Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟓 𝐇𝐚𝐛𝐢𝐭𝐬 𝐨𝐟 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐭𝐨 𝐨𝐭𝐡𝐞𝐫𝐬


ကျွန်မတို့တွေဟာ အကြောင်းအရာတစ်ခုခုကို ဆွေးနွေးနေချိန်၊ စကားပြောနေချိန် ဒါမှမဟုတ် တစ်ဖက်လူရဲ့ အကြံပေးချက်ကို နားထောင်နေတဲ့အချိန်မျိုးမှာ ပြောနေတဲ့တစ်ဖက်လူရဲ့ စကားကို အလေးပေးနားထောင်သင့်ပါတယ်။

ဒီလို နားထောင်ပေးတတ်တဲ့အလေ့အကျင့်က လူမှုဆက်ဆံရေးအတွက် အရမ်းကို အရေးပါပါတယ်။

စကားပြောနေတဲ့သူနဲ့ နားထောင်နေသူကြားမှာ ရင်းနှီးမှုတစ်ခု ဖြစ်လာသလို တစ်ဖက်သားကို လေးစားမှုပြရာလည်းရောက်ပါတယ်။

တစ်ခါတစ်လေ ကိုယ်သိပြီးသားအကြောင်းအရာကို လာပြန်ပြောနေတဲ့အချိန်မျိုးဆို သိပ်နားမထောင်ချင်ကြတာ သဘာဝပါပဲ။

ဒါပေမဲ့လည်း တစ်ဖက်လူကို လေးစားတဲ့အနေနဲ့ ပြောနေချိန် ကြားဖြတ်ပြောတာမျိုးမလုပ်ဘဲ ဂရုတစိုက်နားထောင်သင့်ပါတယ်။

ဒါမှသာ လူ့အသိုင်းအဝိုင်းထဲဝင်ဆန့်တဲ့သူ၊ လူမှုဆက်ဆံရေးမှာ အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်မှာပါ။

ဒါဆိုရင် နားထောင်ပေးတတ်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဘယ်အချက်တွေကို သတိထားသင့်သလဲ။

တစ်ဖက်လူပြောနေတဲ့စကားကို နားလည်နိုင်ဖို့ ကြိုးစားနားထောင်ပါ။

ကိုယ်သိနေတဲ့အကြောင်းအရာဖြစ်နေရင်တောင် ဖြတ်ပြောတာ၊ တခြားတစ်ခုပေါ် အာရုံလွင့်သွားစေနိုင်တာမျိုးကို ရှောင်ပါ။
နားထောင်နေချိန် ပြောနေသူနှင့် မျက်လုံးချင်းဆုံနေဖို့၊ စိတ်ဝင်စားမှုကို ပြသဖို့ ကလည်း အရေးကြီးပါတယ်။

တစ်ဖက်လူကို လေးစားသမှုပြသတဲ့အနေနဲ့ တစ်ဖက်လူရဲ့ သဘောထား၊ ခံယူချက်ကို နားလည်သဘောပေါက်အောင် နားထောင်ပေးပါ။

ပြောလိုက်တဲ့စကားအပေါ်မှာလည်း ကိုယ့်အမြင်ကိုဝင်ဆွေးနွေးဖို့၊ မေးခွန်းတွေ ပြန်မေးဖို့ သင့်တော်တဲ့ အချိန်အခါကို စောင့်ဆိုင်းပြီးမှ ဝင်ပြောပါ။

တစ်ဖက်လူနဲ့ ကိုယ်နဲ့ စိတ်သဘောထားခြင်းမတိုက်ဆိုင်နေရင်တောင်မှ ‌ဒေါသစိတ်နဲ့ မတုံ့ပြန်ဘဲ စိတ်အေးအေးနဲ့ ကိုယ်သဘောမတူနိုင်တဲ့ကိုယ့်ရဲ့ အမြင်ကို သေချာဆွေးနွေးနိုင်ဖို့ ကြိုးစားပါ။

ဒီလိုအချက်တွေကို စကားပြောနေချိန်တိုင်းမှာ သတိထားပြီးနားထောင်တတ်တဲ့ အလေ့အကျင့်လုပ်သွားနိင်မယ်ဆိုရင်တော့ စကားဝိုင်းတွေက နွေးထွေးပြီးတော့ ပိုကောင်းတဲ့လူမှုဆက်ဆံရေးကို တည်ဆောက်နိုင်မှာ အသေအချာပါပဲရှင်။ 

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟒 𝐀𝐯𝐨𝐢𝐝 𝐜𝐨𝐦𝐩𝐚𝐫𝐢𝐧𝐠 𝐰𝐢𝐭𝐡 𝐨𝐭𝐡𝐞𝐫𝐬 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟔 𝐇𝐚𝐛𝐢𝐭 𝐨𝐟 𝐞𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐨𝐭𝐡𝐞𝐫𝐬