Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟖 𝐇𝐚𝐛𝐢𝐭 𝐨𝐟 𝐌𝐚𝐤𝐢𝐧𝐠 𝐒𝐮𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬


တမန်တော်မြတ် (ﷺ) သည် နေမထွက်ခင်၊ နေထွက်ပြီး အချိန်တို့မှာ ဆုမွန်ကောင်းဒိုအာတောင်းလေ့ရှိပါတယ်။

ဒီလို ဆုမွန်ကောင်းဒိုအာတောင်းခြင်းတွေဟာ ကျွန်မတို့ရဲ့ မနက်ခင်းတိုင်း၊ ညနေခင်းတိုင်းကို အမြဲကောင်းချီး‌ပေးနေပြီး တကယ့်ကို ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေ၊ ပူလောင်မှုတွေကို လျော့ပါးစေနိုင်သလို စိတ်ခွန်အားကိုပါမြှင့်တင်ပေးနိုင်ပါတယ်။

ဘယ်လိုအလုပ်တစ်ခုကိုမှ မစတင်ခင် ဒိုအာတောင်းတတ်တဲ့ အကျင့်တစ်ခုကို ပြုလုပ်သင့်ပါတယ်။

စစချင်းအနေနဲ့ ဘယ်ဒိုအာကို ဘယ်လိုဖတ်ရမလဲ ရှာဖွေဖို့ ခက်နေမယ်ဆိုရင် ခုလိုနည်းပညာခေတ်မှာ အထောက်အကူပြုတဲ့ ဖုန်းအပလီကေးရှင်းတွေ အများကြီး ပေါ်လာပါပြီ။

ကျွန်မသုံးနေကြကတော့ “Muslim Pro” Application ဖြစ်ပြီး တစ်နေ့တာလုံးမှာလုပ်နေကြအပြုအမှုတွေဖြစ်တဲ့ အိမ်မှစထွက်ချိန်၊ အိမ်ကို ပြန်ဝင်ချိန်၊ အစီးအနင်းမပြုလုပ်ခင်၊ အိမ်သာတက်ချိန် အစရှိတဲ့ အပြုအမှုအတော်များများအတွက် ဒိုအာလေးတွေကို သေချာစနစ်တကျ ခွဲပြီး ဖော်ပြပေးထားပါတယ်။

ဒိုအာအတိုလေးတွေကို တတ်နိုင်သမျှ အလွတ်ရဖို့ ကြိုးစားမှတ်ယူသင့်ပြီး မှတ်ဖို့ ခက်နေတယ်၊ ဒိုအာကရှည်လို့ မေ့မေ့သွားတယ်ဆိုလည်း ဖုန်းကနေ အလွယ်တကူ ကြည့်ပြီးဖတ်တာမျိုးကို ပြုလုပ်နိုင်ပါတယ်။

အရေးကြီးတဲ့အချက်က ကျွန်မတို့ အမြဲပြောနေသလိုပဲ ပုံမှန်လုပ်နေကြ အပြုအမှုအဖြစ်ကို ပြောင်းလာတဲ့အထိ နေ့စဉ်ရက်ဆက် မပြတ် အချိန်မှန် ဖတ်ဖို့ ကြိုးစားအားထုတ်တဲ့အလေ့အကျင့်ကို လုပ်နေဖို့ပါပဲ။

ဒီလိုဆုမွန်ကောင်းဒိုအာတောင်းရင်းနဲ့ ကောင်းမွန်တဲ့ခံစားမှုတွေကို ပိုင်ဆိုင်လာမှာ အသေအချာပဲမို့ အလေ့အကျင့်လေး တွေ ကို ကြိုးစားပြီး လုပ်သွားကြပါ‌နော်။

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟕 𝐇𝐚𝐛𝐢𝐭 𝐨𝐟 𝐏𝐫𝐚𝐲𝐢𝐧𝐠 𝐒𝐚𝐥𝐚𝐡 𝐨𝐧 𝐓𝐢𝐦𝐞 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟗 𝐒𝐥𝐞𝐞𝐩 𝐰𝐢𝐭𝐡 𝐚 𝐂𝐥𝐞𝐚𝐧 𝐇𝐞𝐚𝐫𝐭