Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟗 𝐒𝐥𝐞𝐞𝐩 𝐰𝐢𝐭𝐡 𝐚 𝐂𝐥𝐞𝐚𝐧 𝐇𝐞𝐚𝐫𝐭


အိပ်ရာဝင်ခါနီးတိုင်း တစ်နေကုန်တနုံ့နုံ့ဖြစ်နေရတဲ့ကိစ္စတွေ၊ နောက်နေ့အတွက် လုပ်စရာတွေ၊ စတဲ့ အတွေးပေါင်း တစ်သိန်းခြောက်သောင်းနှင့် ခေါင်းကိုက်နေကြတုန်းပဲလား။

ဟိုးအရှေ့မှာ ကျွန်မတို့ပြောခဲ့သလိုပဲ အိပ်ယာဝင်ခါနီးပြုလုပ်သင့်တဲ့ အလေ့အကျင့်တွေထဲမှာမှ သန့်စင်ကြည်လင်တဲ့ စိတ်နဲ့အိပ်ရာဝင်ဖို့ အရေးကြီးတယ်ဆိုတာကို အလေ့အကျင့်တစ်ခုအနေနဲ့ ထပ်မံသတိပေးလိုပါတယ်။

မနက်ဖြန်ဆိုတာ မသေချာတဲ့ အရာမို့ တတ်နိုင်သမျှ ကြိုးစားပြီး ကြည်လင်တဲ့စိတ်နဲ့ အိပ်ယာဝင်တဲ့ အလေ့အကျင့်ကို မွေးမြူကြည့်ပါ။

ပြောသလောက်မလွယ်တဲ့ တစ်နေ့တာလုံးမှာ ကြုံခဲ့ရတဲ့ ဆိုးရွားတဲ့ကိစ္စအားလုံးကို နေ့မကူးစေဘဲ မေ့ဖျော်က်နိုင်ဖို့ ကြိုးစားပါ။

သင့်အပေါ်မှားခဲ့တဲ့သူတွေကိုလည်း ကြိုးစားပြီး ခွင့်လွှတ်ပေးပါ။ သူတို့အပြစ်တွေကို မေ့ပြစ်ပါ။

ကိုယ်မှားခဲ့တဲ့အရာတွေအတွက်၊ ပြင်ဆင်လို့မရနိုင်တော့တဲ့ အရာတွေအတွက် ဖန်ဆင်းရှင်ထံ ခွင့်လွှတ်မှုကို တောင်းခံပါ။

အမှားတွေကို အမှန်ပြန်ပြင်နိုင်ဖို့ ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ အိပ်ယာဝင်ပါ။

ဘာကိုမှထပ်မတွေးဘဲ ကြိုပြီး စိတ်ပူပန်မနေဘဲ အရာအားလုံးကို မေ့ဖျောက်ပြီး ကြည်ကြည်လင်လင်အိပ်ယာဝင်တဲ့ အလေ့အကျင့်ကို ကြိုးစားကြည့်ပါ။

ပြန်နိုးလာမဲ့ နောက်မနက်တိုင်းမှာ အားအင်အသစ်၊ စိတ်အသစ် နှင့် အကောင်းမွန်ဆုံး ဖြတ်သန်းသွားနိုင်မှာ အသေအချာဆုံးပါပဲရှင်။ 

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟖 𝐇𝐚𝐛𝐢𝐭 𝐨𝐟 𝐌𝐚𝐤𝐢𝐧𝐠 𝐒𝐮𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟑𝟎 𝐑𝐞𝐦𝐞𝐦𝐛𝐞𝐫𝐢𝐧𝐠 𝐃𝐞𝐚𝐭𝐡