Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟔 𝐇𝐚𝐛𝐢𝐭 𝐨𝐟 𝐞𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐨𝐭𝐡𝐞𝐫𝐬


အချိန်တွေကုန်တာတအားမြန်လွန်းတဲ့အတွက် တစ်ရက်တစ်ရက်က မသိလိုက်မသိမသာကုန်သွားတတ်ပါတယ်။

ဒါ့ကြောင့် မိနစ်တိုင်း၊ စက္ကန့်တိုင်းကို အကျိုးရှိရှိ ဖြတ်သန်းနိုင်ဖို့၊ တတ်နိုင်သမျှ ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုဖို့ အရေးကြီးပါတယ်။

အနည်းဆုံးအများကြီးလိုက်မလုပ်နေရင်တောင်မှ ကိုယ်နဲ့စကားပြောဖြစ်တဲ့ လူတစ်ယောကိကိုဖြစ်စေ၊ အကူအညီလိုလို့ ရင်ဖွင့်လာသူတွေကိုဖြစ်စေ စိတ်ခွန်အားပေးခြင်းကလည်း တစ်ဖက်လူအတွက် အထောက်အကူဖြစ်စေမှာပါ။

ဒါ့ကြောင့် တစ်ဖက်လူကို ပိုပြီး ကြံ့ခိုင်သွားအောင်၊ ပိုယုံကြည်မှုတက်စေအောင် စိတ်ခွန်အား မျှဝေပေးပါ။

တခြားသူကို စိတ်ခွန်အားပေးတယ်ဆိုတာက ကိုယ့်အတွက်ကိုပါ စိတ်ခွန်အားတက်စေနိုင်သလို ယုံကြည်မှုတွေတိုးပွားစေနိုင်ပါတယ်။

ကျွန်မတို့ စိတ်ခွန်အားဘယ်လိုပေးကြမလဲ။

ဘယ်လိုအချိန်မှာဖြစ်ပါစေ တစ်ဖက်လူပြောသမျှစကားတွေကို အလေးပေးနားထောင်ပေးပါ။

တတ်နိုင်သမျှ အကောင်းမြင်စိတ်မွေးပါ။ တစ်ဖက်လူရဲ့ ကောင်းကွက်တိုင်း၊ ကြိုးစားမှုတိုင်းကို အသိအမှတ်ပြုတတ်ပါစေ။

သူတို့ဖြစ်ချင်တဲ့ ရည်မှန်းချက်က ဘာလဲဆိုတာမြင်အောင်ကြည့်ပါ။ သူတို့ဘာဖြစ်ချင်တယ်ဆိုတာ သိသာလာအောင် မေးခွန်းတွေ မေးပြီး ဆွေးနွေးကြည့်ပါ။

သူတို့ရဲ့ အားသာချက်ကိုမြင်တတ်အောင် ကူညီပါ။

ဒါဆိုရင် သင်နဲ့ပြောသမျှစကားတိုင်းက အချည်းအနှီးမဖြစ်ဘဲ တစ်ဖက်လူအတွက် အကျိုးတစ်ခုခုရသွားစေမဲ့ တန်ဖိုးရှိတဲ့ အချိန်တွေဖြစ်လာမှာပါ။

ဒီလို စိတ်ခွန်အားပေးတတ်တဲ့အကျင့်ကို ကိုယ့်မိသားစုကနေ အရင်စပါ။ နောက်ကိုယ်အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်အထက်လူကြီး နဲ့ပါ တတ်နိုင်သမျှ စိတ်ခွန်အားပေးကြည့်ဖို့ကြိုးစားပါ။ ဒီကနေပြီးတော့မှ ကိုယ်နေ့တိုင်းထိတွေ့ပြောဆိုဆက်ဆံဖြစ်တဲ့ လူတွေ ( မုန့်ဆိုင်၊ စျေးဆိုင်၊ စားသောက်ဆိုင် အစရှိသည်တို့မှ ဝန်ထမ်းများကိုဖြစ်စေ) အကျိုးရှိပြီး စိတ်ခွန်အားပေးတတ်တဲ့အလေ့အကျင့်တစ်ခု ပြုလုပ်သွားကြည့်ပါ။

သင့်အတွက်ယုံကြည်မှုတွေ ပိုပိုတိုးလာမှာဖြစ်သလို သင့်ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့ လူတစ်ယောက်အဖြစ်နဲ့လည်း ပိုအသိအမှတ်ပြုခံလာရမှာ ဖြစ်တံ့အတွက် စိတ်ခွန်အားပေးတတ်တဲ့ အလေ့အကျင့်လေး ပြုလုပ်ကြည့်ကြပါနော်။

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟓 𝐇𝐚𝐛𝐢𝐭𝐬 𝐨𝐟 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐭𝐨 𝐨𝐭𝐡𝐞𝐫𝐬 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟕 𝐇𝐚𝐛𝐢𝐭 𝐨𝐟 𝐏𝐫𝐚𝐲𝐢𝐧𝐠 𝐒𝐚𝐥𝐚𝐡 𝐨𝐧 𝐓𝐢𝐦𝐞