Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟗 𝐓𝐢𝐦𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭


ဘဝမှာ အောင်မြင်ချင်ရင် Time Management ကောင်းကောင်းလုပ်တတ်ဖို့လိုတယ် ဆိုတဲ့စကားမျိုး ခဏခဏ ကြားဖူးပါလိမ့်မယ်။

မိတ်ဆွေတို့ရော Time Management ကောင်းကောင်းလုပ်တတ်နေကြပြီလား?

ကျွန်မတို့ဘဝမှာ အချိန်ကိုကောင်းမွန်စွာစီမံခန့်ခွဲတတ်တဲ့ အလေ့အကျင့်က တကယ်ကို အရေးကြီးပါတယ်။

ငွေဘယ်လောက်ပေးပေး ပြန်မရနိုင်တဲ့အရာတွေထဲမှာ အချိန်ပါပါတယ်။

အဲ့အတွက် ကျွန်မတို့ Time Management ကို ကျွမ်းကျင်စွာ လုပ်တတ်သင့်ပါတယ်။

Time Management အတွက် အသုံးဝင်တဲ့ နည်းလမ်းကောင်းတွေ အများကြီးရှိပါတယ်။

အဲ့ထဲကမှ လူသိများပြီး ကျွန်မအတွက် အသုံးဝင်တဲ့ နည်းလမ်းကောင်းတစ်ခုကို ကျွန်မရဲ့ မိတ်ဆွေတို့အတွက် မျှဝေပေးချင်ပါတယ်။

အဲ့တာကတော့ Pareto Priniciple လို့ သိကြတဲ့ 80/20 rule ပါ။

80/20 rule ရဲ့ အဓိပ္ပာယ်ကတော့ ကျွန်မတို့နေ့စဉ်ပြုလုပ်နေတဲ့ အလုပ်တွေအားလုံးရဲ့ ၈၀% သော ရလဒ်က ကျွန်မတို့လုပ်လိုက်တဲ့ အလုပ် ၂၀% ကနေသာ ရလာခြင်းဖြစ်ပါတယ်ယ်။

ဒီလို လုပ်နိုင်ဖို့အတွက်ဆိုရင် ကိုယ်လုပ်ရမဲ့အလုပ်တွေကို မကြာခဏပြောဖြစ်နေသလိုမျိုးပဲ ဇယားလေးတစ်ခုချရေးကြည့်ပါ။

အဲ့ထဲကနေမှ အရေးကြီးဆုံးဖြစ်မဲ့ ချက်ချင်းလုပ်ဖို့လိုပြီး အကျိုးများများရနိုင်မဲ့ အလုပ်ကို ချက်ချင်းလုပ်စေချင်တာပါ။

ဥပမာအားဖြင့် မိတ်ဆွေတို့မှာ ဒီနေ့အတွက် လုပ်စရာက စာဖတ်ဖို့၊ စျေးဝယ်ထွက်ဖို့၊ ဖုန်းဆက်ဖို့၊ အိမ်သန့်ရှင်းရေးလုပ်ဖို့နဲ့ အရေးကြီးမီတင် တစ်ခု တက်ဖို့ ရှိတယ် ဆိုပါစို့။

လုပ်စရာတွေအများကြီးကို ချရေးလိုက်ပြီး တစ်ခုချင်းစီက ဘယ်လောက်အရေးကြီးလဲ စဉ်းစားပါ။

အဲ့ထဲကမှ မီတင်တက်လိုက်တာက ဒီနေ့အတွက်အရေးကြီးဆုံးနဲ့ အလုပ်အများကြီးတွင်စေတာမျိုး ဖြစ်နေတယ်ဆိုရင် မီတင်တက်တာကို ဦးစားပေးလုပ်လိုက်ဖို့ပါဘဲ။

ဒီလောက်ဆိုရင် ကျွန်မမိတ်ဆွေတို့လည်း ဒီ 80/20 rule ကို နားလည်မြင်သာနိုင်မယ်ထင်ပါတယ်။

နည်းစနစ်မှန်မှန်နဲ့ အချိန်ကို အကျိုးရှိရှိအသုံးချတတ်တဲ့အလေ့အကျင့်တွေ လုပ်ဆောင်ခြင်းအားဖြင့် ကျွန်မရဲ့ မိတ်ဆွေတို့လည်း အလုပ်တွေပိုတွင်ကျယ်နိုင်ပါစေနော်။

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟖 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐑𝐨𝐮𝐭𝐢𝐧𝐞 𝐇𝐚𝐛𝐢𝐭 𝐍𝐨. 20 𝐅𝐢𝐧𝐝𝐢𝐧𝐠 𝐬𝐦𝐚𝐥𝐥 𝐜𝐡𝐮𝐧𝐤𝐬 𝐨𝐟 𝐭𝐢𝐦𝐞 𝐭𝐨 𝐫𝐞𝐚𝐝