဒီတော့ ဒီိလိုကောင်းကျိုးအများကြီးရနိုင်တဲ့ Morning Routine ကို ဖန်တီးလုပ်တတ်တဲ့အလေ့အကျင့်ကောင်းလေး လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။ 

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟔 𝐇𝐚𝐛𝐢𝐭 𝐨𝐟 𝐏𝐚𝐭𝐢𝐞𝐧𝐜𝐞 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟖 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐑𝐨𝐮𝐭𝐢𝐧𝐞